အဂၤလိပ္သဒ္ဒါ

အဂၤလိပ္စာကို လေ့လာသင်ယူနိုင်ဖို့အတွက် ပထမဆုံးလုပ်ရမှာက အဂၤလိပ္သဒ္ဒါကို လေ့လာဖို့ပဲလို့ လူအများအပြားက ထင်နေကြပါတယ်။ သဒ္ဒါဟာ ဘယ်ဘာသာစကားမဆိုရဲ့တစိတ်တပိုင်းပါပဲ။ ဒါပေမယ့် သဘာဝကျပြီး ပျော်ဖို့ကောင်းတဲ့နည်းလမ်းနဲ့ သင်လေ့လာနိုင်ပြီးတော့ စည်းမျဉ်းအရှည်ကြီးတွေကို အလွတ်မှတ်ဖို့၊ ပျင်းစရာလေ့ကျင့်ခန်းတွေကို ထပ်တလဲလဲလုပ်ဖို့ မလိုအပ်ပါဘူး။ အဲဒီလိုဖြစ်အောင် ဘယ်လိုမျိုးလေ့လာသင်ယူမလဲ။ သိရှိရဖို့အတွက် ဆက်လက်ဖတ်ရှုပေးပါ။

တက်ကြွစွာပါဝင်လေ့လာရမည့် သင်ခန်းစာများ

အဂၤလိပ္သဒ္ဒါကို လေ့လာဖို့အတွက် သဘာဝအကျဆုံးနည်းက နားထောင်ပြီးတော့အတုယူဖို့ပါပဲ၊ ကလေးတွေလုပ်သလိုမျိုးပေါ့။ ကျွန်တော်တို့ရဲ့တက်ကြွစွာပါဝင်လေ့လာရတဲ့ သင်ခန်းစာတစ်ခုချင်းစီမှာ သဘာဝကျကျအသုံးပြုထားတဲ့ အဂၤလိပ္သဒ္ဒါတည်ဆောက်ပုံအသစ်တွေကို နားထောင်ခြင်းအားဖြင့် အသုံးပြုပုံနဲ့ အဓိပ္ပာယ်တို့ကို ရှည်လျားရှုပ်ထွေးတဲ့ ရှင်းလင်းချက်တွေမလိုအပ်ဘဲ နားလည်နိုင်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ သင့်အနေနဲ့ ကိုယ်တိုင်သဘာဝကျကျအသုံးပြုနိုင်လာတဲ့အထိ အတုခိုးပြီးလေ့ကျင့်နိုင်ပါတယ်။

တစ်ကြိမ်ကိုတစ်ခုသာ လေ့လာသင်ယူပါ

Wall Street English ရဲ့နည်းစနစ်ဟာ စေ့စပ်သေချာစွာစီမံရေးဆွဲထားတဲ့ အစီအစဉ်တစ်ခုကို လိုက်နာထားပြီး ဘာသာစကားဆိုင်ရာနဲ့ သဒ္ဒါဆိုင်ရာ တည်ဆောက်ပုံအသစ်တွေကို အဆင့်ပေါင်း၂၀အတွင်းမှာ ဖြည်းဖြည်းချင်း သီးခြားစီ စတင်မိတ်ဆက်ပေးပါတယ်။ ဘာသာစကားတစ်ခုခုကို အသုံးပြုပြောဆိုတဲ့နေရာမှာ ယုံကြည်မှုရှိဖို့အတွက် တစ်ကြိမ်ကို သဒ္ဒါဆိုင်ရာအချက်တစ်ချက်ချင်းစီသာ အဓိကအာရုံစိုက်ဖို့ တကယ်အရေးကြီးပါတယ်။
နှိုင်းယှဉ်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့သဒ္ဒါလေ့ကျင့်ခန်းတစ်ခုကို စမ်းလုပ်ကြည့်ပြီးတော့ ကိုယ်သိထားတာတွေကို အစမ်းသပ်ခံလိုက်ပါ။

အခုဆို သဒ္ဒါကို ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ကျတဲ့နည်းလမ်းအတိုင်း ဘယ်လိုလေ့လာသင်ယူရမလဲ သင်သိသွားပြီ၊ သင့်ကိုဟန့်တားနေတာ ဘာရှိသေးလဲ။
သင် ဘယ်အဆင့်ကနေအစပြုရမယ်ဆိုတာ သိဖို့အတွက် ကျွန်တော်တို့ရဲ့အဂၤလိပ္စာစစ်ဆေးမှုကို မြန်မြန်လေးဖြေဆိုကြည့်လိုက်ပါ။

ယနေ့စတင်လေ့လာလိုက်ပါ