အဂၤလိပ္စာအဆင့်သတ်မှတ်ချက်များ
Wall Street English ဟာ အဂၤလိပ္စာကို အခုမှစတင်သင်ယူမယ့်အဆင့်ကနေ ကျွမ်းကျင်အဆင့်အထိရှိတဲ့ ကျောင်းသားတွေအတွက် Common European Framework of Reference for Languages (CEFR) [ ဥရောပဘာသာစကားများအတွက် ဘုံရည်ညွှန်းမူဘောင်] နဲ့အညီ အဂၤလိပ္စာကျွမ်းကျင်မှုအဆင့်ပေါင်း ၂၀ကို သတ်မှတ်ပေးထားပါတယ်။ နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ အဲဒီစံနှုန်းတွေနဲ့အညီ လေ့လာသင်ယူရမယ်လို့ ကျွန်တော်တို့အာမခံနိုင်ပါတယ်။
CEFR အဆင့်အတန်းတွေအရ လေ့လာသင်ယူသူတွေကို အဓိကအမျိုးအစား၃မျိုးခွဲထားပါတယ်။ အခြေခံအဆင့်၊ လွတ်လပ်အဆင့်နဲ့ ကျွမ်းကျင်အဆင့်တို့ဖြစ်ပြီး အဆင့်တစ်ဆင့်စီကို နောက်ထပ်နှစ်ဆင့်ထပ်ခွဲ ထားပြီးတော့ စုစုပေါင်းအဆင့်၅ဆင့်ရှိပါတယ်။ A1, A2, B1, B2, C1 တို့ဖြစ်ပါတယ်။ အဲဒီအဆင့်အတန်းတွေဟာ အရေး၊ အကြား၊ အဖတ်၊ ကိုယ့်ဘက်ကအစပြုတဲ့ စကားပြောနဲ့ အပြန်အလှန်ပြောဆိုတဲ့ စကားပြောပိုင်းတွေမှာ ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်တွေကို အတိအကျအကဲဖြတ်သုံးသပ်ပြီး သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
CEFR အဆင့်များ: သင်လိုအပ်သည့် သတင်းအချက်အလက်များ
ဥရောပဘာသာစကားများအတွက် ဘုံရည်ညွှန်းမူဘောင်ဟာ ဥရောပဘာသာစကားတစ်ခုခုကို လေ့လာသင်ယူနေတဲ့ လူတစ်ဦးရဲ့တတ်မြောက်ကျွမ်းကျင်လာတဲ့ စွမ်းရည်တွေကို အကဲဖြတ်သုံးသပ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
CEFR A1
- ၃ –၅ အနိမ့်ပိုင်းမှ အလယ်အလတ်သို့ကူးပြောင်းမှုအဆင့်
- IELTS: ၃.၅ – ၄
- TOEIC: 120 – 220
- Cambridge: KET
အကြား
သင့်ရဲ့မိသားစု၊ ဇာတိနိုင်ငံ၊ သင့်အိမ်တို့နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ စကားလုံးတွေနဲ့ အခြေခံသဘောတရားတွေကို လူတွေက ခပ်ဖြည်းဖြည်း ရှင်းရှင်းလင်းလင်းပြောရင် သင်နားလည်တယ်။
အဖတ်
အသိပေးကြေညာချက်တွေ၊ ပိုစတာတွေနဲ့ ကက်တလောက်တွေမှာ တွေ့ရတဲ့ ရိုးရှင်းတဲ့စကားလုံးတွေနဲ့ အသုံးများတဲ့စကားစုတွေရဲ့အဓိပ္ပာယ်ကို သင်နားလည်တယ်။
အပြန်အလှန်စကားပြောဆိုခြင်း
စကားကို ခပ်ဖြည်းဖြည်းပြောပြီးတော့ သင်နားမလည်ရင် ဝါကျတွေကို ရှင်းလင်းပြတ်သားအောင် ပြန်ပြောပေးဖို့ လိုလိုလားလားရှိသူတွေနဲ့ သင်ပြောဆိုဆက်ဆံနိုင်တယ်။ ကိုယ်နဲ့အနီးစပ်ဆုံး အခြေခံကျတဲ့လိုအပ်ချက်တွေကို ဖော်ပြဖို့အတွက် ကိုယ်နဲ့ရင်းနှီးတဲ့ အသုံးအနှုန်းတွေကို သင်အသုံးပြုနိုင်ပြီး နားလည်တယ်။
အရေး
ရိုးရှင်းတဲ့ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်တစ်စောင်ကို သင်ရေးတတ်တယ်။ ကိုယ်ရေးအချက်အလက်တွေ ဖြစ်တဲ့ နာမည်၊ လူမျိုး၊ ဟိုတယ်တည်နေရာနဲ့ တခြားအခြေခံအချက်အလက်တွေ ပါဝင်တဲ့ ရိုးရှင်းတဲ့ပုံစံတွေကို သင်ဖြည့်စွက်နိုင်တယ်။
မိမိဘက်မှစတင်ပြောဆိုခြင်း
ရိုးရှင်းပြီးတော့ တိကျပြတ်သားတဲ့နည်းလမ်းနဲ့ ကိုယ့်ကိုကိုယ်ရော တခြားသူတွေကိုပါ သင် မိတ်ဆက်ပေးနိုင်တယ်။ ကိုယ်ဘယ်မှာနေတယ်ဆိုတာနဲ့ ကိုယ့်ဘဝအကြောင်း အသေးစိတ်အချက်တွေကို ရိုးရှင်းတဲ့နာမဝိသေသနတွေ၊ ကာလအမျိုးမျိုးပြတဲ့ ကြိယာတွေနဲ့ သဒ္ဒါပုံစံတွေကိုသုံးပြီး ရှင်းပြနိုင်တယ်။
နမူနာများ
သင့်သူငယ်ချင်းက သင့်ဆီဖုန်းဆက်ပြီးတော့ သူလန်ဒန်မှာနေကြောင်းပြောပြီး နှစ်ပတ်အတွင်း သူ့ဆီလာလည်ဖို့ ဖိတ်တယ်။သင်က သူပြောတာကိုနားလည်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ တခါထပ်ပြောဖို့နဲ့ ဖြည်းဖြည်းပြောဖို့ တောင်းဆိုခြင်းအားဖြင့် သူ့ဖိတ်ကြားမှုကို အကြောင်းပြန်နိုင်တယ်။
သင်က အဂၤလိပ္စကားပြောတဲ့ နိုင်ငံတစ်နိုင်ငံမှာ ရောက်ရှိနေပြီး အနီးဆုံးစူပါမားကက်ကိုသွားဖို့ လမ်းညွှန်ချက် မေးမြန်းတယ်။သင်က ရိုးရှင်းပြီးတော့ တိကျပြတ်သားတဲ့မေးခွန်းတွေ မေးပြီးနောက် သိချင်တာကို နားလည်သွားတယ်။ စူပါမားကက်မှာလည်း ဆိုင်းဘုတ်စာသားတွေနဲ့ ဈေးနှုန်းတွေကို သင်နားလည်တယ်။
သင်က အားလပ်ရက်အတွင်း စပိန်မှာရောက်နေပြီး လန်ဒန်မှာနေတဲ့သူငယ်ချင်းဆီကို ပို့စ်ကတ်ပို့တယ်။ သင်ဘယ်မှာတည်းနေတယ် ဆိုတာနဲ့ ဘာတွေလုပ်နေတယ်ဆိုတာကို ဖော်ပြတဲ့ စာတိုလေးတစ်စောင် ရေးနိုင်တယ်။
CEFR A2
Wall Street English အဆင့်သတ်မှတ်ချက်
- ၆ – ၉ အလယ်အလတ်အဆင့်
အသိအမှတ်ပြုလက်မှတ်များ
- IELTS: ၄.၅ – ၅
- TOEFL IBT: 0 – 56
- TOEIC: – 225 – 545
အကြား
ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာတွေ (ဥပမာ ကိုယ်နဲ့ ကိုယ်မိသားစုအကြောင်း၊ ကိုယ်ဘယ်မှာနေတယ်၊ ဈေးဝယ်ထွက်ခြင်း၊ အလုပ်တို့နဲ့ သက်ဆိုင်တဲ့ အခြေခံအချက်အလက်တွေ) နဲ့ပတ်သက်တဲ့ စကားလုံးတွေနဲ့ စကားစုတွေကို သင်နားလည်တယ်။
အဖတ်
အလွန်တိုတောင်းပြီး ရိုးရှင်းတဲ့ စာသားတွေကို သင်ဖတ်တတ်တယ်။ ကြော်ငြာတွေ သို့မဟုတ် ရထားအချိန်ဇယားတွေလို နေ့စဉ်ဖတ်ရှုရတဲ့ စာသားတွေထဲမှာ လိုချင်တဲ့အချက်အလက်ကို ရှာနိုင်တယ်။ ရိုးရှင်းပြီး တိုတောင်းတဲ့ ပေးစာတွေကို သင်နားလည်တယ်။
အပြန်အလှန်စကားပြောဆိုခြင်း
သတင်းအချက်အလက်တွေကို အလျင်အမြန်နဲ့ အခြေခံကျကျဖလှယ်ဖို့လိုတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ သင် ဆက်သွယ်ပြောဆိုနိုင်စွမ်းရှိတယ်။ သင်ကိုယ်တိုင်ဦးဆောင်ပြီး အမြဲတမ်း စကားမပြောနိုင်သေးပေမယ့် လူမှုရေးရာ ပြောဆိုဆွေးနွေးမှုတွေမှာ တစိတ်တပိုင်းပါဝင်နိုင်တယ်။
အရေး
ရိုးရှင်းတဲ့ ပုဂ္ဂိုလ်ရေးရာပေးစာတွေ၊ စာတိုလေးတွေ၊ မှတ်စုတွေနဲ့ အနှစ်ချုပ်တွေကို အခြေခံ သဒ္ဒါတည်ဆောက်ပုံတွေသုံးပြီး သင်ရေးတတ်တယ်။
မိမိဘက်မှစတင်ပြောဆိုခြင်း
ကိုယ်ကိုယ်တိုင်အကြောင်း၊ ကိုယ့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအကြောင်း သင်ပြောပြတတ်တယ်။ ရိုးရှင်းတဲ့အသုံးအနှုန်းတွေနဲ့ စကားလုံးတွေကို အကန့်အသတ်နဲ့ သုံးစွဲပြီး ကိုယ့်ရဲ့ကျောင်းနဲ့ အလုပ်အကြောင်း ပြောပြတတ်တယ်။ ရိုးရှင်းပေမယ့် တိကျပြတ်သားတဲ့ သဒ္ဒါတည်ဆောက်ပုံတွေကို သင် စီစဉ်နေရာချနိုင်တယ်။
နမူနာများ
သင်က အဝတ်အထည်ဆိုင်မှာရောက်ရှိနေပြီး အရောင်းစာရေးက လက်ရှိရောင်းချမှုအစီအစဉ်တွေအကြောင်း ရှင်းပြတယ်၊သင်က သူ/သူမပြောတာတွေကို နားလည်တယ်၊ ဈေးနှုန်းကိုလည်း မေးနိုင်သလို အဝတ်အစားတွေနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ၊ ပစ္စည်းတိုင်းနဲ့ပတ်သက်တဲ့ အကြမ်းဖျဉ်းရှင်းလင်းချက်တွေကို မေးမြန်းနိုင်တယ်။
သင်က စားသောက်ဆိုင်မှာရောက်ရှိနေတယ်၊ မီနူးထဲက ဟင်းပွဲတွေနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက် တွေကို သင်နားလည်တယ်၊ စားပွဲထိုးကို တချို့အစားအသောက်တွေနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းရှင်းပြဖို့ မေးမြန်းနိုင်တယ်။
သင်က နိုင်ငံရပ်ခြားမှာ ရထားစီးတော့မယ်၊ ရထားအချိန်ဇယားကို ဖတ်တတ်သလို စာနဲ့ရေးသားထားတဲ့ လမ်းညွှန်ချက်တွေကို ဖတ်ရှုခြင်း သို့မဟုတ် ရထားစောင့်နေတဲ့လူတစ်ယောက်ယောက်ကို မေးမြန်းခြင်းအားဖြင့် လမ်းကြောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို နားလည်သွားတယ်။
Test your knowledge and take our A1/A2 level test now!
Answer our quick 10 question quiz to find out your English level.
CEFR B1
Wall Street English အဆင့်သတ်မှတ်ချက်
- ၁၀ – ၁၃ အလယ်အလတ်မှ အမြင့်ပိုင်းသို့ ကူးပြောင်းမှုအဆင့်
အသိအမှတ်ပြုလက်မှတ်များ
- IELTS: 4 – 5
- TOEFL IBT: 57 – 86
- TOEIC: 550 – 780
- Cambridge: PET
အကြား
ကိုယ်နဲ့ရင်းနှီးတဲ့ အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်တဲ့ မိန့်ခွန်းတစ်ခုမှာ အဓိကအချက်တွေကို သင်နားလည်တယ်။ တီဗီ သို့မဟုတ် ရေဒီယိုအစီအစဉ်၊ သတင်းတွေနဲ့ နေ့စဉ်ဘဝနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေရဲ့အဓိကအချက်တွေကို သင်နားလည်တယ်။
အဖတ်
နေ့စဉ်မကြာခဏလုပ်ရတဲ့ ဆောင်ရွက်ချက်တွေနဲ့ အလုပ်အကြောင်း စာသားတွေကို သင်နားလည်တယ်။ ပုဂ္ဂိုလ်ရေးရာပေးစာတွေနဲ့ မက်ဆေ့ချ်တွေမှာပါတဲ့ ပွဲအခမ်းအနားတွေအကြောင်း ဖော်ပြချက်တွေ၊ ခံစားချက်တွေနဲ့ ဆုတောင်းတွေကို သင်နားလည်တယ်။
အပြန်အလှန်စကားပြောဆိုခြင်း
အဂၤလိပ္စကားပြောတဲ့နိုင်ငံတစ်ခုမှာ ခရီးသွားရင်း အခြေအနေအများစုကို သင်ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ နေ့စဉ်ဘဝနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေအကြောင်း ဆွေးနွေးမှုတွေမှာ သင် ကြိုတင်ပြင်ဆင်မထားဘဲ ပါဝင်နိုင်တယ်။
အရေး
အရေးအကြီးဆုံး လက်ရှိဖြစ်ရပ်တွေအကြောင်းကို ရိုးရှင်းတဲ့စာသားတွေ သင်ရေးသားနိုင်တယ်။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးရာနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အတွေ့အကြုံတွေကို ရှင်းလင်းစွာဖော်ပြတဲ့ အီးမေးလ်တွေကို သင်ရေးသားနိုင်တယ်။
မိမိဘက်မှစတင်ပြောဆိုခြင်း
ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးရာနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အတွေ့အကြုံတွေကို ရှင်းလင်းစွာနဲ့ ယုံကြည်မှုရှိစွာ သရုပ်ဖော်ပြောပြနိုင်တယ်။ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရည်မှန်းချက်တွေအကြောင်းကို ရိုးရှင်းတဲ့ပုံစံနဲ့ ပြောပြနိုင်သလို ကိုယ့်အစီအမံတွေနဲ့ပတ်သက်ပြီး အတိုချုပ်ရှင်းပြနိုင်တယ်။
နမူနာများ
သင်က ဟိုတယ်တစ်ခုမှာရောက်နေပြီး သူတို့ရဲ့အားလပ်ရက်တွေအကြောင်း ပြောနေကြတဲ့ လူအုပ်စုတစ်စုနဲ့ သင်တွေ့တယ်။ သင်က အခက်အခဲမရှိဝင်ရောက်ဆွေးနွေးနိုင်ပြီးတော့ အဲဒီမှာနေစဉ်အတွင်း သင့်အတွေ့အကြုံတွေကို ပြောပြနိုင်တယ်။ သူတို့တွေပြောတဲ့စကားတွေရဲ့အဓိပ္ပာယ်ကို လုံးစေ့ပတ်စေ့ နားလည်ပြီး တက်ကြွစွာပါဝင်ဆွေးနွေးနိုင်တယ်။
ဘောလုံးပွဲအစီအစဉ်တစ်ခုကို သင်ကြည့်နေတယ်။ နောက်ခံစကားပြောသူရဲ့အနှစ်ချုပ်သုံးသပ်ချက်နဲ့ ကစားသမားတွေရဲ့အင်တာဗျူးတွေကိုပဲ နားထောင်ခြင်းအားဖြင့် ပွဲရဲ့အခြေအနေကို သင်နားလည်နိုင်တယ်။
အဂၤလိပ္စကားပြောတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သင် U2 ဖျော်ဖြေပွဲကို သွားချင်တယ်။ သူငယ်ချင်းဆီကို ဖျော်ဖြေရေးခရီးစဉ်အကြောင်း နောက်ဆုံးအချက်အလက်တွေ ရှင်းပြပြီးတော့ သူတို့ကို ဒဗ္ဗလင်မှာသွားကြည့်ရင် အကောင်းဆုံးဖြစ်မယ့်အကြောင်း မက်ဆေ့ချ်အတိုတစ်စောင် သင်ရေးသားနိုင်တယ်။
CEFR B2
Wall Street English အဆင့်သတ်မှတ်ချက်
- ၁၄ – ၁၇ အမြင့်ပိုင်းမှ ကျွမ်းကျင်မှုပိုင်းသို့ ကူးပြောင်းသည့်အဆင့်
အသိအမှတ်ပြုလက်မှတ်များ
- IELTS: 5 – 6
- TOEFL IBT: 87 – 109
- TOEIC: 785 – 940
- Cambridge: FCE
အကြား
ပုဂ္ဂိုလ်ရေးရာနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခြေအနေတွေမှာ ရှုပ်ထွေးတဲ့စကားပြောဆိုဆွေးနွေးမှုတွေကို သင်နားလည်တယ်။ ဘာသာရပ်ဆိုင်ရာ မိန့်ခွန်းတွေကို သင်နားလည်တယ်။ တီဗီနဲ့ ရေဒီယိုအစီအစဉ်အများစုကို အထူးသဖြင့် လက်ရှိဖြစ်ရပ်တွေအကြောင်းဆိုရင် သင်နားလည်တယ်။
အဖတ်
လက်ရှိအရေးအရာတွေနဲ့ပတ်သက်တဲ့ သတင်းစာဆောင်းပါးတွေမှာ စာရေးသူက သူတို့ရဲ့အမြင်ရှုထောင့်တွေကို တိကျတဲ့စကားအသုံးအနှုန်းတွေ အသုံးပြုရေးသားရင် သင် အဓိပ္ပာယ်နားလည်တယ်။ ဘာသာရပ်ဆိုင်ရာ ငြင်းခုံမှုတွေနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ဝေါဟာရတွေကို သင်နားလည်တယ်။
အပြန်အလှန်စကားပြောဆိုခြင်း
အဂၤလိပ္ကို မိခင်ဘာသာစကားအဖြစ် ပြောဆိုတဲ့သူတွေနဲ့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တော်တော်လေးအမှားအယွင်းမရှိအောင် သင်ပြောဆိုဆက်ဆံနိုင်တယ်။ ရှုပ်ထွေးတဲ့ စကားပြောဆိုဆွေးနွေးမှုတွေမှာ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ လိုအပ်ချက်တွေကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုခြင်းဖြင့် ပါဝင်နိုင်တယ်။ အဖြစ်အပျက်အမျိုးမျိုးအကြောင်းကို သင်သရုပ်ဖော်ပြောပြနိုင်တယ်။
အရေး
များပြားစုံလင်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတိကျပြီး တည်ဆောက်ပုံရှုပ်ထွေးတဲ့ဝါကျတွေကို သင် ရေးသားနိုင်တယ်၊ အစီအမံတွေရဲ့ကောင်းကျိုး ဆိုးကျိုးတွေအကြောင်း အကဲဖြတ်သုံးသပ်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုးပေးနိုင်တယ်။
မိမိဘက်မှစတင်ပြောဆိုခြင်း
ကိုယ်စိတ်ဝင်စားတာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာပေါင်းစုံကို သင် ရှင်းလင်းတိကျစွာနဲ့ အသေးစိတ်ကျစွာ သရုပ်ဖော်ပြောပြနိုင်တယ်။ ကိုယ့်ရဲ့အမြင်ရှုထောင့်ကို ရှင်းပြနိုင်သလို ရွေးချယ်စရာ အမျိုးမျိုးရဲ့ကောင်းကျိုးဆိုးကျိုးတွေကို အလွယ်တကူ ယုံကြည်မှုရှိရှိ ရှင်းပြနိုင်တယ်။
နမူနာများ
သင်ဟာ အိုင်တီအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နည်းပညာဆိုင်ရာ ဖြေရှင်းနည်းအသစ်တွေရဲ့အသေးစိတ် အချက်အလက်တွေနဲ့ အလုပ်လုပ်ပုံတွေကို ရှင်းပြတဲ့ ဗီဒီယိုအများစုကို သင်နားလည်တယ်။ သင့်ကဏ္ဍနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းလမ်းညွှန်ဗီဒီယိုတွေနဲ့ လက်စွဲစာအုပ်တွေကို သင်နားလည်တယ်။
သင်က သင့်ရဲ့စီးပွားရေးမိတ်ဖက်နဲ့ လန်ဒန်မှာတွေ့ပြီးတော့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ရှင်းလင်းတိကျပြီး အသေးစိတ်ကျတဲ့နည်းလမ်းနဲ့ ပြောဆိုနိုင်တယ်။ သင့်အလုပ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ စာရွက်စာတမ်းတွေကို ရှင်းလင်းတင်ပြနိုင်တယ်။
သင်က နိုင်ငံခြားမှာလုပ်တဲ့ စီးပွားရေးအစည်းအဝေးတစ်ခုကို ဖိတ်ကြားခံရပြီး မန်နေဂျာတွေ၊ ဒါရိုက်တာတွေနဲ့ တွေ့ဆုံတယ်။ စကားပြောဆိုဆွေးနွေးရာမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိ မိတ်ဆက်နိုင်ပြီး ရှုပ်ထွေးတဲ့ ပရော်ဖက်ရှင်နယ်အဆင့် စကားစုတွေကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ သိရှိခြင်းနဲ့အတူ အဲဒီမှာရှိနေတဲ့လူတွေနဲ့ ပြောဆိုဆက်ဆံနိုင်တယ်။
Test your knowledge and take our B1/B2 level test now!
Answer the following questions.
CEFR C1
Wall Street English အဆင့်သတ်မှတ်ချက်
- ၁၈ – ၂၀ ကျွမ်းကျင်ပိုင်နိုင်သောအဆင့်
အသိအမှတ်ပြုလက်မှတ်များ
- IELTS: 6 – 7
- TOEFL IBT: 110 – 120
- TOEIC: 945 – 990
- Cambridge: CAE
အကြား
သင် သေချာမသိတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ရှည်လျားတဲ့မိန့်ခွန်းတွေကိုတောင်မှ သင်နားလည်တယ်။ တီဗီအစီအစဉ်တွေနဲ့ ရုပ်ရှင်တွေကို သင် သိပ်အားစိုက်စရာမလိုဘဲ နားလည်တယ်။
အဖတ်
တချို့အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ ရှည်လျားပြီးရှုပ်ထွေးတဲ့ စာသားတွေကို သင် နားလည်တယ်။ စာအုပ်တွေနဲ့ လက်စွဲလမ်းညွှန်တွေကို သင် အခက်အခဲမရှိဖတ်တတ်တယ်။ စာရေးသားမှုပုံစံ အမျိုးမျိုးကို သင်နားလည်၊ ခွဲခြားနိုင်ပြီး ခံစားသက်ဝင်နိုင်တယ်။ ဘာသာရပ်ဆိုင်ရာ သဘောတရားတွေကို သင်အခက်အခဲမရှိနားလည်တယ်။
အပြန်အလှန်စကားပြောဆိုခြင်း
သင်က ကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ အမှားအယွင်းမရှိ အခက်အခဲမရှိ အပြန်အလှန်ပြောဆိုနိုင်တယ်။ ပုဂ္ဂိုလ်ရေးရာနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ဘာသာစကားကို အဆင်ပြေသလို ပြောင်းလဲချိန်ညှိပြီး ထိထိရောက်ရောက်သုံးစွဲနိုင်တယ်။ စိတ်ကူးတွေနဲ့ ထင်မြင်ယူဆချက်တွေကို ရှင်းလင်းတိကျစွာ ထုတ်ဖော်ပြောဆိုနိုင်သလို ကိုယ်ပြောချင်တဲ့အချက်တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောပြနိုင်တယ်။
အရေး
ခိုင်မာအားကောင်းစွာ ဖွဲ့စည်းထားတဲ့ စာသားတွေကို သင်ရေးသားနိုင်ပြီး ကိုယ့်ထင်မြင်ယူဆချက်တွေကို အသေးစိတ်ဖော်ပြနိုင်တယ်။ ပေးစာတွေမှာ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို အရေးကြီးတဲ့ကဏ္ဍတွေအပေါ် မီးမောင်းထိုးပြီး အသုံးပြုနိုင်တယ်။ ဖတ်ရှုမယ့်သူကိုလိုက်ပြီး ကိုယ်ရေးသားတဲ့ပုံစံကို ချိန်ညှိပြင်ဆင်နိုင်တယ်။
မိမိဘက်မှစတင်ပြောဆိုခြင်း
ရှုပ်ထွေးနက်နဲတဲ့အကြောင်းအရာတွေနဲ့ ငြင်းခုံမှုတွေကို ရှုထောင့်အမျိုးမျိုးကနေ သင် တင်ပြနိုင်တယ်။ သင့်ရဲ့ ကြောင်းကျိုးဆက်စပ်တင်ပြမှုက ရှင်းလင်းပြီး အသေးစိတ်ကျသလို တိကျတဲ့အဆုံးသတ်ကောက်ချက်တွေဆီ ဦးတည်စေနိုင်မယ့် အရေးကြီးတဲ့အချက်အလက်တွေ ပေးစွမ်းနိုင်တယ်။
နမူနာများ
သင့်သူငယ်ချင်းက စွန်လွှတ်ခြင်းအကြောင်းကို အသုံးပြုတဲ့ပစ္စည်းကိရိယာတွေ၊ အသုံးပြုရမယ့် နည်းစနစ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြနေတယ်။ သင်က အဲဒီအားကစားကိုတခါမှမကစားခဲ့ဖူးပေမယ့် သူပြောတာတွေရဲ့အစိတ်အပိုင်းအများစုကို နားလည်တယ်။
အစည်းအဝေးတစ်ခုအတွက် ပြင်ဆင်တဲ့အခါ သင်က ညဏ်ရည်တုအကြောင်းကို တိကျတဲ့အချက်အလက်တွေ အသုံးအနှုန်းတွေနဲ့ အသေးစိတ်ကျတဲ့ မိန့်ခွန်းတစ်ခု ရေးသားတယ်။ ပရိသတ်ကမေးတဲ့ မေးခွန်းတွေကို သင် တိတိကျကျပြန်ဖြေနိုင်တယ်။
သင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး တစ်ဖက်ကားသမားနဲ့ သဘောတူညီမှုတစ်ခု လုပ်ဖို့လိုတယ်။ ဥပဒေပိုင်းအရ လိုက်နာရမယ့်တာဝန်တွေနဲ့ပတ်သက်တဲ့ စကားအသုံးအနှုန်းတွေကိုသုံးပြီး ကိုယ့်ရဲ့ဆန္ဒကို အခက်အခဲမရှိပြောပြနိုင်သလို ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြန်ပြောနိုင်တယ်။
Test your knowledge and take our C1 to C2 level test now!