အင်္ဂလိပ်စာတိုးတက်ဖို့အတွက် နည်းလမ်း (၁၀)
ကိုယ်ပိုင်မိခင်ဘာသာစကားသင်ယူတတ်မြောက်ဖို့ Listening ကနေစတင်ကြပါတယ်။ အူဝဲလို့အော် ပြီးမွေးဖွားလာကတည်းက ပတ်ဝန်းကျင်အသံတွေကိုစတင်နားစွင့်ပြီးတဲ့နောက် ဖေဖေ၊ မေမေ အစရှိ သည်ဖြင့် တစ်ခွန်းစနှစ်ခွန်းစနဲ့ တီတီတာတာ စတင်ပြောဆိုပါတယ်။ အဲဒီနောက်မှာတော့ စာဖတ်ခြင်း ကိုစတင်သင်ကြားရပြီး စာရေးခြင်းဆီကို လှမ်းကြပါတယ်။ ဘယ်ဘာသာစကားဖြစ်ဖြစ်ဒီလိုပါ ပဲ။ Listening, Speaking, Reading, Writing ကို အစဉ်လိုက်သွားကြရတာပါ။ အင်္ဂလိပ်စာမှာလည်း ဒီလိုပါပဲ။
ဆိုတော့ အင်္ဂလိပ်စာတိုးတက်ဖို့ 4 skills ဖြစ်တဲ့ Listening, Speaking, Reading, Writing တွေကို နည်းလမ်းတကျပြုလုပ်ရမှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းတွေကတော့ အင်္ဂလိပ်စာလေ့လာ လိုသူတွေအတွက်မဖြစ်မနေလုပ်သင့်တဲ့အချက် (၁၀) ချက်ဖြစ်ပါတယ်။
(၁) To music
နားထောင်ခြင်းကနေစတင်ရမှာမို့လို့ သီချင်းတွေကအကောင်းဆုုံးပါပဲ။ အင်္ဂလိပ်သီချင်းဟောင်း၊ သီချင်းသစ် အားလုံးကိုနားထောင်ပါ။ အသံထွက်ကိုအာရုံစိုက်ပါ။ တစ်ခါတစ်ရံမှာ သီချင်းစာသားေ တွကိုလိုက်ဖတ် ပြီးဆိုတာကလည်း သီချင်းကိုအလွယ်တကူနားလည်လွယ် စေပါတယ်။
(၂) To movies
ရုပ်ရှင်ဇာတ်ကားဟောင်းတွေကို အရင်ကြည့်စေချင်ပါတယ်။ အရင်ဆုံးစာတမ်းမထိုးဘဲနဲ့ကြည့်ပါ။ ပြီးမှ မြန်မာစာတမ်းထိုးကြည့်ပါ။ ရုပ်ရှင်ထဲကစကားလုံးတွေကို လိုက်လံမျောပါခြင်းအားဖြင့် နားလည်လွယ် လာပါလိမ့်မယ်။
(၃) Attend events in English
အင်္ဂလိပ်စကားပြောနဲ့ပြုလုပ်တဲ့ဆွေးနွေးပွဲတွေ ပြဇာတ်တွေကိုတက်ပါ။ Wall Street English လို သင် တန်းကျောင်းတွေမှာ အခမဲ့တက်နိုင်တဲ့သင်တန်းတွေရှိတာမို့ Join ကြည့်လို့ရပါတယ်။ အင်္ဂလိပ်လို ပြောတဲ့ပတ်ဝန်းကျင်က သင့်ရဲ့တိုးတက်မှုလမ်းအစထဲမှာအပါအဝင်ပါပဲ။
(၄) Join voiced chats
ဆိုရှယ်မီဒီယာ ဒါမှမဟုတ် အင်္ဂလိပ်ဆိုင်ရာဝက်ဘ်ဆိုက်တွေမှာ အသံနဲ့စမ်းသပ်ကြည့်နိုင်တာတွေ ရှိပါတယ်။ ဒါမှမဟုတ် ရုပ်ရှင်တွေမှာပြောတဲ့စကားလုံးတွေကို လိုက်ပြောကြည့်ပါ။
(၅) Talk and record yourself
ဆိုရှယ်မီဒီယာ ဒါမှမဟုတ် အင်္ဂလိပ်ဆိုင်ရာဝက်ဘ်ဆိုက်တွေမှာ အသံနဲ့စမ်းသပ်ကြည့်နိုင်တာတွေ ရှိပါတယ်။ ဒါမှမဟုတ် ရုပ်ရှင်တွေမှာပြောတဲ့စကားလုံးတွေကို လိုက်ပြောကြည့်ပါ။
နည်းနည်းတော့ရယ်စရာကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ရဲ့အသံကိုဖမ်းကြည့်ပြီးပြန်နား ထောင်ကြည့်စေချင်ပါတယ်။ လုပ်ဖန်များလာတော့ ကျင့်သားရပြီး သင့်အသံဟာ ပီသမှုရှိမရှိ ဘာတွေလိုအပ်နေသလဲဆိုတာ သဲသဲကွဲကွဲသိလာနိုင်ပါလိမ့်မယ်။
(၆) Talk to your classmates
အင်္ဂလိပ်စကားပြောပတ်ဝန်းကျင်တွေဆီကိုသွားပြီး စကားပြောဆိုဖို့ စတင်လေ့ကျင့်ပါ။ အရင်တုန်းက ဆိုရွှေတိဂုံဘုရားကိုသွားပြီး နိုင်ငံခြားသားတွေနဲ့စကားပြောလေ့ကျင့်တာမျိုးခေတ်စားဖူးပါတယ်။ အခု ခေတ်မှာတော့ အင်္ဂလိပ်စကားပြောတဲ့ပတ်ဝန်းကျင်ကတော်တော်များများမှာပေါလာပါပြီ။ ဆိုတော့ ကိုယ့်အတန်းဖော်ဖြစ်ဖြစ် ကိုယ့်မိတ်ဆွေဖြစ်ဖြစ် အချင်းချင်းအင်္ဂလိပ်လိုပြောကြည့်ပါ။
(၇) Books in English
ရုပ်ရှင်တွေလည်းနားလည်စပြုလာပြီ။ စကားပြောလည်းနည်းနည်းပါးပါးရလာပြီဆိုရင်တော့ အင်္ဂလိပ် လိုရေးထားတဲ့စာအုပ်ပါးပါးလေးတွေကိုစတင်ဖတ်ကြည့်စေချင်ပါတယ်။ အလွယ်ဆုံးကလေးစာအုပ် ကနေပြီးဖြည်းဖြည်းချင်းတက်သွားပါ။
(၈) Switch the operating system of your mobile phone, your PC or tablet into English
သင့်ရဲ့ဖုန်းတို့ ကွန်ပျုတာတို့မှာ မြန်မာဖောင့်သုံးနေတာတွေကိုလျှော့ပြီးအင်္ဂလိပ်လိုရေးထားတဲ့ Operating System နဲ့သုံးကြည့်ပါ။ ဥပမာ ATM ထဲက ပိုက်ဆံထုတ်တဲ့အခါမှာတောင်မှ မြန်မာလို Menu အစား အင်္ဂလိပ်လိုဘာသာနဲ့သုံးကြည့်ပါ။
(၉) Write down words or expressions
နားထောင်နိုင်စွမ်း၊ ပြောနိုင်စွမ်း၊ ဖတ်နို်င်စွမ်း နည်းနည်းစီရှိလာပြီဆိုရင်တော့ စကားလုံး တွေအမူ အရာ တွေကိုချရေးကြည့်ပါ။ ကိုယ်ရေးပြီးတဲ့ဝါကျကိုမြင်တဲ့အခါ ဘယ်လိုပိုကောင်း အောင်ရေးရမလဲ ဆိုတာကိုလည်းအလိုလိုသိလာပါလိမ့်မယ်။ ဒိုင်ယာရီရေးတတ်ရင်တော့ ကိုယ့်ရဲ့နေ့ စဉ်မှတ်တမ်းကို အင်္ဂလိပ်လိုရေးကြည့်စေချင်ပါတယ်။
(၁) To music
နားထောင်ခြင်းကနေစတင်ရမှာမို့လို့ သီချင်းတွေကအကောင်းဆုုံးပါပဲ။ အင်္ဂလိပ်သီချင်းဟောင်း၊ သီချင်းသစ် အားလုံးကိုနားထောင်ပါ။ အသံထွက်ကိုအာရုံစိုက်ပါ။ တစ်ခါတစ်ရံမှာ သီချင်းစာသားေ တွကိုလိုက်ဖတ် ပြီးဆိုတာကလည်း သီချင်းကိုအလွယ်တကူနားလည်လွယ် စေပါတယ်။
(၁၀) Write comments
ဆိုရှယ်မီဒီယာတွေမှာ Comment ရေးတာပဲဖြစ်ဖြစ် Post တင်တာပဲဖြစ်ဖြစ် အင်္ဂလိပ်လိုရေးကြည့်ပါ။ လူအများမြင်အောင်ရေးတာမို့ မမှားအောင်ဂရုစိုက်နိုင်သလို ကိုယ်မှားတာရှိရင်လည်းပြင်ပေးမယ့် သူ ငယ်ချင်းတွေတွေ့လာပါလိမ့်မယ်။
ဖော်ပြခဲ့တဲ့ (၁၀) ချက်လုံးကိုခြုံလိုက်ရင်တော့ Practice, Practice, Practice ပဲဖြစ်ပါတယ်။ အင်္ဂလိပ် စာတင်မကပါဘူး။ အခြားဘယ်ဘာသာစကားမဆို ထပ်ခါထပ်ခါလေ့ကျင့်ခြင်းက အကောင်းဆုံးသော သင်ယူခြင်းဖြစ်ပါတယ်။
– ENDS –
Wall Street English ကတော့ Practice makes perfect ဖြစ်အောင် Creative thinking တွေရော ဘာသာစကားနဲ့ပတ်သက်ပြီးကြေညက်မှုရှိအောင်ရော သင်ကြားပေးနေပါတယ်။
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay)
×××××