
အာမခံချက်ရှိတဲ့ အဂၤလိပ္စာသင်ကြားရေးကို ခေါင်းညိတ်လိုက်ပါ
အဂၤလိပ္ဘာသာစကားကို သင့်အနေနဲ့ ပိုပြီးကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းမှာ သင်ရရှိမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကစလို့ ခရီးသွားတဲ့နေရာမှာ အဆင်ပြေချောမွေ့ခြင်းအထိ နေရာစုံ ကဏ္ဍစုံမှာ တိုးတက်မြင့်မားမှုတွေကို သင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဂၤလိပ္စကား သင်ယူရခြင်းဟာ ခက်ခဲနိုင်ပါတယ်။ Wall Street English မှာတော့ ကျွန်တော်တို့ဟာ ကျောင်းသားပေါင်း ၃သန်းကျော်ကို သူတို့လိုချင်တဲ့ခရီးပန်းတိုင်ဆီရောက်ရှိဖို့ ကူညီပေးခဲ့ပြီးပါပြီ။ သင်ဟာ အခုမှစတင်လေ့လာမယ့်သူပဲဖြစ်ဖြစ် အဂၤလိပ္စကားကို တော်တော်လေးကျွမ်းကျင်ပြီးသား ပြောနိုင်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ထူးခြား ကောင်းမွန်ပြီးတော့ လက်တွေ့လက်သေပြထားပြီးသား နည်းလမ်းတွေက သင် လေ့လာသင်ယူနိုင်ဖို့၊ ရှေ့ကို လျှောက်လှမ်းနိုင်ဖို့နဲ့ တိုးတက်မှုရှိဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
သင် ဘယ်လိုလေ့လာသင်ယူရမှာလဲ
လူအမျိုးမျိုးနဲ့ကိုက်ညီတဲ့ နည်းစနစ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရလွယ်ကူတဲ့ နည်းလမ်းတွေဟာ သင့်ကိုဗဟိုပြုပြီး သင်ဘယ်လိုလေ့လာသင်ယူချင်သလဲ၊ သင်အခုလက်ရှိရောက်နေတာ ဘယ်ကျွမ်းကျင်မှုအဆင့်လဲ၊ ဘယ်အဆင့်ကို သင်ရောက်ချင်တာလဲ ဆိုတာတွေနဲ့အညီ လည်ပတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့လက်တွေ့သက်သေပြထားပြီးသား နည်းစနစ်တွေဟာ သင်လိုချင်တာကို အတိအကျပေးစွမ်းနိုင်ဖို့အတွက် သင်ကြားရေးနည်းလမ်းအမျိုးမျိုးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ကျောင်းသားတွေရဲ့စကားသံ












မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရှိတဲ့နေရာတွေ
ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ သင်တန်းကျောင်း၅ကျောင်း ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် သင်နဲ့အဆင် ပြေမယ့် ကျောင်းတစ်ကျောင်းကတော့ မလွဲမသွေရှိမှာပါ။ ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတွေအကြောင်း ရှာဖွေစုံစမ်းလိုက်ပါ။
သင့်အတွက်အံဝင်ခွင်ကျအဖြစ်ဆုံး အဂၤလိပ္စာသင်ကြားမှုပုံစံ
အမြော်အမြင်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု
ကျွန်တော်တို့ဆီမှာ အဂၤလိပ္စာသင်ယူမယ်ဆိုရင် သင့်ကို လှိုက်လှဲဖော်ရွေပြီး အဂၤလိပ္လိုသီးသန့်ပြောတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ သင်ကြားပေးမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ်အချိန်မှာမဆို ဘယ်နေရာမှာရောက်နေ သည်ဖြစ်စေ လေ့လာသင်ယူနိုင်မယ့် ကျွန်တော်တို့ရဲ့ဆုရထားတဲ့ နည်းပညာအခြေပြုနည်းလမ်းနဲ့လည်း ပံ့ပိုး ပေးထားမှာဖြစ်ပါတယ်။ သင် တက်ရောက်သင်ယူရမယ့် သင်ရိုးဟာ သင့်တစ်ဦးတည်းရဲ့လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် စီမံရေးဆွဲထားမှာဖြစ်ပြီး အောင်မြင်မှုရဖို့လည်း အာမခံချက်ရှိမှာပါ။
သင့်ရဲ့လက်ရှိကျွမ်းကျင်မှုအဆင့်အတန်းကို သင်လိုချင်တဲ့ လေ့လာသင်ယူမှုရည်မှန်းချက်ပန်းတိုင်တွေနဲ့အတူ အကဲဖြတ်သုံးသပ်ခြင်းအားဖြင့် သင့်အတွက်သင်ရိုးကို ကျွန်တော်တို့ဖန်တီးရေးဆွဲပေးပါတယ်။ ဒါကြောင့် သင်တန်းကြေးနဲ့ပတ်သက်ရင်တော့ အားလုံးက တသမတ်တည်းရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သင်ကြားရေးနည်းစနစ်ဟာ သင့်အတွက်အောင်မြင်မှုကို အာမခံပေးနိုင်တာကြောင့် သင်သုံးလိုက်တဲ့ငွေကြေး ဟာ အကျိုးရှိတဲ့သုံးစွဲခြင်း ဖြစ်မှာပါ။