အကောင်းဆုံးအတွက် ရင်းနှီးမြှုပ်နှံပါ
ကျွန်တော်တို့ရဲ့သင်တန်းတွေဟာ လူတစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် စီမံထားတာပါ။ ဒါကြောင့် ကျွန်တော်တို့ website မှာ သင်တန်းကြေးတွေကိုပြထားဖို့ မဖြစ်နိုင်ပါဘူး။ သင်တန်းကြေးတွေက တပြေးညီမရှိနိုင်လို့ပါ။ ဒါပေမယ့် သင့်အနေနဲ့ ဈေးနှုန်းအဆိုပြုချက်တစ်ခု ရရှိနိုင်ဖို့ ကျွန်တော်တို့ တော်တော်လေးရိုးရှင်းအောင် စီစဉ်ပေးထားပါတယ်။ အကောင်းဆုံးသောတန်ဖိုးကိုလည်း ကျွန်တော်တို့ပေးစွမ်းမှာပါ။ ကျွန်တော်တို့ရဲ့နည်းလမ်းဟာ သင့်ကို အောင်မြင်စွာတတ်မြောက်ဖို့ အာမခံချက်နဲ့အတူ အဂၤလိပ္စာသင်ကြားပေးနိုင်ပြီး ဒီလိုမဟုတ်ရင် ပြန်အမ်းငွေပေးသွားမှာပါ။
အဂၤလိပ္စာလေ့လာသင်ယူခြင်းကနေ ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်
အဂၤလိပ္စာလေ့လာသင်ယူခြင်းဟာ အခွင့်အလမ်းတွေဆောင်ကျဉ်းပေးနိုင်တာကြောင့် အမြဲတမ်းသင်ယူရကျိုးနပ်ပါတယ်။
– အလုပ်ရှင်တွေရဲ့၉၂%က အဂၤလိပ္စာသင်ယူခြင်းဟာ ကိုယ့်ရဲ့အလုပ်ခွင်တွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်ပြီး အဂၤလိပ္စကားပြောနိုင်သူတွေဟာ တစ်နှစ်ကိုပျမ်းမျှ ဒေါ်လာ၅၀၀၀ ပိုမိုရရှိကြတယ်လို့ ဆိုပါတယ်။
– အဂၤလိပ္စကားကျွမ်းကျင်ခြင်းအားဖြင့် နိုင်ငံတကာမှာခရီးသွားတဲ့အခါမှာလည်း အများကြီးပိုလွယ်ပြီး ပိုပျော်စရာကောင်းမှာပါ။
– အင်တာနက်က စာသားအကြောင်းအရာတွေရဲ့တစ်ဝက်ကျော်ဟာ အဂၤလိပ္ဘာသာနဲ့ရေးသားထားတာဖြစ်လို့ ကမ္ဘာပေါ်က သတင်းအချက်အလက်တွေကိုလည်း သင် အများကြီးပိုမိုပြီး ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
တန်ဖိုးအမြင့်ဆုံးသော သင်တန်းအတွက် ရင်းနှီးမြှုပ်နှံပါ
သင့်ရဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး ကျွန်တော်တို့က သင်တန်းကြေးကိုသတ်မှတ်ပေးပါတယ်။ အဲဒါကြောင့် သင့်ရဲ့ရင်းနှီးမြှုပ်နှံမှုက သေချာပေါက်အောင်မြင်စေရမယ်လို့ ကျွန်တော်တို့အာမခံနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ လက်တွေ့သက်သေပြထားပြီးသား နည်းစနစ်တွေက သင့်ရဲ့အဂၤလိပ္စကားပြောဆိုခြင်းဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်တွေကို သင့်မှာရရှိတဲ့အချိန်နဲ့ ကိုက်ညီမယ့်အရှိန်နှုန်းတစ်ခုနဲ့ ရောက်ရှိနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
ကျွန်တော်တို့သင်တန်းကြေးဘယ်လိုတွက်သလဲ
သင်တက်မယ့်သင်တန်းအတွက် သင်တန်းကြေးကုန်ကျစရိတ်ဟာ သင့်ရဲ့လက်ရှိအဂၤလိပ္စာကျွမ်းကျင်မှု အဆင့်အတန်းနဲ့ သင်လိုချင်တဲ့အဆင့်အတန်းတို့ကြားက ကွာဟချက်အပေါ် မူတည်ပါတယ်။ ဥပမာ ခုမှစလေ့လာမယ့်သူတစ်ယောက်ကို IELTS အဆင့်အထိရောက်အောင် ဆွဲတင်ရတာက အဂၤလိပ္လိုနည်းနည်းပြောတတ်ပြီးသူတစ်ယောက်ထက် ပိုပြီးကုန်ကျမှာပါ။
သင့်ကို ကုန်ကျစရိတ်အတိအကျ တွက်ချက်ပြနိုင်ဖို့အတွက် ကျွန်တော်တို့က သင့်ရဲ့လက်ရှိကျွမ်းကျင်မှုကို အကဲဖြတ်သုံးသပ်ပေးပါမယ်။ သင့်ရဲ့လေ့လာသင်ယူမှုဆိုင်ရာ ရည်မှန်းချက်၊ လိုအပ်ချက်တွေနဲ့ကိုက်ညီမယ့် သင်တန်းကို စီမံဖန်တီးပေးမှာပါ။
အောင်မြင်မှုအတွက် အာမခံတယ်
သင့်ရဲ့ရည်မှန်းချက်တွေ ပြည့်မြောက်လိမ့်မယ်လို့ ကျွန်တော်တို့ အာမခံချက်တစ်ခုကို ပေးအပ်ထားပါတယ်။