အင်္ဂလိပ်စာ Beginner အဆင့်ကနေ တိုးတက်အောင်ဘယ်လိုလုပ်မလဲ
အင်္ဂလိပ်စာ အခြေခံအဆင့်ကိုတော့ တော်တော်များများရောက်ရှိနေကြပေမယ့် ထပ်မံတိုးတက်ဖို့ကို တော့ တစိုက်မတ်မတ်လုပ်ကြတာနည်းပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းတွေကတော့ အင်္ဂလိပ်စာ Beginner အဆင့်ကနေ တစ်ဖြည်းဖြည်းတိုးတက်အောင်လုပ်ဖို့ အလွယ်ကူဆုံးသောနည်းလမ်းလေး တွေဖြစ်ပါတယ်။
(၁) နေ့တိုင်းနားထောင်ပါ
ပထမဆုံးသောနည်းလမ်းကတော့ အင်္ဂလိပ်သီချင်း ဒါမှမဟုတ် အင်္ဂလိပ်စကား ကို နေ့တိုင်းနားထောင် ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းကလွယ်ကူသလို အပန်းတကြီးလုပ်ရမယ့်အရာလည်းမဟုတ်ပါဘူး။ အင်္ဂ လိပ်သီချင်းလေးငါးပုဒ်လောက်ကို ကားစီးရင်း၊ လမ်းလျှောက်ရင်းအလွယ်တကူနားထောင်နိုင်ပါတယ်။
(၂) အင်္ဂလိပ်စကားပြောတဲ့သူနဲ့မိတ်ဆွေဖွဲ့ပါ
ကိုယ့်ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကားပြောတဲ့သူများရှိရင် သူနဲ့မိတ်ဆွေဖွဲ့ပြီးအင်္ဂလိပ်လိုနေ့တိုင်းပြော ကြည့်ပါ။ ကိုယ်က ရှက်တတ်တဲ့သူဆိုရင်တော့ ရုပ်ရှင်ကားတွေကြည့်ပြီး လိုက်ပြောလေ့ကျင့်နိုင်တဲ့ နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။
(၃) အင်္ဂလိပ်လိုရေးထားတဲ့ ပုံပြင်လေးတွေဖတ်ပါ
ကလေးတွေအတွက်ရည်ရွယ်ရေးထားတဲ့ပုံပြင်စာအုပ်လေးတွေရှိပါတယ်။ ကိုယ်မဖတ်ရသေးတဲ့ ကိုယ်နဲ့ စိမ်းနေသေးတဲ့ ပုံပြင်စာအုပ်လေးတွေကိုရွေးချယ်ပြီးဖတ်ပါ။ ကိုယ်သိပြီးသားဇာတ်လမ်းဆိုရင် မဖတ်ချင်တော့တာမျိုးဖြစ်တတ်လို့ပါ။ ကလေးစာအုပ်ကနေ တစ်ဖြည်းဖြည်းချင်း အဆင့်မြှင့်သွားပြီး ဖတ်နိုင်ပါတယ်။
(၄) စကားလုံးအသစ်တွေကို ချရေးပါ
ကိုယ်က ဒီနေ့စကားလုံးအသစ်တစ်လုံးကို ရသွားတယ်ဆိုပါစို့။ နေ့စဉ်ဒိုင်ယာရီထဲမှာပဲဖြစ်ဖြစ်၊ Notes ထဲမှာဖြစ်ဖြစ် အဲဒီစကားလုံးကိုချရေးပြီးအသုံးပြုပါ။ အကောင်းဆုံးကတော့ စာအုပ်လေးတစ်အုပ် သပ်သပ်ထားပြီး ကိုယ်ရထားတဲ့ စကားလုံးအသစ်တွေကိုနေ့စဉ်ချရေးသင့်ပါတယ်။
(၅) အင်္ဂလိပ်လိုရေးကြည့်ပါ
ကိုယ်မြန်မာလိုရေးနေကျ အကြောင်းအရာတစ်ချို့ကိုအင်္ဂလိပ်လိုရေးဖို့စတင်လိုက်ပါ။ Simple sentence ကနေစပြီး တစ်ကြောင်းချင်းရေးကြည့်ပါ။ ရထားတဲ့စကားလုံးအသစ်တွေကိုသုံးပါ။ တစ် ဖြည်းဖြည်းချင်းတိုးတက်လာပါလိမ့်မယ်။
(၆) အင်္ဂလိပ်စာနဲ့ဆက်နွယ်တဲ့ပတ်ဝန်းကျင်တွေကို ထိတွေ့ပါ
အင်္ဂလိပ်လိုပြောရတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို သွားလည်မှမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာတင် Total English environment အများကြီးရှိပါတယ်။ နောက်ဆုံး အိမ်မှာနေရင်တော့ မြန်မာစာတမ်းထိုး အင်္ဂလိပ်ရုပ်ရှင်ကားတွေနဲ့အလွယ်တကူထိတွေ့လို့ရပါတယ်။ အဓိကတော့ အင်္ဂလိပ်စာနဲ့ဆက်နွယ်နေ တဲ့ပတ်ဝန်းကျင်နဲ့ နေ့စဉ်ရင်းနှီးဖို့ပါပဲ။
– ENDS –
Total English environment တစ်ခုဖြစ်တဲ့ Wall Street English မှာတော့ အချိန်တိုအတွင်း အင်္ဂလိပ် စာတိုးတက်ဖို့အတွက် သင်ကြားပေးနေပါတယ်။ သင်လည်း Wall Street English သင်တန်းသားဖြစ်လို့ရတာပေါ့။
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay) ကိုသာ ဆက်လိုက်နော်။