Why is English Important for University

Why is English Important for University

24 views

တက္ကသိုလ်မတက်ခင်မှာ ဘာကြောင့်အင်္ဂလိပ်စာလေ့လာသင့်တာလဲ

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး University တက်ဖို့စောင့်ဆိုင်းနေရတဲ့ကာလဖြစ်နေပါပြီ။ ဒီလိုအချိန် မှာ အနာဂတ်ပညာရေးအတွက်အပြုလုပ်သင့်ဆုံးကဘာလဲလို့ မေးလာရင် အင်္ဂလိပ်စာသင်တန်းတက် ခြင်းလို့ပဲဖြေဆိုရမှာပါ။ အင်္ဂလိပ်စာဟာ အနာဂတ်အခွင့်အလမ်းအတွက်ပါမက တက္ကသိုလ်အသီးသီး မှာ စာကောင်းကောင်းလိုက်နိုင်ဖို့၊ ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံတကာနဲ့ချိတ်ဆက်ပြော ဆိုနိုင်ဖို့ အရေးပါတဲ့အရာဖြစ်ပါတယ်။ ဘာကြောင့်အရေးပါတာလဲ၊ ဘာကြောင့် အင်္ဂလိပ်စာကိုညွှန်းရ တာလဲဆို တဲ့အကြောင်းပြချက်တွေရှိပါတယ်။

(၁) တက္ကသိုလ်မှာ အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေအများကြီးဖတ်ရမယ်

တက္ကသိုလ်ရောက်ပြီဆိုရင်တော့ အတန်းစာ၊ ပြင်ပစာတွေအများကြီးဖတ်ရတော့မှာပါ။ အဲဒီအထဲမှာ အများဆုံးက အင်္ဂလိပ်စာလိုရေးထားတဲ့စာအုပ်တွေပါပဲ။ ဖတ်၊ မှတ်၊ ကျက် ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲ ကိုယ်တိုင်စိတ်ဝင်တစားလေ့လာဖတ်ရှုရမယ့်စာအုပ်တွေလည်းအများကြီးပါဝင်လာတာမို့ အင်္ဂလိပ်လို ကျွမ်းကျင်ဖို့အဓိကကျလာမှာဖြစ်ပါတယ်။

(၂) အင်္ဂလိပ်လို Presentation တွေလုပ်ရမယ်

တက္ကသိုလ်အချို့မှာ အဖွဲ့လိုက် Project တွေလုပ်တာမျိုး အများရှေ့မှာကိုယ့် Project ကိုတင်ဆက် ရတာမျိုးတွေလုပ်ရပါတယ်။ အဲဒီလိုအခါမျိုးမှာ မြန်မာလိုမဟုတ်ဘဲ အင်္ဂလိပ်လိုပြောဆိုတင်ဆက်ရတာ မျိုးလည်းရှိတဲ့အတွက် အင်္ဂလိပ်စာကအရေးပါလာပါတယ်။ Project မှာရေးတဲ့စာကလည်းအင်္ဂလိပ်လို သုံးတဲ့အသုံးအနှုန်းတွေကလည်း အင်္ဂလိပ်လိုတွေများတာမို့ အင်္ဂလိပ်စာကောင်းတဲ့သူက အဖွဲ့လိုက် လှုပ်ရှားမှုတွေမှာ အားသာချက်ရှိပါတယ်။

(၃) နိုင်ငံတကာတက္ကသိုလ်ကျောင်းသားတွေနဲ့ချိတ်ဆက်ရတယ်

ကိုယ့်တက္ကသိုလ်ကိုယ်စားပြုလှုပ်ရှားမှုတွေရှိလာတဲ့အခါမျိုးတွေမှာ နိုင်ငံတကာနဲ့ဆက်ဆံလာရပါ တယ်။ အခြားတက္ကသိုယ်ကနေလာလည်တဲ့ကျောင်းသူကျောင်းသားတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ အင်္ဂလိပ် စာကောင်းမွန်ဖို့ကအဓိကပါပဲ။ ကျောင်းကိုယ်စားပြုလို့ဆိုလာတဲ့အခါ အင်္ဂလိပ်စာကောင်းမွန် မှုဆိုတဲ့အ ချက်ကလည်း အမှတ်ပေးပါတယ်။

(၄) စိတ်ဝင်စားတဲ့ဘာသာရပ်တွေက အင်္ဂလိပ်လိုဖြစ်နေတတ်တယ်

တက္ကသိုလ်စာတွေတင်မဟုတ်ပါဘူး။ ကိုယ်ပိုင်ဝါသနာအတွက်စာလေ့လာတာမျိုး စာဖတ်တာမျိုးလုပ် ချင်တဲ့အခါ ကိုယ်သဘောကျတဲ့စာတွေက အင်္ဂလိပ်လိုရေးထားတာတွေဖြစ်နေတတ်ပါတယ်။ ဒီလိုအခါ မျိုးမှာ အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူက တစ်ပန်းသာတာပါပဲ။ အွန်လိုင်းမှာ စာရှာဖတ်မလား၊ အပြင်မှာ စာအုပ်ဝယ်ဖတ်မလား အင်္ဂလိပ်စာကျွမ်းကျင်ရင် အလွယ်တကူလေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။

(၅) Research တွေဟာ အင်္ဂလိပ်လိုတွေဖြစ်နေတတ်တယ်

ကိုယ့်ရဲ့ Term paper အတွက်မဖြစ်မနေလေ့လာရမယ့် Research တွေဟာ အင်္ဂလိပ်လိုရေးသား ထားတဲ့စာအုပ်တွေပါ။ ဒါကြောင့် အင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်မှုမရှိရင် ကိုယ့်ရဲ့ပညာရေးမှာ အလွယ် တကူမလျှောက်လှမ်းနိုင်တော့ဘူးပေါ့။

(၆) နိုင်ငံခြားပညာသင်ဆုအတွက် အင်္ဂလိပ်စာက အဓိကကျတယ်

ကိုယ်က ပြည်တွင်းတက္ကသိုလ်တင်မဟုတ်ဘဲ နိုင်ငံတကာတက္ကသိုလ်ကိုသွားတက်ရမယ့်အခွင့် အရေးရှိလာတဲ့အခါမျိုးမှာ အရေးအကြီးဆုံးကအင်္ဂလိပ်စာပါပဲ။ IELTS Score ဘယ်လောက်ရမှ ဘယ် နိုင်ငံကိုသွားရမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးရှိလာတာမို့ အင်္ဂလိပ်စာကအဓိကကျတယ်လို့ဆိုချင်ပါ တယ်။

– ENDS –

တက္ကသိုလ်မတက်ခင် အင်္ဂလိပ်စာလေ့လာဖို့အတွက် အထိရောက်ဆုံးသောသင်တန်းတစ်ခုခုကို Join မယ်ဆိုရင်တော့ Wall Street English နဲ့ချိတ်ဆက်လို့ရတဲ့အကြောင်းလည်း သတင်းကောင်းပါလိုက် ချင်ပါတယ်။

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay)
×××××

Close Menu