How to Prepare Your Exam

How to Prepare Your Exam

19 views

စာမေးပွဲကို ဘယ်လိုရင်ဆိုင်မလဲ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် လူငယ်တွေ အဆင်သင့်ဖြစ်ကြပြီလား။ စာမေးပွဲမတိုင်ခင်မှာ ဘယ်လိုအကောင်းဆုံးရင်ဆိုင်ဖြတ်သန်းသင့်သလဲဆိုတဲ့အချက်တစ်ချို့ကို ဖော် ပြပေးချင်ပါတယ်။ အ ခုလိုအချိန်မှာ စာကိုသည်းကြီးမည်းကြီးလေ့လာတာမျိုးထက် အကောင်းဆုံးဘယ်လိုပြင်ဆင်မလဲဆို တာကိုပဲ ဦးစားပေးဆောင်ရွက်သင့်တယ်လို့ Wall Street English က အကြံပေးပါရစေ။

(၁) ဦးစားပေးရမယ့် စာကိုပဲ ရွေးချယ်ပြီး လုပ်ပါ

မြန်မာစာဖြေဆိုရမယ့်နေ့မတိုင်ခင်မှာ အင်္ဂလိပ်စာမရသေးလို့ အင်္ဂလိပ်စာပဲဦးစားပေးလုပ်မိတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်ဦးစားပေးရမယ့် ဘာသာဟာ မနက်ဖြန်ဖြေဆိုရမယ့်ဘာသာရပ်ပဲဖြစ်ပါတယ်။ ဒါ ကြောင့် ဦးစားပေးခေါင်းစဉ်တွေ၊ ဖတ်၊ မှတ်၊ လေ့လာရမယ့် သင်ခန်းစာတွေဟာ မနက်ဖြန်ဖြေဆိုရ မယ့် ဘာသာရပ်ပဲဖြစ်သင့်ပါတယ်။

(၂) လေ့ကျင့်ပါ

တစ်ချို့သင်ခန်းစာတွေက ကျက်သွားရုံနဲ့မလုံလောက်ပါဘူး။ရေးပြီးလေ့လာဖို့လိုအပ်ပါတယ်။ ခက် တယ်လို့ယူဆတဲ့စကားလုံးတွေကို ခဏခဏရေးကြည့်တာမျိုး ခဲတံတစ်ချောင်းကိုလက်ကကိုင်ပြီး notes ထုတ်လေ့လာတာမျိုးဆောင်ရွက်သင့်ပါတယ်။

(၃) နေ့အလင်းရောင်ကိုဦးစားပေးရွေးချယ်ပါ

ညအကြာကြီးမိုးချုပ်အထိစာမကျက်သင့်ဘဲနေ့လည်နေ့ခင်းအလင်းရောင်နဲ့ သာ သင်ခန်းစာတွေပြန် လည်လေ့လာချိန်ကို ကုန်ဆုံးသင့်ပါတယ်။ မိုးမချုပ်တော့ အိပ်မငိုက်တော့ဘူးပေါ့။

(၄) အစားကောင်းကောင်းစားပါ

အားအင်အပြည့်နဲ့တိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့စွမ်းအင်တွေလျှော့မသွားစေဖို့ အစားကောင်းကောင်းစားဖို့လိုအပ်ပါတယ်။ မတည့်တဲ့အစားအစာတွေမစားမိအောင်တော့ဆင်ခြင်ဖို့ လိုအပ်မယ်နော်။

(၅) အိပ်ရေးဝဝအိပ်ဖို့ မမေ့ပါနဲ့

စာမေးပွဲမဖြေဆိုခင်ညမှာ မိုးအရမ်းချုပ်တဲ့အထိစာမကျက်ပါနဲ့။ အိပ်ရေးဝဝအိပ်ပြီး အားသစ်အင်သစ် တွေနဲ့ စာမေးပွဲကိုရင်ဆိုင်ဖို့ အဓိကလိုအပ်ပါတယ်။

(၆) သင့်တော်သော အနားယူမှု လုပ်ပါ

စာဖိလုပ်ရမယ့်အချိန်က ကုန်လွန်ခဲ့ပါပြီ။ စာသင်နှစ် တစ်နှစ်လုံးကြိုးစားခဲ့တာတွေကို ပြန်လည်သုံး သပ်အကျဉ်းချုပ်ပြီး ရင်ဆိုင်ဖြေရှင်းရမယ့်အချိန်မို့ သင့်တော်တဲ့အနားယူမှုပြုလုပ်စေချင်ပါတယ်။ နား နားနေနေ ပေါ့ပေါ့ပါးပါးနဲ့ အာရုံစုစည်းမှုအားကောင်းအောင်နေသင့်ပါတယ်။

– ENDS –

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay)

Close Menu