IELTS အတွက် ကြိုတင်ပြင်ဆင်ခြင်း

စစ်ဆေးမှု၏ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပိုမိုအသေးစိတ်ကျသော အချက်များ

IELTS စစ်ဆေးမှုမှာ ပါဝင်တဲ့ အပိုင်းတစ်ပိုင်းစီရဲ့ဖွဲ့စည်းပုံ၊ ခက်ခဲမှုနဲ့ အချိန်သတ်မှတ်ချက်တွေဟာ စစ်ဆေးမှုအမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။

အကြားစွမ်းရည်

ခွင့်ပြုချိန် – ၃၀မိနစ်
အဂၤလိပ္စကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသူတွေရဲ့စကားတွေကို အသံသွင်းထားတာ၄ပုဒ်ကို နားထောင်ရမှာဖြစ်ပြီး ပြောဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အောက်ပါအတိုင်းဖြေဆိုရမှာပါ။
အသံသွင်းချက် ၁ – လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေအကြောင်း လူနှစ်ယောက်အပြန်အလှန်ပြောဆိုမှုတွေ။
အသံသွင်းချက် ၂ – လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေအပေါ် အခြေခံထားတဲ့ လူတစ်ဦးတည်းရဲ့ပြောဆိုချက်တွေ
အသံသွင်းချက် ၃ – ပညာရေး သို့မဟုတ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး လူ၄ယောက်အထိ အပြန်အလှန်ပြောဆိုဆွေးနွေးမှုတွေ။
အသံသွင်းချက် ၄ – ပညာရေးဆိုင်ရာအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး လူတစ်ဦးတည်းရဲ့ပြောဆိုချက်တွေ

အဖတ်စွမ်းရည်

ခွင့်ပြုချိန် – ၆၀မိနစ်
စုစုပေါင်းမေးခွန်း၄၀ကို အပိုင်း၃ပိုင်းခွဲခြားထားတဲ့ စစ်ဆေးမှုကို ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းအမျိုးအစားက ၁၀မျိုး သို့မဟုတ် ၁၁မျိုးပါဝင်ပါတယ်။ အထွေထွေ IELTS စစ်ဆေးမှုနဲ့ ပညာရေးဆိုင်ရာ IELTS စစ်ဆေးမှုတို့ရဲ့ အဖတ်စွမ်းရည်ပိုင်းမေးခွန်းတွေမှာ ကွဲပြားခြားနားမှုရှိပါတယ်။

အထွေထွေ IELTS စစ်ဆေးမှု
လူမှုရေး၊ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ အကြောင်းအရာများကို ရေးသားထားသည့်စာများ။

ပညာရေးဆိုင်ရာ IELTS စစ်ဆေးမှု
ပညာရေးဆိုင်ရာ အရင်းအမြစ်များမှ ရယူထားသော ဘွဲ့ကြို သို့မဟုတ် ဘွဲ့ရအဆင့်ရှိ အဆင့်မြင့်စာများ။

အရေးစွမ်းရည်

ခွင့်ပြုချိန် – ၆၀မိနစ်
အထွေထွေ IELTS စစ်ဆေးမှုနဲ့ ပညာရေးဆိုင်ရာ IELTS စစ်ဆေးမှုတို့ရဲ့အရေးစွမ်းရည်ပိုင်းမေးခွန်းတွေမှာ ကွဲပြားခြားနားမှုရှိပါတယ်။
+ တာဝန် ၁ – ပေးထားသောအခြေအနေတစ်ရပ်ကို တုံ့ပြန်သည့်အနေနှင့် စာလုံးရေ ၁၅၀ခန့်ဖြင့် ပေးစာတစ်စောင်ရေးပါ။ (ဥပမာ သတင်းအချက်အလက်မေးမြန်းခြင်း၊ အခြေအနေတစ်ရပ်ကို ရှင်းပြခြင်း…) သင်ရေးသားသည့်ဟန်ပန်မှာ လူချင်းရင်းနှီးသည့်ဟန်၊ တစိတ်တပိုင်း အလေးအနက်ထားသည့်ဟန် သို့မဟုတ် အပြည့်အဝ အလေးအနက်ထားသည့်ဟန် ဖြစ်နိုင်သည်။
+ တာဝန် ၂ – အမြင်ရှုထောင့်တစ်ရပ်၊ အဆိုပြုချက်တစ်ရပ် သို့မဟုတ် ပြဿနာတစ်ရပ်ကို တုံ့ပြန်သည့်အနေနှင့် စာလုံးရေ ၂၅၀ခန့်ဖြင့် စာစီစာကုံးတစ်ပုဒ်ရေးပါ။ သင်ရေးသားသည့်ဟန်ပန်မှာ အသင့်အတင့် လူချင်းရင်းနှီးသည့်ဟန် သို့မဟုတ် လွတ်လပ်ပေါ့ပါးသည့်ဟန် ဖြစ်နိုင်သည်။

ပညာရေးဆိုင်ရာ IELTS စစ်ဆေးမှု
+ တာဝန် ၁ –  ဇယားကွက်တစ်ကွက်၊ သရုပ်ပြပုံတစ်ပုံတွင်ပါဝင်သည့် အချက်အလက်များကို ရှင်းလင်းရေးသားပါ၊ အနှစ်ချုပ်ပြပါ သို့မဟုတ် ရှင်းပြပါ။
+ တာဝန် ၂ –  အမြင်ရှုထောင့်တစ်ရပ်၊ အဆိုပြုချက်တစ်ရပ် သို့မဟုတ် ပြဿနာတစ်ရပ်ကို တုံ့ပြန်သည့်အနေနှင့် စာလုံးရေ ၂၅၀ခန့်ဖြင့် စာစီစာကုံးတစ်ပုဒ်ကို အလေးအနက်ထားသည့်ဟန်ဖြင့် ရေးပါ။

အပြောစွမ်းရည်

ခွင့်ပြုချိန် – ၁၁ မှ ၁၄မိနစ်
ဒါကတော့ စာမေးပွဲစစ်သူတစ်ဦးနဲ့ ဖြေဆိုသူတစ်ဦး မျက်နှာချင်းဆိုင် အင်တာဗျူးအမေးအဖြေပဲဖြစ်ပါတယ်။ အသံသွင်းထားမှာပါ။ ဒီစစ်ဆေးမှုမှာ အပိုင်း၃ပိုင်းပါပါတယ်။
အပိုင်း ၁
မိသားစုအကြောင်း၊ အလုပ်နဲ့ ဝါသနာအကြောင်းတွေပါဝင်တဲ့ ကိုယ်နဲ့ရင်းနှီးမှုရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး နိဒါန်းပျိုးတဲ့မေးခွန်းတွေ (၄-၅ မိနစ်)
အပိုင်း ၂
အကြောင်းအရာတစ်ခုကို ကိုယ်စားပြုဖော်ပြထားတဲ့ ကတ်ပြားတစ်ပြား သင့်ကိုပေးမယ်။ သင့်အနေနဲ့ ပြင်ဆင်ဖို့ အချိန်တစ်မိနစ်ရမှာဖြစ်ပြီး ပြီးရင်တော့ အဲဒီပေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ ၂မိနစ်ကြာအောင် ပြောရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ နောက်ဆက်တွဲထပ်မံစစ်ဆေးတဲ့ မေးခွန်းအတိုတစ်ခုကို ဆက်လက်ဖြေဆိုရပါမယ်။ (၃-၄ မိနစ်)
အပိုင်း ၃
ဖြေဆိုသူတွေဟာ အပိုင်း၂မှာပါတဲ့ အကြောင်းအရာနဲ့ပဲပတ်သက်ပြီး မေးခွန်း ၄ခု၅ခု ဖြေဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဖြေတွေကတော့ ပိုမိုရှည်လျားရမှာဖြစ်ပြီး သူတို့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ အဲဒါကိုပံ့ပိုးပေးနိုင်မယ့် ရှင်းလင်းချက်တွေ ပါဝင်ရပါမယ်။

IELTS အတွက် ကြိုတင်ပြင်ဆင်ရန် အကြံပြုချက်များ

Wall Street English ဟာ IELTS စစ်ဆေးမှုအတွက် သင်ကောင်းစွာပြင်ဆင်နိုင်အောင် ကူညီပေးမယ့် မသိမဖြစ် အသုံးဝင်တဲ့အကြံပြုချက်တွေအားလုံးကို ဒီ e-book ထဲမှာ ထည့်သွင်းပေးထားပါတယ်။ 

e-book ကို download ရယူဖို့အတွက် ပုံစံကိုဖြည့်ပေးပါ။