You are currently viewing နှစ်သစ်မှာ Work-Life Balance ဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ

နှစ်သစ်မှာ Work-Life Balance ဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ

  • Post category:Blog / Career

နှစ်သစ်မှာ အောင်မြင်မှုတွေရရှိဖို့အတွက် အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို မျှတအောင် ထိန်းညှိထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ လက်ရှိ အလုပ်အတွက်အချိန်ပေးရသလို ဘဝတိုးတက်မှုနဲ့ အရည်အချင်းတွေ မြှင့်မားလာဖို့ အတွက်လည်း ကိုယ်ပိုင်အချိန်တွေကို အသုံးပြုပြီး သင်တန်းတွေတက်တာနဲ့ အတတ်ပညာ၊ ဘာသာစကား လေ့လာမှုတွေကိုလည်း လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ 

ဒါကြောင့်မို့ အလုပ်ထဲမှာပဲ နှစ်မြုပ်မနေဘဲ Personal Development အတွက် ကိုယ်ပိုင်အချိန်တွေ ပိုထွက်လာအောင် Work-Life Balance လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လက်ရှိ လုပ်နေတဲ့အရာကိုသာ အာရုံစိုက်ပါ

အလုပ်ချိန်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အချိန်ပဲဖြစ်ဖြစ် အထိရောက်ဆုံး အသုံးချဖြစ်ချင်ရင်တော့ လက်ရှိ လုပ်နေတဲ့ ကိစ္စကို အပြည့်အဝ အာရုံထားဖို့လိုအပ်ပါတယ်။ အလုပ်ထဲမှာဆို လက်ရှိလုပ်နေတဲ့ အလုပ်တာဝန်တွေကိုပဲ အာရုံစိုက်ပြီး အခြား အိမ်ကိစ္စတွေ၊ Personal ကိစ္စတွေကို တွေးတောမနေဖို့ လိုပါတယ်။ ဒီလိုပဲ အလုပ်ချိန်ပြင်ပမှာ မိသားစုနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ရှိနေချိန်ဆိုရင်လည်း အလုပ်အကြောင်းတွေ တွေးပြီး ဖိစီးမနေဖို့လိုပါတယ်။ Work လား၊ Life လား၊ နှစ်ခုစလုံး Quality အပြည့်ရနိုင်မှာပါ။

၂။ တစ်ပတ်တာလုပ်ဆောင်မယ့် ကိစ္စလေးတွေကို weekly schedule လေးဆွဲပါ

လာမယ့် ရက်သတ္တပတ်မှာ မိမိအနေနဲ့ လုပ်ချင်တဲ့ ကိစ္စလေးတွေ၊ လုပ်ရမယ့် ကိစ္စလေးတွေကို အချိန်ဇယားလေး ဆွဲကြည့်ပါ။ အလုပ်ချိန်တွေရော၊ မိသားစုအတွက် ပေးမယ့် အချိန်တွေရောပါ ထည့်သွင်းပြီး ကိုယ်လုပ်ချင်တာလေးတွေကို နေရာချကြည့်ပါ။ အလုပ်ချိန်နဲ့ သင်တန်းချိန်တွေ တိုက်နေတာမျိုးတွေ ဒါမှမဟုတ် မိသားစုကို ပေးရမယ့် အချိန်နဲ့ shopping ထွက်တာတို့၊ gym သွားတာတို့လို personal အချိန်တွေ မလွတ်မကင်းဖြစ်နေတာမျိုးတွေကို ကြိုတင်သိရှိပြီး စီစဉ်စရာရှိတာတွေ ကြိုပြီး စီစဉ်လို့ရပါတယ်။ မဟုတ်ရင်တော့ လုပ်စရာ အလုပ် ၂ ခု ၃ ခုလောက် လာဆုံနေပြီး တာဝန်ပျက်ကွက်တာ၊ လစ်ဟင်းတာတွေနဲ့ မိမိကိုယ်ကိုယ် စိတ်ကျေနပ်မှုမရတာတွေ ဖြစ်လာတတ်ပါတယ်။ 

၃။ သင့်ရဲ့ အချိန်ဇယားကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အသိပေးပါ

အထက်ကပြောတဲ့အတိုင်း တစ်ပတ်တာမှာ လုပ်ဆောင်မယ့် ကိစ္စလေးတွေကို အချိန်သတ်မှတ်ပြီးရင်တော့ ကိုယ့်ရဲ့ အချိန်ဇယားကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ပြောပြထားသင့်ပါတယ်။ သာမန်စဉ်းစားရင်တော့ သိပ်အရေးမကြီးဘူးထင်ရပေမယ့် တကယ်တမ်းမှာ အတော်လေး အဆင်ပြေစေမှာပါ။ ကိုယ်က ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်အချိန်ကတော့ အလုပ်ချိန်၊ အတန်းချိန်တွေ ဆိုတာကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက ကြိုတင်သိထားတဲ့အခါ ကိုယ်ပါဝင်ရမယ့် ကိစ္စလေးတွေကျ သူတို့လည်း အဆင်ပြေအောင် စီစဉ်ထားလို့ရပါတယ်။ လစ်ဟင်းမိမှာတွေ မရှိတော့ဘူးပေါ့။

၄။ ကိုယ့်ကိုယ်ကိုယ် စိတ်ရော၊ ခန္ဓာပါ ပြန်လည်အားဖြည့်ဖို့ အချိန်သပ်သပ်ဖယ်ထားပါ

လူငယ်၊ လူလတ်၊ လူကြီး ဘယ်အရွယ်မဆို အလုပ်တာဝန်တွေ ရှိနေပါတယ်။ အားလပ်ချိန်တွေကလည်း အနည်းနဲ့ အများ ရှားပါးကြပါတယ်။ ရှားပါးတဲ့အထဲကပဲ မိသားစုနဲ့ အခြားဗာဟီရလေးတွေကို အချိန်ထပ်ပေးရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့သွားတတ်ပါတယ်။ တကယ်တမ်းကတော့ ကိုယ်ရော၊ စိတ်ပါ ကျန်းမာပြီး အားအင်ပြည့်နေမှသာ မိမိတို့ရဲ့ နေ့စဉ်ဘဝကို ကောင်းစွာဖြတ်သန်းပြီး တာဝန်ဝတ္တရားတွေကိုလည်း ကျေပွန်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးအတွက်နဲ့ စိတ်နဲ့ ခန္ဓာကို အနားပေးဖို့ relax လုပ်ဖို့ အချိန်ကိုလည်း ပထမဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ပြီး အချိန်သပ်သပ် ဖယ်ထားသင့်ပါတယ်။

လုပ်ရမယ့် အချက်လေးတွေက ရိုးရှင်းပေမယ့် အကျိုးရလဒ်ကတော့ အများကြီး ကွာခြားသွားမှာပါ။ အားလုံးပဲ နှစ်သစ်ကို Work-Life Balance ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဖြတ်သန်းရင်း အခွင့်အလမ်းကောင်းတွေ၊ အောင်မြင်မှုတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

၂၀၂၁ အတွက် အထူးအရေးကြီးတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို လေ့လာဆည်းပူးမယ်ဆိုရင်တော့ Wall Street English ရှိတယ်နော်။ အရည်အချင်းမြင့်မားတဲ့ Native Speaker တွေ၊ Personal Tutor တွေနဲ့ တစ်ဦးချင်းအနီးကပ်သင်ယူရမှာဖြစ်သလို Flexible အဖြစ်ဆုံး အတန်းချိန်တွေကြောင့် Work-Life Balance အတွက်လည်း စိတ်မပူရဘူးပေါ့။ 

WSE Hotline: 09 977 001 588 

(WSE International မှ How to Balance Learning, Working & Your Personal Life ဆောင်းပါးကို ဘာသာပြန်ဆို မှီငြမ်းပါသည်။)