သင့်ကလေးရဲ့ အင်္ဂလိပ်စာတိုးတက်ဖို့ ဘာကြောင့် ပြင်ဆင်ပေးသင့်တာလဲ
လူငယ်တွေအတွက် အင်္ဂလိပ်စာက မရှိမဖြစ်အရေးပါလာပါပြီ။ ကလေးတွေအတွက်ကော အင်္ဂလိပ်စာ က ဘာလို့အရေးမကြီးရတာပါလဲ။ လက်ရှိခေတ်မှာတော့ ကလေးတွေရဲ့အနာဂတ်အတွက် အင်္ဂလိပ်စာက မရှိမဖြစ်အရေးပါလာပါတယ်။ ပညာအမွေပေးခြင်းက အကောင်းဆုံးလို့ယူဆထားရင် တော့ ဒီအချက် တွေက အင်္ဂလိပ်စာသင်ကြားစေဖို့ အာမခံပေးနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။
(၁) လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာသည် အခရာ
ဒီနေ့ခေတ် အလုပ်ခေါ်စာတွေကိုကြည့်ပါ။ အင်္ဂလိပ်စာလိုအပ်ချက်အနည်းနဲ့အများပါဝင်နေကြတာချည်း ပါပဲ။ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲဲ့ဝန်ထမ်းတွေကို နိုင်ငံတကာနဲ့ဆက်ဆံဖို့ နိုင်ငံခြားသား ကာစတန်မာနဲ့ဆက်ဆံဖို့ အင်္ဂလိပ်စာ ကောင်းစေချင်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ နည်းပညာနဲ့ပ တ်သက်တဲ့အသုံးအနှုန်းတွေ၊ လမ်း ညွှန်ချက်တွေ၊ အခြားစာရွက်စာတမ်းတွေ တော်တော်များများဟာ အင်္ဂလိပ်လိုရေးထားတာများတာမို့ အနာဂတ်အခွင့်အလမ်းအတွက် အင်္ဂလိပ်စာသည် အခရာပါပဲ။
(၂) တက္ကသိုလ်ဝင်ခွင့်
တက္ကသိုလ်တော်တော်များများရဲ့ဝင်ခွင့်မှာ အင်္ဂလိပ်စာရမှတ်တို့ အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးတာ တို့ကို ဦးစားပေးဆောင်ရွက်လာကြပါပြီ။ နိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုရင်လည်း IELTS ရမှတ် ဘယ်လောက်ရှိလဲဆိုတာမျိုးကို စစ်ဆေးတတ်ကြပါတယ်။ ဒါကြောင့် ပညာရေးအတွက်အင်္ဂလိပ်စာ သည်လည်း အဓိကကျတဲ့အရာဖြစ်ပါတယ်။
(၃) ခရီးသွားခြင်း
ခရီးသွားတဲ့အခါ အသုံးများဆုံးဘာသာစကားက အင်္ဂလိပ်စာဆိုတာအားလုံးအသိပါ။ ဘယ်နေရာ ဖြစ်ဖြစ် အင်္ဂလိပ်စာဟာ Key to communication ပါ။ ဒါကြောင့် အနာဂတ်မျိုးဆက်ဖြစ်တဲ့ ကလေးတွေ အနေနဲ့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
(၄) ဖျော်ဖြေရေး
အွန်လိုင်းမှာ အချက်အလက်တစ်ခုခုရှာချင်တယ်ဆိုရင် အင်္ဂလိပ်လိုရှာကြရပါတယ်။ ဆိုရှယ်မီဒီယာ ပေါ်မှာ သီချင်းတွေနားထောင်တာမျိုး ဂိမ်းတွေ ရုပ်ရှင်အစီအစဉ်တွေကြည့်တာမျိုးမှာ အင်္ဂလိပ်စာက အဓိကကျပါတယ်။ ဒီတော့ English is the main language you’ll find. ပါပဲ။
(၅) ကလေးတွေက အင်္ဂလိပ်စာဆို အတတ်မြန်တယ်
ကလေးတစ်ယောက်အနေနဲ့ အင်္ဂလိပ်စာသင်ယူခြင်းဟာ အရွယ်ရောက်ပြီးသားလူတစ်ယောက်ထက် ပိုပြီး ထိရောက်ပါတယ်။ ကလေးတွေဟာရေမြုပ်လိုပါပဲ။ သူတို့မြင်သမျှကြားသမျှကို စုပ်ယူပျော်ဝင်နိုင် ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်မှာ အနာဂတ်အတွက်ရင်းနှီးမြုပ်နှံပေးသင့်တာပေါ့။
(၆) အင်္ဂလိပ်စာဟာ စိတ်တံခါးပေါက်ကို ပွင့်စေပါတယ်
အင်္ဂလိပ်စာသင်ကြားခြင်းဟာ ကလေးတွေရဲ့ စိတ်တံခါးပေါက်တွေကို ပွင့်စေတယ်လို့ဆိုချင်ပါတယ်။ ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာတစ်ခုနဲ့ သူတို့ရဲ့အတွေးအခေါ်၊ ခံစားချက်တွေကို Communicate လုပ်ရတာဟာ သူတို့အတွက် ဉာဏ်ရည်တက်စေရုံမက ပြသနာဖြေရှင်းနည်းတွေ အ တွက်ပါအထောက်အကူဖြစ်စေပါတယ်။
– ENDS –
အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေဟာ သင့်ကလေးကိုအင်္ဂလိပ်စာသင်ကြားဖို့အတွက်ခိုင်လုံတဲ့အ ကြောင်းပြချက်တွေဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay)