အဂၤလိပ္လိုအပြန်အလှန်ပြောဆိုခြင်း

အဂၤလိပ္စာ ဝေါဟာရများကို လေ့လာခြင်းဟာ ဘာသာစာပေလေ့လာတဲ့ ကျောင်းသားတိုင်းအတွက် အလွန်အရေးကြီးတာဖြစ်ပါတယ်။ အဂၤလိပ္ ဝေါဟာရများကို လေ့လာဖို့နဲ့အမြဲမှတ်မိအသုံးပြုနေနိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေက ဘာဖြစ်မလဲ? အသုံးဝင်တဲ့ နည်းလမ်းကောင်းအချို့ကို လေ့လာကြည့်လိုက်ရအောင်..

မှန်မှန်လေ့ကျင့်ပါ

လေ့ကျင့်ခြင်းဟာ အဂၤလိပ္လိုအပြန်အလှန်ပြောဆိုနိုင်အောင် လေ့လာသင်ယူရာမှာ အခြေခံကျပေမယ့်လည်း သင်တန်းများစွာဟာ ကျောင်းသားတွေကို လေ့ကျင့်ဖို့အခွင့်အရေးမပေးကြပါဘူး။ Wall Street English ရဲ့ သင်တန်းတွေမှာတော့ ကျောင်းသားတွေဟာ သူတို့နဲ့အဆင့်အတန်းချင်းတူညီတဲ့ လူတွေနဲ့ အဖွဲ့ငယ်တွေစုဖွဲ့ပြီး သူတို့နဲ့အဆင်ပြေမယ့် နေ့ရက် သို့မဟုတ် အချိန်တွေမှာ အပြန်အလှန်ပြောဆိုဆွေးနွေးရတဲ့ သင်ခန်းစာတွေကို အပတ်စဉ်သင်ယူရပါတယ်။ Wall Street English သင်တန်းကျောင်းတွေဟာလည်း ကျောင်းသားတွေ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးထပ်မံလေ့ကျင့်နိုင်မယ့် လူမှုရေးအစီအစဉ်တွေ ပုံမှန်ရှိပါတယ်။

ကိုယ်သိတာတွေနဲ့ အစပြုပါ

သင့်အနေနဲ့ အဂၤလိပ္လိုအပြန်အလှန်ပြောဆိုတတ်ဖို့ စတင်လေ့ကျင့်စဉ်မှာ ရှည်လျားရှုပ်ထွေးတဲ့ဝါကျတွေကို အသုံးပြုဖို့မလိုပါဘူး။ လေ့လာသိရှိထားပြီးသား စကားစုတွေကိုသာ အသုံးပြုပြီး အဲဒီအပေါ်မှာ ထပ်ဆင့်တိုးတက်အောင်လုပ်သွားပါ။ Wall Street English ရဲ့နည်းစနစ်ဟာ ကိုယ်လက်ရှိရောက်နေတဲ့ အဆင့်မှာ ကျောင်းသားတွေလေ့လာသင်ယူနေရမယ့် ဘာသာစကားပုံစံတွေကိုပဲ ဂရုတစိုက် ဝန်းရံတည်ဆောက်ထားတာကြောင့် ကျောင်းသားတွေအနေနဲ့ ရှေ့မှာပြောခဲ့သလို အတိအကျလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နေ့စဉ်ပုံမှန်အနေအထားမှာ အပြန်အလှန်စကားပြောနေတဲ့ တခြားသူတွေကို နားထောင်ပါ

သဘာဝကျကျ အပြန်အလှန်စကားပြောတတ်အောင် လေ့လာသင်ယူဖို့ အကောင်းဆုံးနည်းကတော့ အဲဒီလိုပြောနေတဲ့ တခြားသူတွေကို အတုခိုးခြင်းပါ။ ကျွန်တော်တို့ရဲ့တက်ကြွစွာပါဝင်လေ့လာရမယ့် သင်ခန်းစာတွေအားလုံးဟာ နေ့စဉ်ပုံမှန်စကားပြောခန်းတွေအပေါ်မှာပဲ အခြေခံထားပြီး ကျောင်းသားတွေအနေနဲ့ ပထမဆုံးသင်ခန်းစာမှာကတည်းက အခြေခံစကားပြောခန်းတွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။

တကယ့်အဂၤလိပ္ဘာသာစကားအစစ်ကို သင်ယူပါ

တကယ့်လက်တွေ့ဘဝမှာ စကားအပြန်အလှန်ပြောဆိုနိုင်ဖို့အတွက် လက်တွေ့အသုံးဝင်တဲ့ ခေတ်သစ် အဂၤလိပ္စကားကို သင်ယူဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့သင်ခန်းစာတွေက ဒီနေ့ခေတ် လူမှုရေးဆိုင်ရာအနေအထားတွေနဲ့ စီးပွားရေးတို့မှာ အသုံးပြုတဲ့ ဘာသာစကားစစ်စစ်ကို သင်ကြားပေးနိုင်ပါတယ်။ အခွင့်အလမ်းသစ်တွေဆီ တံခါးဖွင့်ပေးမယ့် အဂၤလိပ္စကားပြောကို သင်ကြားပေးမှာပါ။
ဒီတော့ အဂၤလိပ္လို အပြန်အလှန်စကားပြောဖို့ သင် အဆင်သင့်ဖြစ်နေပြီလား။

ယနေ့ စတင်လေ့လာလိုက်ပါ

Close Menu