You are currently viewing How to Improve your Listening and Speaking

How to Improve your Listening and Speaking

Listening နဲ့ Speaking စွမ်းရည်တိုးတက်အောင် ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာ လေ့လာနေကြတဲ့သူတော်တော်များများဟာ အင်္ဂလိပ်စကားပြော တဲ့အခါ တုံ့ဆိုင်းနေ တတ်တာမျိုး၊ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ရာနှုန်းပြည့်မပြောနိုင်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုးဖြစ်တတ်ပါတယ်။ ဒီနည်းလမ်းလေးတွေကတော့ အင်္ဂလိပ်စကားပြောကျွမ်းကျင်ဖို့ အတွက်အသုံးတည့်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) ကလေးလိုနားထောင်ပါ

ကျွန်တော်တို့ရဲ့နားထောင်နိုင်စွမ်းရည်ဟာ မိခင်ဗိုက်ထဲကထွက်တာနဲ့စတင်ပါတယ်။ အဲဒီအချိန်က တည်းက ကြားရသမျှအသံတွေကိုနားထောင်ပြီး ပြန်လည်အသုံးချတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးတုန်းကလိုပဲအရာရာတိုင်းကိုနားထောင်ရမှာဖြစ်ပါတယ်။ ဘာမှကိုမစဉ်းစားပါနဲ့။ ကြားသမျှနား ထောင်ပါ၊ ဘာပြောတာလဲနားမလည်လည်းပြသနာမရှိသေးပါဘူး။ နားမလည်မှာကြောက်လို့နားမ ထောင်ဘဲမနေပါနဲ့။ Grammar မှားနေသလား၊ ၀ါကျမှားနေသလား ဆိုတာကိုလည်းမဆန်းစစ်ဘဲ နားထောင်ပါ။

(၂) နားထောင်သူကောင်းတစ်ယောက် ဖြစ်ပါစေ

Listening အတွက် အချက် သုံးခုရှိပါတယ်။ ပြောသူရဲ့အသံကိုလက်ခံနားထောင်ခြင်း (Receiving) ၊ ကိုယ့်နားထဲရောက်လာမယ့်စကားလုံးတွေကို စောင့်ခြင်း (Waiting) နဲ့ နားလည်သဘောပေါက်ခြင်း (Understanding) တို့ပဲဖြစ်ပါတယ်။ ဒီသုံးချက်ကို ပိုင်နိုင်ဖို့ အာရုံစိုက်နားထောင်တတ်တဲ့အလေ့အကျင့် ရှိဖို့လိုပါတယ်။ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ နားထောင်ကောင်းသူတစ်ယောက်ဖြစ်ရမယ် ဆိုတဲ့အတိုင်းပါပဲ။

(၃) ဘယ်လိုပြောမလဲဆိုတဲ့နည်းလမ်းကို နားထောင်ခြင်းကနေ ရပါတယ်

နားထောင်ပြီးတာနဲ့ စကားပြောဖို့စတင်ပါပြီ။ ကိုယ်နားရည်ဘယ်လောက်ဝခဲ့သလဲဆိုတာ စကားစပြော ပြီပဲဖြစ်ပါတယ်။ အခြားသူဆီကကြားသမျှကို ပုံတူပွားပြီး သင်စကားပြောနိုင်ပြီဖြစ်ပါတယ်။ ပြောတတ် ခါစမှာတော့ အမှားတွေရှိပါမယ်၊ အဲဒီအမှားတွေကို ဂရုမစိုက်ပါနဲ့။ ရဲရဲပြောပါ။ ပြန်ပြောပါ။ ခဏခဏ လေ့ကျင့်ပါ။ လေ့ကျင့်ခြင်းကနေ မမျှော်လင့်တဲ့အကျိုးရလာဒ်တွေရလာပါလိမ့်မယ်။ ကိုယ်တိုင်တောင် မထင်မှတ်ထားတဲ့ စကားလုံးအသစ်တွေ စကားစုအသစ်တွေကို ပြောထွက်လာပါလိမ့်မယ်။ မိခင်ဘာ သာစကားမဟုတ်တဲ့ အခြားဘာသာစကားကို သူတစ်ပါးပြောနေတဲ့အချိန်မှာ သူ့ရဲ့လေယူလေသိမ်း တွေကို သေချာအာရုံစိုက်နားထောင်ရမှာဖြစ်ပါတယ်။

(၄) စကားပြောကောာင်းသူဖြစ်ဖို့ ဒီအချက်တွေလိုပါတယ်

စကားပြောကောင်းသူဖြစ်ဖို့ နားထောင်သူကောင်းတစ်ယောက်ဖြစ်ရမယ်လိုဆိုခဲ့တဲ့အတိုင်းပါပဲ။ စကား ပြောကောင်းဖို့အတွက် ကိုယ်တစ်ခုခုကိုမပြောမီ စက္ကန့်နည်းနည်းလေးသုံးပြီးစဉ်းစားပါ၊ မိခင်ဘာသာ စကားအနေနဲ့တိုက်ရိုက်ဘာသာပြန်ပြီးမပြောပါနဲ့၊ ဖြည်းဖြည်းချင်းမှန်မှန်လေးပြောတတ်အောင်ကြိုးစား ပါ၊ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာ ရှိပါစေ၊ Because, But, and, or, so အစရှိတဲ့ Linking စကားလုံးတွေကို သုံးနိုင်သမျှသုံးပါ ဒီစကားလုံးတွေက သင့်ကိုဝါကျအရှည်ကြီးပြောတတ်အောင် ဆွဲ ခေါ်ပေးတဲ့စကားလုံးတွေဖြစ်ပါတယ်။

(၅) ဘယ်လိုလေ့ကျင့်မလဲ

အုပ်စုလိုက်စကားဝိုင်းတွေမှာ ဝင်ပါပြီးစကားပြောလေ့ကျင့်ပါ။ လက်တွေ့နဲ့နီးစပ်တဲ့ပတ်ဝန်းကျင် အကြောင်းကို ပြောပါ။ တစ်ယောက်တည်းရှိနေတဲ့အချိန် စကားကျယ်ကျယ်ပြောပြီးလေ့ကျင့်ပါ။ ကိုယ် ရေးတဲ့စာကို နှစ်ကြိမ်သုံးကြိမ်အသံထွက်ဖတ်ပါ။ Native speaker တွေရဲ့ပြောတဲ့အသံကိုသေချာနား ထောင်ပြီးလိုက်ပြောကြည့်ပါ။


– ENDS –

ဒီနည်းလမ်းတွေကတော့ သင့်ကို Listening နဲ့ Speaking စွမ်းရည်တိုးတက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ပိုင်နိုင်ကျွမ်းကျင်မှုကို လိုအပ်နေပြီဆိုရင် တော့ Wall Street English က ကူညီပေးနိုင်ပါတယ်။

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay) 
×××××