အင်္ဂလိပ်စာလေ့လာဖို့ စဉ်းစားနေပေမယ့် သင်တန်းတစ်ခုအနေနဲ့တက်ဖို့ သီးသန့်အချိန်မပေးနိုင်ဘူး ဖြစ်နေပြီလား?
ယနေ့ခေတ်မှာ လူငယ်၊ လူကြီးမရွေး သူ့အရွယ်နဲ့သူ နိုင်ငံရပ်ခြားသွားဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့၊ ကျောင်းသင်ခန်းစာတွေ အချိန်မီပြီးစီးဖို့၊ လုပ်ငန်းခွင်တာဝန်တွေ ဆောင်ရွက်ဖို့ စသဖြင့် မအားလပ်ကြတာများပါတယ်။ တကယ်လို့ သင်က အချိန်မအားတဲ့ကြားကနေ အင်္ဂလိပ်စာ သင်ယူဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ Flexible Schedule နဲ့သင်ကြားပေးတဲ့ Wall Street English က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။
Wall Street English မှာ အင်္ဂလိပ်စာကို ကိုယ်အဆင်ပြေတဲ့နေရာနဲ့ အဆင်ပြေတဲ့အချိန်မှာ သင်ယူသွားလို့ရနိုင်ပါတယ်။ ဧည့်ခန်းထဲမှာ အနားယူနေချိန်၊ အလုပ်မှာ ခဏနားချိန်၊ ဘတ်စ်ကားစီးနေချိန် စသဖြင့် ကိုယ်ကြိုက်တဲ့အချိန်မှာ Online Interactive Lesson တွေကို မိမိနှစ်သက်ရာ မိုဘိုင်းဖုန်း၊ Tablet၊ PC ၊ Laptop တွေကနေ လေ့လာသင်ယူနိုင်ပါတယ်။
သင်ခန်းစာတွေ လေ့လာပြီး ကျေညက်သွားပြီဆိုရင်တော့ အများဆုံးအနေနဲ့ သင်တန်းသား (၄) ဦးသာပါဝင်တဲ့ Encounter Class တွေမှာ Native Teacher တွေနဲ့ သင်ယူနိုင်ဖို့အတွက် Booking လုပ်နိုင်မှာပါ။ အခုလို မှတ်ကျောက်တင်ပြီးသား၊ လက်တွေ့အောင်မြင်ပြီးသားဖြစ်တဲ့ သင်ကြားမှုစနစ်ကို Wall Street English မှာအသုံးပြုခဲ့တာ နှစ်ပေါင်း (၅၀) နီးပါးရှိခဲ့ပြီဖြစ်ပြီး အလုပ်များနေတဲ့သူတွေ ဖြစ်ခဲ့ရင်တောင် ထိရောက်စွာ သင်ကြားပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးဖန်တီးထားတာပါ။
Wall Street English ရဲ့ သင်ကြားရေးနည်းလမ်းတွေထဲမှာ ကိုယ့်အတွက် သင့်တော်တဲ့ အင်္ဂလိပ်စာ Level ကနေသင်ကြားနိုင်ဖို့လည်း ပါပါတယ်။ သင်တန်းတက်တော့မယ်ဆိုတာနဲ့ အင်္ဂလိပ်စာလေ့လာလိုတဲ့ ရည်ရွယ်ချက်၊ ကိုယ်သင်ယူတတ်မြောက်ချင်တဲ့ Level တွေကို ပညာရေးအတိုင်ပင်ခံတွေက အသေးစိတ် ဆွေးနွေးတိုင်ပင်ပေးသွားမှာဖြစ်ပြီး ကိုယ့်အတွက် သီးသန့်အဆင်ပြေစေမယ့် သင်ယူမှုပုံစံကို လမ်းညွှန်ပေးသွားမှာပါ။ အင်္ဂလိပ်စာကျွမ်းကျင်မှုကိုလည်း အခမဲ့စစ်ဆေးသွားနိုင်မှာဖြစ်ပြီး ကိုယ်မျှော်မှန်းတဲ့ English Level ကိုရောက်ဖို့အတွက် အချိန်ဘယ်လောက်ယူရမလဲဆိုတာကို သိနိုင်မှာပဲဖြစ်ပါတယ်။
Flexible အဖြစ်ဆုံး သင်ကြားမှုဖြစ်လို့ Course အသစ်တစ်ခုကို သင်ယူဖို့အတွက် စာသင်နှစ်တစ်ခု၊ အတန်းတစ်ခု ပြန်စတာကို စောင့်နေစရာမလိုပဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာပဲ ချက်ချင်း စတင်သင်ယူနိုင်မှာပါ။ ပညာရေးအတိုင်ပင်ခံတွေနဲ့ တွေ့ဆုံကာ English Level Test ဖြေပြီးတာနဲ့ ကိုယ့်ရဲ့ Study Plan ကိုစတင်ရေးဆွဲပြီး အင်္ဂလိပ်စာကို စတင်လေ့လာနိုင်ပြီဖြစ်ပါတယ်။ တစ်ခုခုကိုမေးဖို့ လိုအပ်တဲ့အချိန်တိုင်းမှာလည်း Personal Coach တွေက အမြဲအသင့်ရှိနေမှာဖြစ်တာကြောင့် အကောင်းဆုံးသော Learning Experience ကို ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Flexible Schedule နဲ့အတူ မြန်မာနိုင်ငံရဲ့ နံပါတ် (၁) အင်္ဂလိပ်စာ သင်တန်းကျောင်းမှာ စမတ်ကျကျ အင်္ဂလိပ်စာသင်ယူဖို့အတွက် သင့်ကို Wall Street English က ကြိုဆိုနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
(WSE International မှ A Flexible English Course that Works ဆောင်းပါးကို ဘာသာပြန်ဆို မှီငြမ်းပါသည်။)