Wall Street English မှ အလုပ်အကိုင်အခွင့်လမ်းများ
Wall Street English မှာ ဘာကြောင့်အလုပ်လုပ်သင့်တာလဲ

ပျော်ပျော်ရွှင်ရွှင်နှင့် အလုပ်လုပ်ရခြင်း
ဝန်ထမ်းတွေက သူတို့ရဲ့အလုပ်ခွင်မှာပျော်နေရင် တာဝန်တွေပိုမိုစွမ်းဆောင်လုပ်ကိုင်နိုင်ပြီး အောင်မြင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်။ Wall Street English မှာ ဝန်ထမ်းတွေအတွက်ရော ကျောင်းသားတွေအတွက်ပါ ပျော်စရာကောင်းတဲ့ ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးထားပါတယ်။ အချက်အပြုတ်အတန်း၊ ဝိုင်အရသာမြည်းစမ်းကြည့်ရတဲ့အတန်း ဒါမှမဟုတ် အဂၤလိပ္ လိုသာသီးသန့်ပြောတဲ့ ကျောင်းမှာရှိတဲ့သင်တန်းသားတွေနဲ့ အလွတ်သဘော စကားစမြည်ပြောတာဘဲဖြစ်ဖြစ် ရုပ်ရှင်သွားကြည့်တာဘဲဖြစ်ဖြစ် ပျော်ဖို့ကောင်းတဲ့ ပေါင်းသင်းဆက်ဆံမှုအတန်းတွေကိုလည်း သင့်အနေနဲ့ ဦးဆောင်စီစဉ်ပေးနိုင်ပါတယ်။ နောက်ပြီး သင့်အနေနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ Wall Street English ကျောင်းတွေက ဝန်းထမ်းတွေနဲ့လည်း ချိတ်ဆက်ပူပေါင်းလုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့က အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေ အမှန်တကယ်ပျော်ရွှင်အောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် အဂၤလိပ္ စာသင်ကြားနေသူတွေ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင်လည်း ကူညီလုပ်ဆောင်ပေးပါတယ်။

ထူးခြား၍သူမတူသောနည်းဖြင့် သင်ကြားပေးခြင်း
Wall Street English မှာအလုပ်လုပ်ရင် ကျွန်တော်တို့ရဲ့သင်ကြားပြသပေးတဲ့နည်းစနစ်တွေက သင် လိုအပ်တာကို အပြည့်အစုံထောက်ပံ့ပေးထားတာမို့ ကျောင်းသားတွေရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိပြည့်မီအောင် ကူညီနိုင်မှာဖြစ်ပါတယ်။ တခြားကျောင်းတွေနဲ့မတူတာက Wall Street English ကျောင်းသားတွေဟာ အင်မတန်ကို စိတ်အားတက်ကြွပြီး ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သေချာရှင်းလင်းစွာသိကြပါတယ်။ ကျောင်းသားတွေက အတန်းကို လာရောက်နိုင်ပြီး အကောင်းဆုံးတွေကို ပေါင်းစပ်ထားတဲ့ လေ့လာသင်ယူမှုအစီအစဉ်တွေကြောင့် အဂၤလိပ္စာကို ပြင်ဆင်ပြီးအသင့်အနေအထား အိမ်မှာလည်း လေ့လာနိုင်ပါတယ်၊ ပြီးရင် သူတို့အနေနဲ့ ဘာတွေသင်ယူခဲ့သလဲ ဆိုတာကို အတန်းထဲမှာ လက်တွေ့သရုပ်ပြနိုင်ပါတယ်။ ကျွန်တော့်ဆီမှာလေ့လာသင်ယူနေတဲ့သူတွေက သေချာကြိုးစားပြီး စိတ်အားထက်သန်မှုအပြည့်ရှိပါတယ်၊ သူတို့ကို ကျွန်တော်တို့ရဲ့နည်းလမ်းနဲ့ ပေါင်းစပ်သင်ကြားလိုက်တဲ့အခါ သင့်ရဲ့အလုပ်ကို အများကြီးလွယ်ကူသက်သာစေမှာပါ။

သက်ဝင်လှုပ်ရှားနေတဲ့ သင်တန်းကျောင်းပတ်ဝန်းကျင်
ကျွန်တော်တို့ရဲ့ထူးခြားတဲ့ သင်တန်းကျောင်းတွေက သင့်ကို နွေးထွေးပွင့်လင်းတဲ့ပတ်ဝန်းကျင်မှာ ကျောင်းသားတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပူပေါင်းဆောင်ရွက်လုပ်ဆောင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ကျွန်တော်တို့ စာသင်ခန်းတွေက ကျောင်းသားအနည်းငယ်နဲ့သာ သင်တဲ့အတွက် သင့်အနေနဲ့ ကိုယ့်တာဝန်ယူပေးထားရတဲ့ကျောင်းသားတွေကို ပိုမိုထိတွေ့ပြောဆိုဆွေးနွေးပေးလို့ရပါမယ်။ ကျွန်တော်တို့မှာ လူမှုဆက်ဆံရေးတိုးတက်စေဖို့ ဖန်တီးပေးထားတဲ့ ကဏ္ဍတွေများစွာရှိတာကြောင့် ကျောင်းသားတွေနဲ့အတူ အလွတ်သဘော အဂၤလိပ္လို ထိတွေ့ပြောဆိုဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ ကျောင်းတွေမှာ ပျော်ရွှင်စရာ စိတ်ဝင်စားစရာအစီအစဉ်တွေနဲ့ အမြဲသက်ဝင်လှုပ်ရှားနေတဲ့အတွက် သင့်အနေနဲ့ ပျင်းစရာကောင်းလိုက်တာဆိုတဲ့အချိန် ခဏတောင်ရှိမှာမဟုတ်ပါဘူး။

ရာထူးတိုးတက်နိုင်တဲ့ အခွင့်အလမ်းများစွာ
ကျွန်တော်တို့မှာ ရာထူးတိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေများစွာရှိပါတယ်။ သင့်အနေနဲ့ ကျောင်းရဲ့ စီမံခန့်ခွဲမှုပိုင်းအဆင့်ကို တိုးမြှင့်တက်လှမ်းနိုင်ပြီးတော့ တစ်နိုင်ငံလုံးအဆင့် စီမံခန့်ခွဲရတဲ့ ရုံးခန်းနေရာအဆင့်ထိတောင် တက်လှမ်းနိုင်ပါတယ်။ နောက်ပြီး သင့်အနေနဲ့ ခရီးသွားလာလည်ပတ်နိုင်တဲ့အခွင့်အရေး ရရှိမှာဖြစ်ပြီး တခြား ကျွန်တော်တို့ရဲ့ကွန်ရက်အတွင်းက နိုင်ငံတကာကျောင်းတွေမှာလည်း ရွှေ့ပြောင်းပြီး သင်ကြားပေးနိုင်ပါတယ်။ ဒါကြောင့် အဂၤလိပ္ဘာသာစကားသင်ကြားပေးရင်းနဲ့ နိုင်ငံတကာကို ခရီးသွားလည်ပတ်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါတယ်။ ဒါကြောင့် အလုပ်အကိုင်ရာထူးတိုးတက်ရေးအတွက် အခွင့်အလမ်းပေါင်းများစွာကို ရရှိသေချာစေပါတယ်။ ကျွန်တော်တို့ဆီမှာ အရင်က ဆရာအဖြစ်လုပ်သွားသူတွေထဲက တစ်ယောက်ဆို Wall Street English International မှာ Chief Operating Officer အဆင့်ထိ ရာထူးတိုးမြှင့်ထမ်းဆောင်သွားခဲ့ဖူးပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းဖြစ်ခြင်း
Wall Street English က ပြည်တွင်းရော နိုင်ငံတကာမှာပါ ကျောင်းတွေ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ Wall Street English မှာအလုပ်လုပ်မယ်ဆိုရင် တစ်ကမ္ဘာလုံးဖြန့်ကျက်ထားတဲ့အဖွဲ့အစည်းကြီးရဲ့တစ်စိတ်တစ်ဒေသအဖြစ် လူတွေရဲ့အနာဂတ်ကို အဂၤလိပ္ဘာသာစကားနဲ့ပြောင်းလဲအောင်လုပ်ဖို့ ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ကမ္ဘာတစ်ဝန်းက တခြားဝန်ထမ်းတွေနဲ့ချိတ်ဆက်လုပ်ကိုင်နိုင်ပြီး သူတို့ရဲ့အားပေးကူညီမှု၊ ထောက်ပြလမ်းညွှန်မှုတွေလည်း ရရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာ့ကွန်ရက်က သင့်ကို အခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်စေပြီးတော့ သင့်ရဲ့ကမ္ဘာကြီးကို ရှာဖွေစူးစမ်းလိုတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ Wall Street English မှာ အလုပ်လာလုပ်ရင် ပြည်တွင်းကျောင်းတွေမှာဆို မိသားစုနဲ့မခြား ရင်းနှီးစည်းလုံးတဲ့ပတ်ဝန်းကျင်တစ်ခုကို ရရှိမှာဖြစ်ပြီး တခြားနိုင်ငံတကာကျောင်းတွေကနေ ထပ်ဆောင်းအကူအညီကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာလာရောက်လုပ်ကိုင်ခြင်းဖြင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ
ကျွန်တော်တို့က ဝန်ထမ်းတွေအတွက် တကယ်အားစိုက်ဆောင်ရွက်ပေးထားပါတယ်။ကျွန်တော်တို့ဝန်ထမ်းတွေကို အများနဲ့တန်းတူ လစာခံစားခွင့်တွေနဲ့ တကယ်ကို တန်ဖိုးရှိ အကျိုးရှိစေမယ့် အစီအစဉ်တွေကိုဖန်တီးပေးရတာ ကျွန်တော်တို့အနေနဲ့လည်း ဂုဏ်ယူပါတယ်။ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေထဲမှာ ပြည်တွင်းပြည်ပ တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်တွေ ပါဝင်ပါတယ်။ ကျွန်တော်တို့က သင့်တိုးတက်ရေးအတွက် အမှန်တကယ်လုပ်ဆောင်ပေးမယ့် အလုပ်ရှင်တွေဖြစ်ပါတယ်။