သင့်ကုမ္ပဏီအတွက် လုပ်ငန်းသုံးအဂၤလိပ္စာ သင်တန်းများ
Wall Street English က သင့်ကုမ္ပဏီကို ဘယ်လိုမျိုး ကူညီပေးနိုင်မလဲ
ကမ္ဘာ့စီးပွားရေးဟာ အဂၤလိပ္ဘာသာစကားအပေါ် အခြေတည်ပါတယ်။ သင့်လုပ်ငန်းကို ကမ္ဘာတစ်ဝန်း ယှဉ်ပြိုင်နိုင်စွမ်းရှိစေချင်ရင် နေ့စဉ်လုပ်ငန်းပိုင်းမှာ အဂၤလိပ္စာကို ယုံကြည်မှုရှိရှိအသုံးပြုနိုင်တဲ့ ဝန်ထမ်းအဖွဲ့ရှိဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ပုံမှန်လည်ပတ်နေတဲ့ နေ့ရက်တွေအတွင်း အဂၤလိပ္ဘာသာစကားသင်ခန်းစာတွေအတွက် အချိန်ရှာရတာဟာ ခက်ခဲနိုင်ပါတယ်၊ သင်တန်းတွေအားလုံးကလည်း သင်အမှန်တကယ်လိုအပ်တဲ့ ဘာသာစကားပုံစံမျိုးကို သင်ကြားပေးနိုင်တာမဟုတ်ပါဘူး။ Wall Street English မှာ ကျွန်တော်တို့ရဲ့အတိုင်ပင်ခံတွေဟာ သင်နဲ့ညှိနှိုင်းပြီးတော့ သင့်ကုမ္ပဏီနဲ့ ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီသလို သင်သုံးချင်တဲ့ ငွေပမာဏနဲ့လည်း ကိုက်ညီမယ့် အဂၤလိပ္စာသင်တန်းတစ်ခုကို စီမံရေးဆွဲပေးပါလိမ့်မယ်။
ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်သလဲ
ကျွန်တော်တို့ရဲ့သင်တန်းတွေဟာ လိုအပ်သလိုပြောင်းလဲဖို့ အင်မတန်လွယ်ကူပြီး သင့်ကုမ္ပဏီရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အလွယ်တကူစီမံပေးလို့ရပါတယ်။ ကျွန်တော်တို့ရဲ့အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုခြင်းအားဖြင့် သင့်ဝန်ထမ်းတစ်ဦးချင်းရဲ့အဂၤလိပ္ဘာသာစကားကျွမ်းကျင်မှုအဆင့်အတန်းနဲ့ ကျွန်တော်တို့ရဲ့အဆင့်ပြဇယားတွေမှာ ဘယ်နေရာမှာရှိကြတယ် ဆိုတာကို အကဲဖြတ်သတ်မှတ်ပါမယ်။ ပြီးရင် သင်တန်းတွေကို သူတို့တစ်ယောက်ချင်းစီရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ရေးဆွဲပေးပါမယ်။ သင်တန်းကာလတစ်လျှောက်လုံးမှာ သင်တို့ရဲ့တိုးတက်မှုအခြေအနေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်စစ်ဆေးပေးမှာဖြစ်ပြီး သင်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေရောက်ရှိစေဖို့ အာမခံပေးမှာပါ။ သင့်အနေနဲ့ သင်ခန်းစာတစ်ခုခုကို လွတ်သွားတယ်ဆိုရင် ကျွန်တော်တို့ပြန်လည်စီစဉ်ပေးပါတယ်။ လေ့လာသင်ယူမှုပိုင်းမှာ နောက်ကျကျန်နေတယ်ဆိုရင်လည်း အမှီလိုက်နိုင်စေဖို့ အစီအမံရေးဆွဲပေးပါတယ်။ သင့်ဝန်ထမ်းတွေက အခုမှစတင်လေ့လာမှာပဲဖြစ်ဖြစ် အဆင့်မြင့်ကျွမ်းကျင်ပြီးသားပဲဖြစ်ဖြစ် WSE မှာ သင့်တော်မှန်ကန်တဲ့ သင်တန်းတွေ ရှိနေမှာပါ။
လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
- သင် လေ့လာချင်တဲ့အချိန်မှာ
- လေ့လာချင်တဲ့နေရာမှာ
- လေ့လာချင်တဲ့ အကြိမ်အရေအတွက်အတိုင်း
ကျွန်တော်တို့ရဲ့သင်တန်းဟာ သင်တို့လိုအပ်မယ့် အရေးကြီးတဲ့ လုပ်ငန်းပိုင်းဆိုင်ရာစွမ်းရည်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။
- စေ့စပ်ညှိနှိုင်းမှုစွမ်းရည်
- အစည်းအဝေးနှင့် ကွန်ဖရင့်ဖုန်းခေါ်ဆိုမှုများ
- ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အပြန်အလှန်ပြောဆိုခြင်း
- ရှင်းလင်းတင်ပြမှုများ
- လုပ်ငန်းပိုင်း email နှင့် စာအပေးအယူများ
- ယဉ်ကျေးမှုဓလေ့ထုံးစံများအား သိရှိနားလည်မှု
ဘယ်လိုအလုပ်လုပ်သလဲ
Wall Street English ဟာ သင့်ကုမ္ပဏီမှာ သင်ရွေးချယ်တဲ့ နေ့ရက်နဲ့ အချိန်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတစ်ကျောင်းမှာ သင့်ရဲ့အချိန်ဇယားနဲ့ကိုက်ညီမယ့် အချိန်တစ်ခုမှာပဲဖြစ်ဖြစ် ရွေးချယ်စရာ အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းသင်ခန်းစာတွေ အမျိုးမျိုးကို သင်ကြားပေးနိုင်ပါတယ်။

ကုမ္ပဏီတွင်း လေ့လာသင်ယူမှု
အဂၤလိပ္စာလေ့လာသင်ယူမှုကို သင့်ကုမ္ပဏီရဲ့အချိန်ဇယားအတွင်းမှာပဲ ထည့်သွင်းရေးဆွဲထားမှာဖြစ်ပြီး အဲဒီသင်ကြားရေးကို သင့်အနေနဲ့ နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာတွေထဲကတစ်ခုအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာတွေကိုတော့ Online ကနေ ဘယ်အချိန်မှာမဆို ပြီးစီးအောင်သင်ယူနိုင်ပြီး ကျွန်တော်တို့ရဲ့အရည်အချင်းမြင့်မားတဲ့ ဆရာတွေကလည်း သင့်လုပ်ငန်းဆီကို သင်တန်းပို့ချဖို့ လာရောက်ပေးမှာပါ။ ဝန်ထမ်းတွေကို ရုံးခန်းထဲမှာပဲထားဖို့လိုတဲ့ လုပ်ငန်းတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

သင်တန်းကျောင်းတွင်း လေ့လာသင်ယူမှု
သွားလာရလွယ်ကူတဲ့ သင်တန်းကျောင်းတည်ရှိရာနေရာတွေမှာ စွဲငြိစေမယ့် သင်ယူလေ့လာမှုအတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သင်ခန်းစာတွေကို သင်တန်းကျောင်းတွေမှာ လာရောက်သင်ယူနိုင်သလို Online ကနေလည်း သင်ယူနိုင်ပါတယ်။ ကျောင်းမှာလာတက်ရမယ့် သင်တန်းတွေကို အလုပ်များသူတွေရဲ့လူနေမှုပုံစံနဲ့ ကိုက်ညီအောင် စီမံပေးထားပါတယ်။ ဝန်ထမ်းတွေကို စွဲမက်တွယ်ငြိစရာအတွေ့အကြုံမျိုး ပေးစွမ်းချင်တဲ့ ကုမ္ပဏီတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်

တစ်ဦးချင်းလေ့လာသင်ယူသူ
ကျွန်တော်တို့ရဲ့အရည်အချင်းမြင့်မားတဲ့၊ အဂၤလိပ္စကားကို မိခင်ဘာသာစကားလို ပြောဆိုနိုင်တဲ့ ဆရာတွေကနေ အလုပ်များတဲ့အမှုဆောင်တွေကို တစ်ဦးချင်းလမ်းညွှန်သင်ကြားပေးခြင်း။ ဒါဟာ အရေးကြီးအဆင့်ရှိ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့တစ်ဦးချင်းအလိုက် လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း တချိန်တည်းမှာ သူတို့ရဲ့လုပ်ငန်းပိုင်းတာဝန်သတ်မှတ်ချက်တွေကိုပါ အောင်မြင်စွာထမ်းဆောင်နိုင်မယ့် သင်ယူလေ့လာရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Wall Street English ရဲ့Market Leader
Market Leader ဆိုတာဟာ ကမ္ဘာပေါ်မှာလူသိအများဆုံး လုပ်ငန်းသုံးဘာသာစကားအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းအသိအမှတ်ပြုထားတဲ့ ဥရောပဘာသာစကားများအတွက် ဘုံရည်ညွှန်းမူဘောင် (CEFR) နဲ့ ကိုက်ညီပါတယ်။ အဲဒီအစီအစဉ်ကနေ ကျွန်တော်တို့ဟာ နည်းပြတွေဦးဆောင်တဲ့၊ ရောနှောပေါင်းစပ်ထားတဲ့နည်းလမ်းကိုသုံးတဲ့ သင်တန်းတွေကို အဆင့်၈ဆင့်နဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို သင်ကြားပေးပါတယ်။ အဲဒီသင်တန်းတွေဟာ သင့်ဝန်ထမ်းတွေကို စီးပွားရေးလောကနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို The Financial Times တို့လို စာရွက်စာတမ်းတွေသုံးပြီးတော့ ကမ္ဘာတစ်ဝန်းလက်ခံထားတဲ့ စံနှုန်းတွေနဲ့အညီ သင်ကြားလေ့ကျင့်ပေးမှာပါ။
သင်ကြားပေးမယ့်ခေါင်းစဉ်တွေက
- ဝယ်ယူခြင်းနှင့် ရောင်းချခြင်း
- လူများကို စီမံခန့်ခွဲခြင်း
- ကျင့်ဝတ်
- ပေါင်းစည်းမှုနှင့် ဝယ်ယူသိမ်းပိုက်မှုများ
- ဖုန်းဖြင့်စည်းရုံးသိမ်းသွင်းခြင်း စွမ်းရည်
- အင်တာဗျူးစွမ်းရည်
- ရှင်းလင်းတင်ပြမှုစွမ်းရည်
- စေ့စပ်ညှိနှိုင်းခြင်း
- စီးပွားရေးနှင့်သက်ဆိုင်သော လှုပ်ရှားမှုမြောက်များစွာ
အဲဒီလို နည်းပြဦးဆောင်တဲ့ သင်တန်းတွေရဲ့အဆင့်၈ဆင့်မှာ အဆင့်တိုင်းဟာ မိနစ်၉၀စာ အတန်းပေါင်းသုံးဆယ် ပါဝင်ပြီးတော့ သင့်လိုအပ်ချက်တွေအပေါ်မူတည်ပြီး သင့်ကုမ္ပဏီမှာ တစ်ပတ်ကိုတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သင်ကြားပေးမှာဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေကို အကောင်းဆုံးသော သင်ယူလေ့လာမှုအတွေ့အကြုံ ပေးစွမ်းနိုင်ဖို့အတွက် သင်တန်းတွေဟာ ရှင်းလင်းတိကျတဲ့ သင်ရိုးကို လိုက်နာထားပြီး အောက်ပါတွေပါဝင်ပါတယ်
- The Financial Times နဲ့ တခြားစစ်မှန်တဲ့အရင်းအမြစ်တွေဆီက ရယူထားတဲ့ ဖတ်စာတွေ
- စီးပွားရေးရဲ့ကမ္ဘာအနှံ့ကျယ်ပြန့်တဲ့ သဘောတရားကို ထင်ဟပ်စေမယ့် လုပ်ငန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ
- မရှိမဖြစ်အရေးပါတဲ့ စီးပွားရေးပိုင်းဆက်သွယ်ပြောဆိုမှု စွမ်းရည်တွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို သိရှိနားလည်ဖို့ အာရုံစိုက်ခြင်း
- ကျယ်ပြန့်စုံလင်သော စကားပြောဆိုဆွေးနွေးမှု လေ့ကျင့်ခန်းများ
ဒီနေ့ပဲ စတင်လေ့လာချင်ပါသလား။
ပံ့ပိုးကူညီမှုရှိတဲ့ ပတ်ဝန်းကျင်မှာ အဂၤလိပ္စာလေ့လာဖို့ အကောင်းဆုံးအခွင့်အလမ်းကို ကျွန်တော်တို့သင်တန်းက ပေးစွမ်းနိုင်ပါတယ်။ ပျော်စရာကောင်းပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ လေ့လာမှုတွေအပေါ် အခြေခံထားတဲ့ ကျွန်တော်တို့ရဲ့သင်ရိုးညွှန်းတမ်းကို အကောင်းဆုံးအသုံးချလိုက်ပါ။