ဘာသာစကားတစ်ခုသင်ကြားဖို့ စိတ်ခွန်အားဘယ်လိုယူမလဲ
ဘာသာစကားတစ်ခုသင်ကြားဖို့အတွက် အခက်အခဲ တွေ့ကြုံရတဲ့သူတွေအများကြီးမှ အများကြီးပါပဲ။ တစ်ချို့ကအတတ်မြန်ပေမယ့် အချိန်မပေးနိုင်ဘူး၊ တစ်ချို့ကျတော့ တတ်မြောက်ဖို့ခက်ခဲနေတတ်တာ မျိုးတွေလည်းရှိပါတယ်။ ဘာကြောင့်များ လူတွေဟာကိုယ့်ရဲ့ပန်းတိုင်ကိုအလွယ်တကူနဲ့အမြန်ဆုံးနည်း လမ်းကိုသုံးပြီးမသွားနိုင်ကြတာပါလဲ။ ဘာသာစကားတစ်ခုကိုသင်ချင်ရက်သားနဲ့ ဘာကြောင့်များ မသင်နိုင်၊ မတတ်နိုင်၊ သင်တန်းမသွားနိုင်ဖြစ်နေတာပါလိမ့်။ ဒီလိုမေးခွန်းမျိုးရှိလာပြီဆိုရင်တော့ ကိုယ့် ကိုယ်ကိုယ်ဆန်းစစ်ဖို့လိုလာပါပြီ။ အောက်မှာဖော်ပြထားတဲ့အချက်တွေကတော့ သင်ဟာ အင်္ဂလိပ် ဘာသာစကားဒါမှမဟုတ် အခြားဘာသာစကားတစ််ခုခုကို သင်ယူတတ်မြောက်ဖို့ ကြန့်ကြာနေတဲ့ အချက်တွေကိုဖယ်ရှားပေးပြီး သင့်ရဲ့ Passion အစစ်အမှန်တိုးပွားလာစေပါလိမ့်မယ်။
ဘာလုပ်သင့်လဲ
အရင်ဆုံးအနေနဲ့ ထိုင်ခုံတစ်ခုံပေါ်ထိုင်ပြီး မိနစ်အနည်းငယ်လောက်အချိန်ပေးစဉ်းစားကြည့်ပါ။ ငါဟာ တကယ်ပဲ ဒီဘာသာစကားကိုလေ့လာချင်တာလား၊ ဘာကြောင့်လဲ ဆိုတဲ့အကြောင်းတွေကို သေသေ ချာချာတွေးကြည့်ပါ။ စဉ်းစားပြီးတာနဲ့ စာရွက်လေးတစ်ရွက်ကိုယူပြီး ကိုယ်ဘာကြောင့် အခြားဘာသာ စကားတစ်မျိုးကိုသင်ယူတတ်မြောက်ချင်ရတာလဲဆိုတာကိုချရေးပါ။ ဘယ် Level အထိတတ်မြောက်ဖို့ ရည်ရွယ်ထားတာလဲဆိုတာကိုလည်းခိုင်မာပြတ်သားစွာချရေးဖို့လိုပါတယ်။ (ဥပမာအားဖြင့် Wall Street English မှာဆိုရင် Level 1 ကနေ Level 20 အထိရှိပါတယ်။)
အဲဒီနှစ်ချက်ကိုချရေးပြီးသွားရင် နောက်ထပ်စာရွက်တစ်ရွက်ကိုယူလိုက်ပါ။ အဲဒီစာရွက်ပေါ်မှာတော့ ကိုယ်သင်ယူချင်တဲ့ဘာသာစကားတတ်မြောက်ပြီးသွားရင် ကိုယ်ဘာတွေတိုးတက်သွားမလဲဆိုတဲ့ အချက် (၁၀၀) ကိုချရေးကြည့်ပါ။ ဟုတ်ပါတယ် အချက် (၁၀၀) ပါ။ အကြောင်းပြချက်တစ်ခုကို တစ် ကြောင်းစီပေါ့။ အလုပ်အကိုင်အကြောင်း၊ သူငယ်ချင်းတွေ၊ မိသားစုတွေကိုပါအကျိုးပြုမ ယ့်အကြောင်း တွေအားလုံးကိုချရေးနိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ အချက်တွေအကုန်လုံးကိုဖတ်ပြီး ကိုယ့်အတွက်တကယ်တမ်းအရေးအပါဆုံးအချက်တွေကို ခရေပွင့်လေးနဲ့ မှတ်သားထားပါ။ ခရေပွင့်အမှတ်အသားလေးတွေကိုဖတ်ပြီး ကိုယ့်ဘဝအတွက်တ ကယ်ပဲအရေးပါတာလား၊ ဘဝပန်းတိုင်ကို ဘာသာစကားကတကယ်ပြောင်းလဲနိုင်သလား ဆန်းစစ် ပေးပါ။
ဒီတစ်ခါတော့ ဘာသာစကားသင်ယူခြင်းအတွက် အကျိုးကျေးဇူးကိုချရေးဖို့အချိန်ရောက်ပါပြီ။ ကတ်လေးတစ်ကတ်ကိုယူပြီး အဲဒီအကျိုးကျေးဇူးတွေကိုချရေးထားလိုက်ပါ။ ကိုယ်သွားရာနောက်ကို အဲဒီကတ်လေးကိုအိတ်ထဲမှာဆောင်ထားပြီး အနည်းဆုံးတစ်နေ့တစ်ကြိမ်ထုတ်ကြည့်စေလိုပါတယ်။ ဒါက သင့်ရဲ့ဘာသာစကားပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံးသော စိတ်ဓါတ်ခွန်အား ဖြစ်ပါတယ်။
– ENDS –
အမြဲတမ်းစိတ်ခွန်အားတွေပေးနိုင်ပြီးထိရောက်တဲ့သင်ခန်းစာတွေနဲ့ အင်္ဂလိပ်စာသင်လိုရင်တော့ Wall Street English ရှိတဲ့အကြောင်းလေးလည်းပြောပြပါရစေ။
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay)