IELTS
သင့်အတွက် ကမ္ဘာကြီးတစ်ခုလုံးသွားလာနိုင်မည့်လက်မှတ် ဖြစ်သည့် IELTS
IELTS ဟာ လူသိအများဆုံးနဲ့ ယုံကြည်မှုအမြင့်မားဆုံးခံယူရရှိထားတဲ့ အဂၤလိပ္ဘာသာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်တစ်ခု ဖြစ်ပါတယ်။ အဲဒါကို ကမ္ဘာပေါ်က အဖွဲ့အစည်းများစွာ၊ နိုင်ငံများစွာက လက်ခံထားကြပါတယ်။ သင့်အနေနဲ့ ဒီနေရာကိုရောက်နေပြီဆိုရင် ဒါဟာ သင်လိုချင်တဲ့ IELTS ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ပထမဆုံးအဆင့်ပဲဖြစ်ပါတယ်။
IELTS ဆိုတာဘာလဲ
IELTS ဟာ “အပြည်ပြည်ဆိုင်ရာ အဂၤလိပ္ဘာသာစကားစစ်ဆေးမှုစနစ်” ရဲ့အတိုကောက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပညာရေးနဲ့ ရွှေ့ပြောင်းနေထိုင်မှုတို့အတွက် လူသိအများဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး အဂၤလိပ္ဘာသာစကားကျွမ်းကျင်တတ်မြောက်မှု စစ်ဆေးချက်တစ်ခုဖြစ်ပါတယ်။ IELTS ဟာ လေ့လာသင်ယူသူတွေရဲ့အရေး၊ အဖတ်၊ အပြော၊ အကြားဆိုတဲ့ စွမ်းရည်၄မျိုးစလုံးကို အကဲဖြတ်သုံးသပ်ပေးပါတယ်။ IELTS နောက်ဆုံးရမှတ်ဟာ စစ်ဆေးမှုခံယူသူအနေနဲ့ အဂၤလိပ္ဘာသာစကားကို လက်တွေ့ဘဝမှာ ဘယ်လောက်အထိကျွမ်းကျင်စွာအသုံးပြုနိုင်မယ်ဆိုတာကို ထင်ဟပ်နေတဲ့အချက်ပဲဖြစ်ပါတယ်။
IELTS ရဲ့အဆင့်၉ဆင့်ပါ အရည်အချင်းသတ်မှတ်ချက်ဆိုတာ ဘာလဲ










IELTS ဟာ ဘာကြောင့် မရှိမဖြစ်အရေးပါတာလဲ
IELTS ဟာ ကမ္ဘာတစ်ဝန်းလုံးက တံခါးတွေကို ဖွင့်နိုင်ဖို့အတွက် မရှိမဖြစ်တဲ့လက်မှတ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အချို့သောကောင်းကျိုးတွေကို ပြောရရင်

ကမ္ဘာတစ်ဝန်းအသိအမှတ်ပြုထားခြင်း
IELTS အသိအမှတ်ပြုလက်မှတ်ကို နိုင်ငံပေါင်း၁၃၅နိုင်ငံအထက်မှာရှိတဲ့ အဖွဲ့အစည်းပေါင်း ၉၀၀၀ကျော်အတွက် လိုအပ်ပါတယ်။

လိုအပ်ချက်တွေအားလုံးအတွက် အသုံးဝင်ခြင်း
IELTS ကို ပညာရေး၊ ပြည်ဝင်ခွင့်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ဘာသာစကားတတ်ကျွမ်းမှုအထောက်အထားအနေနဲ့ သုံးနိုင်တယ်

ယုံကြည်ထိုက်တဲ့ အကဲဖြတ်စစ်ဆေးခြင်း
IELTS ဟာ စစ်ဆေးမှုတစ်ခုချင်းစီအတွက် တင်းကျပ်တဲ့စံနှုန်းတွေချမှတ်ထားတာကြောင့် ရလဒ်ဟာ သင်ယူသူရဲ့အဂၤလိပ္စာကျွမ်းကျင်မှုအဆင့်ကို တိကျစွာထင်ဟပ်နေမှာဖြစ်ပါတယ်။

သင်ယူသူရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး အမျိုးအစားအမျိုးမျိုးရှိတယ်
အထွေထွေ IELTS ၊ ပညာရေးဆိုင်ရာ IELTS နှင့် IELTS ဘဝတွက်တာစွမ်းရည်
ဘယ်လို IELTS စစ်ဆေးမှုအမျိုးအစားကို ရွေးချယ်ရမလဲ
လူတစ်ဦးချင်းအလိုက် လိုအပ်ချက်အမျိုးမျိုးနဲ့ကိုက်ညီတဲ့ IELTS စစ်ဆေးမှုအမျိုးအစား၃မျိုးရှိတယ်
– အထွေထွေ IELTS မှာ ပညာရေးဆိုင်ရာဘာသာရပ်ခွဲနဲ့ အထွေထွေလေ့ကျင့်သင်ကြားရေး ဘာသာရပ်ခွဲတို့ ပါဝင်တယ် (စစ်ဆေးမှုဆိုင်ရာဌာနတိုင်းမှာ မရှိနိုင်ဘူး)
– IELTS ပညာရေးဆိုင်ရာစစ်ဆေးမှုဟာ အဂၤလိပ္စကားပြောနိုင်ငံတစ်ခုခုက တက္ကသိုလ်တွေရဲ့ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန်အဆင့်မှာ တက်ရောက်ချင်တဲ့လူတွေအတွက် သို့မဟုတ် အသက်မွေးဝမ်းကျောင်းအဖွဲ့အစည်းတစ်ခုခုကို ဝင်ရောက်ချင်တဲ့လူတွေအတွက် ဖြစ်တယ်။
– IELTS အထွေထွေလေ့ကျင့်သင်ကြားရေးစစ်ဆေးမှုကတော့ အဂၤလိပ္စကားပြောနိုင်ငံတစ်ခုခုမှာ ဘွဲ့ဒီဂရီထက်နိမ့်တဲ့အဆင့်မှာ တက်ရောက်ချင်သူတွေ၊ အလုပ်လုပ်နေသူတွေ သို့မဟုတ် အလုပ်နဲ့ပတ်သက်တဲ့ လေ့ကျင့်သင်ကြားမှုကို ခံယူနေသူတွေနဲ့ အဂၤလိပ္စကားပြောနိုင်ငံကို ပြောင်းရွှေ့နေထိုင်တဲ့သူတွေအတွက် ဖြစ်တယ်။
– UKVI အတွက် IELTS ဆိုတာ ဗြိတိန်အစိုးရမှ ထောက်ခံအတည်ပြုထားသည့် တိကျသေချာသော အဂၤလိပ္ဘာသာစကားစစ်ဆေးချက် (SELT) ဖြစ်ပါတယ်။
– ဗြိတိန်မှာ ဘွဲ့ဒီဂရီထက်နိမ့်တဲ့အဆင့်မှာ တက်ရောက်ချင်လို့ လျှောက်ထားသူတွေ၊ အထူးသဖြင့် ပညာရေးအတွက် အခြေခံအဂၤလိပ္စာအစီအစဉ် သို့မဟုတ် အခြေခံအုတ်မြစ်ချသင်တန်းကို တစ်နှစ်တက်ရောက်ဖို့လိုသူတွေအတွက် ဖြစ်ပါတယ်
– ရမှတ်ကို ဗြိတိန်ဗီဇာနဲ့ ပြည်ဝင်ခွင့် (UKVI) လျှောက်ထားဖို့အတွက် ကိုယ့်ရဲ့အဂၤလိပ္ဘာသာစကားကျွမ်းကျင်မှုအထောက်အထားအဖြစ် အသုံးပြုနိုင်ပါတယ်။
– IELTS ဘဝတွက်တာစွမ်းရည်ဟာ ဥရောပဘာသာစကားများအတွက် ဘုံရည်ညွှန်းမူဘောင် (CEFR) နဲ့အညီ ကိုယ့်ရဲ့ အဂၤလိပ္ဘာသာစကားကျွမ်းကျင်မှုကို သက်သေပြဖို့အတွက် လိုအပ်ပါတယ်။
– IELTS ဘဝတွက်တာစွမ်းရည်ရမှတ်ကို ဗြိတိန်မိသားစုဗီဇာ သို့မဟုတ် အခြေချနေထိုင်ခွင့်ရရေး လျှောက်ထားမှုအတွက် အထောက်အကူအနေနဲ့ အသုံးပြုနိုင်ပါတယ်။ A1 အဆင့် (မိသားစု၊ အိမ်ထောင်ဖက် သို့မဟုတ် စီးပွားဖက် ဗီဇာအတွက်) သို့မဟုတ် B1 အဆင့် (နိုင်ငံသားခံယူခွင့်/ အခြေချနေထိုင်ခွင့်ဗီဇာအတွက်) စသည်ဖြင့် ဖြစ်ပါတယ်။
– ဒီစစ်ဆေးမှုမှာ အကြားနဲ့ အပြောပိုင်းတွေသာ ပါဝင်ပါတယ်။
IELTS အတွက် ကြိုတင်ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့အချက်အလက်အားလုံးဟာ ဟောဒီ e-book ထဲမှာ ပါဝင်ပါတယ်။ အခုပဲရယူလိုက်ပါ။
e-book ကို download ရယူဖို့အတွက် ပုံစံကိုဖြည့်ပေးပါ။