How To Get Self-Awareness

How To Get Self-Awareness

194 views

လုပ်ငန်းခွင်မှာ Self-Awareness ရရှိဖို့ ဘာတွေဆောင်ရွက်သင့်လဲ

ကိုယ့်ဆီမှာ Self-Awareness ရှိခြင်းအားဖြင့် အခြားသူတွေကို အလွယ်တကူနားလည်ပြီး လုပ်ငန်းခွင် မှာပျော်ရွှင်စွာနေထိုင်နိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့ သင့်လုပ်ငန်းခွင့်အတွင်းမှာ Self-Awareness အတွက် ထိရောက်စွာအထောက်အကူပြုနိုင်မယ့် အချက်တွေပဲဖြစ်ပါတယ်။ Self-Awareness ရှိခြင်းအားဖြင့် သင့်ရဲ့အားသာချက်၊ အားနည်းချက်၊ အတွေးအခေါ်၊ ယုံကြည်မှု၊ စိတ်ခံစားမှု၊ စိတ်တက်ကြွစေမှု အစရှိတဲ့ အရာတွေအားလုံးကို သုံးသပ်ဆင်ခြင်မိပြီး အောင်မြင်တဲ့ လုပ်ငန်းခွင်ဖြစ်စေမှာပါ။

(၁) အကောင်းမြင်ပါ

နေ့စဉ်အကောင်းမြင်စိတ်နဲ့ လုပ်ငန်းခွင်ကိုစတင်ခြင်းဟာ သင့်ကိုသင်ရော၊ သင့်လုပ်ငန်းခွင်ပတ်ဝန်း ကျင်ကိုပါ အောင်မြင်တဲ့ရလာဒ်ရစေမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲက ပဋိပက္ခ၊ အနှောက်အယှက်တွေ ဟာ သင့်ရဲ့အကောင်းမြင်စိတ်အောက်မှာ အလိုလိုပျောက်ကွယ်သွားပါလိမ့်မယ်။

(၂) နေ့စဉ်မှတ်တမ်းရေးပါ

ကိုယ့်ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေက ဘာလဲဆိုတာကို သဲသဲကွဲကွဲသိအောင် နေ့စဉ်မှတ် တမ်းချရေးဖို့လိုအပ်ပါတယ်။ အရင်တစ်ပတ်က ကိုယ်ဘာတွေလုပ်ခဲ့သလဲ၊ အခုတစ်ပတ်က ဘာတွေ ပိုထူးခြားအောင်လုပ်မလဲဆိုတဲ့အချက်တွေက အလုပ်ပိုင်းမှာရော ကိုယ်ရည်ကိုယ်သွေးပိုင်းမှာရော တိုးတက်စေမှာဖြစ်ပါတယ်။

(၃) ပန်းတိုင်ကို သဲသဲကွဲကွဲ သတ်မှတ်ပါ

ကိုယ်လုပ်နေတဲ့အလုပ်ကဘာလဲ၊ ကိုယ့်အဖွဲ့အစည်းရဲ့လိုချင်တဲ့ရလာဒ်ကဘာလဲဆိုတာကို သဲသဲကွဲ ကွဲသိရမှာဖြစ်ပါတယ်။ ဒါမှ အဲဒီပန်းတိုင်ဆီကို ကိုယ်ရော၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေပါ အတူလျှောက် လှမ်းနိုင်ကြမှာဖြစ်ပါတယ်။

(၄) တစ်နေ့တာအလုပ်ပြီးရင် သုံးသပ်ပါ

ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေအပြီးမှာ အားသာချက်၊ အားနည်ချက်တွေကို သုံးသပ် ဆင်ခြင်ကြည့်ပါ။ ဒီအချက်ဟာ အနာဂတ်ဆောင်ရွက်ရမယ့်အလုပ်တွေအတွက် အထောက်အကူအ များကြီးပြုလိမ့်မယ်ဆိုတာ ကိုယ်တွေ့သိရှိလာပါလိမ့်မယ်။

(၅) စိတ်တည်ငြိမ်မှုအတွက် တရားထိုင်ပါ

မနက်နဲ့ညနေတောင်မတူညီနိုင်တဲ့ကိုယ့်ရဲ့စိတ်အခြေအနေတွေ တည်ငြိမ်ဖို့ တရားထိုင်ခြင်းအပြင် ကိုယ်ဝါသနာပါတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြုလုပ်ခြင်းနဲ့ဆောင်ရွက်သင့်ပါတယ်။ အားကစား က စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတဲ့အပြင် ကျန်းမာရွှင်လန်းစွာနဲ့လုပ်ငန်းခွင်ကိုဖြတ်သန်းနိုင်မှာဖြစ်ပါ တယ်။

(၆) သူငယ်ချင်းတွေနဲ့ပျော်ပါ

လုပ်ငန်းခွင်မှာ သူငယ်ချင်းတွေထားပြီးသူတို့နဲ့ကွန်ရက်ချဲ့ထွင်သင့်ပါတယ်။ အချင်းချင်းယုံကြည်ရတဲ့ မိ်တ်ဆွေကောင်းတွေ လုပ်ငန်းခွင်မှာအရမ်းလိုအပ်တာပေါ့။ ဆိုတော့ သူငယ်ချင်းတွေနဲ့ TGIF တွေဖန် တီးတာလည်းမမှားပါဘူး။

(၇) သုံးသပ်ချက်တွေကိုလက်ခံပါ

ကိုယ့်လုပ်ငန်းခွင်ကလူတွေက ကိုယ့်ကိုဘယ်လိုပြောသလဲ၊ ဘာတွေ Feedback ပေးသလဲဆိုတာတွေ ကို ဂရုတစိုက်နားထောင်သင့်ပါတယ်။ ဒါမှ ရှေ့ဆက်ရမယ့်အလုပ်တွေအတွက် ပြင်သင့်တာပြင်လို့ရ အောင်ဖြစ်ပါတယ်။

– ENDS –

ဒီအချက်တွေအပါအဝင် Self-Awareness နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို Wall Street English ရဲ့ Social Class တစ်ခုမှာသင်ကြားခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ အခြားစိတ် ဝင်စားစရာအကြောင်းအရာတွေကိုလည်း သင်ကြားပေးနေတာမို့ သင်လည်း Wall Street English ရဲ့ သင်တန်းသားတစ်ယောက်ဖြစ်ချင်ရင် ဒီဖုန်းတွေကိုဆက်သွယ်လို့ရပါတယ်။

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay) ကိုသာ ဆက်လိုက်နော်။

How To Get Self-Awareness

How To Get Self-Awareness

143 views

Close Menu