Improve Your English Skills

Improve Your English Skills

147 views

အင်္ဂလိပ်စကားကြွယ်ဖို့ ဘာတွေလိုအပ်သလဲ

နေရာတိုင်းအတွက် အင်္ဂလိပ်စာကအရေးပါလာပါပြီ။ လုပ်ငန်းခွင်မှာဆိုရင်လည်း အင်္ဂလိပ်လိုပြောတတ် မှ၊ ခရီးသွားရင်ပဲဖြစ်ဖြစ် နိုင်ငံခြားသားနဲ့စကားပြောရင်ပဲဖြစ်ဖြစ် အင်္ဂလိပ်စာတတ်မှ ဆိုတာမျိုးက လက် ရှိအချိန်မှာ အလိုအပ်ဆုံးသောအရာတွေဖြစ်လာပါပြီ။ အင်္ဂလိပ်စကားပြောတတ်ပေမယ့် အင်္ဂလိပ်စ ကားကြွယ်ဝဖို့က သိပ်လွယ်ကူတဲ့အချက်တော့မဟုတ်ပါဘူး။ ဒီအချက်တွေကတော့ အင်္ဂလိပ်စကားလုံး ကြွယ်ဝဖို့ အထိရောက်ဆုံးသောနည်းလမ်းတွေဖြစ်ပါတယ်။
ဝေါဟာရတွေကြွယ်ဝဖို့ဆိုတာ အင်္ဂလိပ်စာသင်ကြားရေးမှာ အဓိကကျတဲ့အချက်တစ်ခုလည်းဖြစ်ပါ တယ်။ ဒီနည်းလမ်းတွေကိုကြိုးစားကြည့်စေချင်ပါတယ်။

၁) အင်္ဂလိပ်စကားလုံးတွေနဲ့ ရင်းရင်းနှီးနှီးနေပါ

ဥပမာအားဖြင့် ကိုယ်မသိတဲ့စကားလုံးတစ်လုံးကို မြန်မာ Dictionary ကြည့်မယ့်အစား အင်္ဂလိပ် အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်တဲ့ အင်္ဂလိပ် Dictionary ကြည့်ကြည့်ပါ။ ဒီနည်းလမ်းက စကားလုံးတွေကိုပိုပြီး မှတ်မိလွယ်စေလို့ပါပဲ။ www.Idoceonline.com လိုမျိုး အွန်လိုင်းအင်္ဂလိပ်အဘိဓါန်က ဒီနည်းလမ်း အတွက်အထောက်အကူအများကြီးပေးပါလိမ့်မယ်။

(၂) သံတူကြောင်းကွဲစကားလုံးတွေကိုမှတ်ထားပါ

စကားလုံးအသစ်တစ်လုံးရပြီဆိုရင် သူနဲ့သံတူကြောင်းကွဲစကားလုံးကိုရှာပြီးတွဲမှတ်တဲ့အလေ့အထ လုပ်စေချင်ပါတယ်။ သံတူကြောင်းကွဲစကားလုံးတွေဟာ အင်္ဂလိပ်စာလေ့လာရေးမှာ ရာနှုန်းတော်တော် များများအထောက်အကူပြုတာတွေ့ရပါလိမ့်မယ်။

(၃) မြန်မာလိုသုံးနေတဲ့နေရာမှာ အင်္ဂလိပ်လိုအစားထိုးပါ

ဖုန်းမှာပဲဖြစ်ဖြစ် အခြားဆိုရှယ်မီဒီယာသုံးတဲ့အခါဖြစ်ဖြစ် မြန်မာလိုရေးနေပြောနေမယ့်အစား အင်္ဂလိပ် လိုစတင်ပြောဆိုကြည့်ပါ။ ငြင်းခုံပြောဆိုခြင်းက စကားကြွယ်ခြင်းရဲ့အစလည်းဖြစ်ပါတယ်။ ဒါကြောင့် စကားများများပြောဖို့ မြန်မာလိုသုံးတဲ့နေရာမှာ အင်္ဂလိပ်လိုအစားထိုးသုံးကြည့်ဖို့ မမေ့ပါနဲ့။

(၄) အင်္ဂလိပ်စာတစ်ပိုဒ် နေ့စဉ်ဖတ်ပါ

တိုင်းလူတိုင်းက အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်၊ စာစောင်တွေကို ဖတ်ချင်မှာတော့မဟုတ် ပါဘူး။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာပါဝင်တဲ့ အင်္ဂလိပ်စာတစ်ပိုဒ်ကို နေ့တိုင်းဖတ် နိုင်အောင်ကြိုးစားပါ။ စာဖတ်ခြင်းဟာ စကားကြွယ်ခြင်းရဲ့အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ အနည်း ဆုံးတော့ အွန်လိုင်းပေါ်မှာရေးထားတဲ့ စိတ်ဝင်စားဖွယ်ရာသတင်းတစ်ပုဒ်လောက်တော့ဖတ်ဖြစ်အောင် ကြိုးစားစေချင်ပါတယ်။

(၅) စိတ်ဝင်စားစရာအကြောင်းအရာကို ရှာပါ

ကိုယ်ကြိုက်တဲ့မင်းသား၊ မင်းသမီး၊ အဆိုတော် တစ်ယောက်ယောက်ရဲ့သတင်း၊ အတင်းတွေကို အွန် လိုင်းပေါ်မှာ ရှာဖွေဖတ်တာမျိုး၊ သူတို့ရဲ့သတင်းကိုကြည့်တာမျိုးက အင်္ဂလိပ်စာနဲ့လက်ပွန်းတတီးဖြစ် ဖို့ အခွင့်အလမ်းပါပဲ။ ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို အင်္ဂလိပ်လိုရှာဖတ်စေချင်ပါတယ်။

(၆) စကားလုံးတွေကို အစုလိုက်ဖွဲ့ထားပါ

အကြောင်းအရာဆက်နွယ်တဲ့စကားလုံးလေးတွေကို အစုလိုက် အစုလိုက်ဖွဲ့ထားပြီးမှတ်သားထားပါ။ ဥပမာအားဖြင့် မီးဖိုချောင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အိုး၊ ရေခဲသေတ္တာ၊ ပန်းကန် အစရှိတဲ့မီးဖိုချောင် သုံးပစ္စည်းတွေကို မှတ်သားထားတာမျိုးပေါ့။

(၇) အင်္ဂလိပ်နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ပါ

အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Event တွေ အစည်းအဝေးတွေ Fun Activities တွေမှာပါဝင်ဖြစ်အောင် ပါဝင်ပါ။ Wall Street English မှာ အပတ်စဉ် လစဉ်ပြုလုပ်နေကျ အခမဲ့ Fun Activities တွေမှာလည်း ပါဝင်နိုင်ပါတယ်။

– ENDS –

ဒီလိုပါဝင်ခြင်းအားဖြင့် အင်္ဂလိပ်စကားပြောစွမ်းရည်၊ စကားလုံးကြွယ်ဝမှုတွေတိုး တက်စေမှာပါ။
သင့်ရဲ့အနာ ဂတ်အင်္ဂလိပ်စာအတွက် ဒီဖုန်းတွေကိုဆက်သွယ်နိုင်ပါတယ်။

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay)

Improve Your English Skills

Improve Your English Skills

115 views

Close Menu