You are currently viewing How to Improve English by Using Facebook

How to Improve English by Using Facebook

Facebook သုံးရင်း အင်္ဂလိပ်စာ တိုးတက်အောင်လုပ်နည်း

တစ်နေ့တာလုပ်ငန်းထဲမှာ Facebook ကအရေးပါနေပါသလား။ Facebook မသုံးရဘဲနဲ့လည်းမနေ နိုင်ဘူး၊ အင်္ဂလိပ်စာလည်းလေ့လာချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။ Facebook သုံးရင်း အင်္ဂလိပ် စာတိုးတက်လို့ရအောင်လုပ်ဆောင်မယ့်နည်းလမ်းတွေရှိတာပေါ့။
အောက်မှာဖော်ပြထားတဲ့အချက်တွေကိုလိုက်လုပ်ကြည့်ပါ။ တစ်လအတွင်းမှာ အင်္ဂလိပ်စာစွမ်းရည် သိသိသာသာကြီးတိုးတက်လာတာကို မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်။ မခက်ပါဘူး။ Facebook သုံးနေရင်းနဲ့ လိုက်လုပ်ကြည့်သွားရုံပါပဲ။ ပျော်လည်းပျော်ရတယ် အင်္ဂလိပ်စာစွမ်းရည်လည်းတိုးတက် လာတယ် ဆိုတော့ ဒီနေ့ပဲ လိုက်လုပ်ကြည့်စေချင်ပါတယ်။

(၁) မြန်ဂလိပ်လို မ Chat ပါနဲ့

ဇော်ဂျီနဲ့ ယူနီကုတ် အပြောင်းအလဲကာလမှာ ဖောင့်ပြသနာကြောင့် Myangalish က တစ်စခန်းထလာ နေပါတယ်။ ဒီရေစီးကြောင်းကိုမလိုက်ပါနဲ့။ အင်္ဂလိပ်စာလုံးတွေကိုသုံးရတဲ့ Myangalish နဲ့ ပြောမယ့်အတူတူ အင်္ဂလိပ်လို Chat ပါ။ မှားမှာမကြောက်ပါနဲ့။ တတ်သလောက်မှတ်သလောက်သာအင်္ဂလိပ် လို Chat ပါ။

(၂) Post တွေ Comment တွေကို အင်္ဂလိပ်လိုရေးပါ

ကိုယ်တင်တဲ့ ပို့စ်တွေကို အင်္ဂလိပ်လိုအတတ်နိုင်ဆုံးရေးပါ။ Google, Google translate နဲ့ အင်္ဂလိပ်စာကျွမ်း ကျင်တဲ့သူငယ်ချင်းတွေက မမှားအောင်ကူညီပေးနိုင်ပါလိမ့်မယ်။

(၃) အင်္ဂလိပ်ဟာသတွေကြည့်ပါ

အင်္ဂလိပ်လိုပြောပြီး မြန်မာလိုဘာသာပြန်ထားတဲ့ ဟာသတွေကို မကြာခဏကြည့်ပေးပါ။ တစ်နေ့ကို လေးငါးခု လောက်ကြည့်ရုံနဲ့တင် သင့်နားထောင်နိုင်စွမ်းရည်သိသိသာသာတိုးတက်လာပါလိမ့်မယ်။

(၄) အင်္ဂလိပ်သတင်းတွေဖတ်ပါ

အင်္ဂလိပ်လိုဆိုရင်မဖတ်ဘဲကျော်သွားတဲ့အခိုက်အတန့်တွေရှိတယ်မှလား။ အဲဒီလိုမလုပ်ပါနဲ့။ ဖတ်ကြည့်ပါ။ တစ်ဖြည်းဖြည်းနဲ့အာရုံဝင်စားလာပြီး နောက်တော့မဖတ်မနေနိုင်ဖြစ်သွားပါလိမ့်မယ်။

(၅) Online Shopping ကိုအင်္ဂလိပ်လိုလုပ်ပါ

အွန်လိုင်းပေါ်ကနေစျေးဝယ်တာမျိုး ပစ္စည်းမှာတာမျိုးလုပ်တဲ့အခါ အင်္ဂလိပ်လိုပြောကြည့်ပါ။ တစ်ဖက်ကလည်းသင်ရေးတဲ့အင်္ဂလိပ်စာကိုနားမလည်ရင်ဖုန်းနံပါတ်တောင်းပြီးဆက်ရုံအပြင်ဘာမှမရှိပါဘူး။ ဒါကြောင့် ကိုယ့်အင်္ဂ လိပ်စာတိုးတက်ဖို့ အင်္ဂလိပ်လိုအွန်လိုုင်းရှောပင် လုပ်ပါ။

(၆) အခမဲ့ရတဲ့သင်ခန်းစာတွေကြည့်ပါ

တစ်ချို့အင်္ဂလိပ်စာသင်တန်းကြော်ငြာတွေမှာ အခမဲ့တင်ထားပေးတဲ့ Video ဖို်င်တွေ၊ သင်ခန်းစာဖိုင်တွေကို Facebook သုံးရင်းကြည့်ဖြစ်အောင်ကြည့်ပါ။ Page တွေကိုမှတ်မိလာရင် တစ်နေ့ကိုသုံးလေးခေါက်ဝင်ကြည့်ပြီး သူတို့ရဲ့ Quiz တွေ သင်ခန်းစာတွေကိုလိုက်လုပ်ကြည့်ပါ။

– ENDS –

အဲဒီအတိုင်းတစ်လလောက်သာလုပ်သွားပါ။ မထင်မှတ်ထားတဲ့တိုးတက်လာမှုကိုတွေ့ရပါလိမ့်မယ်။ ကိုယ်ကြိုက် တဲ့အချိန်မှာအင်္ဂလိပ်စာလေ့လာနိုင်ဖို့က သင်တန်းချိန် Flexible Schedule ဖြစ်မှအဆင်ပြေမှာပါ။ ဒီလိုသင်တန်း က Wall Street English တစ်ခုပဲရှိတာမဟုတ်လား။
အနာဂတ်အင်္ဂလိပ်စာပန်းတိုင်အတွက် ချိတ်ဆက်လိုက်ပါ။

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay)