say hello

ပိုမိုတောက်ပတဲ့အနာဂတ် မလွဲမသွေဖန်တီးပေးနိုင်ဖို့ ခေါင်းညိတ်လိုက်ပါ

အဂၤလိပ္စာလေ့လာသင်ယူခြင်းဟာ သင့်သားသမီးဘဝမှာ သူတို့ရည်မှန်းထားတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရခြင်းကအစ အလုပ်အကိုင်ကောင်းကောင်း ရရှိနိုင်ခြင်းအထိ ကဏ္ဍများစွာမှာ တိုးတက်စေနိုင်ပါတယ်။ အင်တာနက်က စာသားအကြောင်းအရာတွေရဲ့တစ်ဝက်ကျော်ဟာ အဂၤလိပ္ဘာသာနဲ့ရေးသားထားတာဖြစ်ပြီး စီးပွားရေး၊ သိပ္ပံပညာ၊ အနုပညာ၊ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေကိုလည်း အဂၤလိပ္လိုရေးသားထားတာပါပဲ။ Wall Street English မှာ သန်းပေါင်းများစွာသော ကျောင်းသားတွေကို ပိုမိုတောက်ပတဲ့အနာဂတ်ဆီ ကူညီပို့ဆောင်ပေးတဲ့နေရာမှာသုံးတဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကင်းပြီး ခိုင်မာတဲ့ နည်းလမ်းတွေကြောင့် အောင်မြင်စွာလေ့လာသင်ယူနိုင်ရေးအတွက် ကျွန်တော်တို့ အာမခံချက်ပေးနိုင်ပါတယ်။

အဂၤလိပ္စာလေ့လာဖို့ အကောင်းဆုံးနည်းလမ်း

သင်ယူလေ့လာဖို့အတွက် အကောင်းဆုံးဖြစ်စေမယ့် အခြေအနေတွေကို ကျွန်တော်တို့ဖန်တီးပေးထားပါတယ်။ ကျောင်းသားတစ်ဦးချင်းရဲ့လိုအပ်ချက်တွေအလိုက် သီးသန့်သင်တန်းတွေကို ကျွန်တော်တို့စီစဉ်ပေးပါတယ်။ အဲဒီသင်တန်းတွေမှာ ဒစ်ဂျစ်တယ်သင်ယူလေ့လာရေးကိရိယာတွေနဲ့အတူ အဂၤလိပ္စကားကို မိခင်ဘာသာစကားလို ပြောနိုင်တဲ့အဆင့်ရှိသူ ကျွမ်းကျင်ဆရာတွေ ဦးဆောင်တဲ့ အတန်းငယ်လေးတွေမှာသင်တဲ့ သင်ခန်းစာတွေကို တခြားကျောင်းသားတွေနဲ့အတူ လေ့ကျင့်ဖို့အတွက် အခွင့်အလမ်းတွေအများကြီးနဲ့ ပေါင်းစပ်ပေးထားပါတယ်။

ကျွန်တော်တို့ကျောင်းသားတွေရဲ့စကားသံ

2019-10-152-Agency

နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များကို ရယူခြင်း

သင့်သားသမီးရဲ့ အဂၤလိပ္စာကျွမ်းကျင်မှုကို သက်သေပြတဲ့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်က တက္ကသိုလ်တွေနဲ့ အလုပ်ရှင်တွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ IELTS, TOEFL နဲ့ TOEIC တို့လို အရည်အချင်းစစ်ဆေးမှုတွေအတွက် ကျွန်တော်တို့က ကျောင်းသားတွေကို ကူညီပြင်ဆင်ပေးပါတယ်။

အကောင်းဆုံးအတွက် ရင်းနှီးမြှုပ်နှံပါ

သင့်သားသမီးရဲ့လက်ရှိကျွမ်းကျင်မှုအဆင့်အတန်းကို သူတို့လိုချင်တဲ့ လေ့လာသင်ယူမှုရည်မှန်းချက်ပန်းတိုင်တွေနဲ့အတူ အကဲဖြတ်သုံးသပ်ခြင်းအားဖြင့် သူတို့အတွက်သင်ရိုးကို ကျွန်တော်တို့ဖန်တီးရေးဆွဲပေးပါတယ်။ ဒါကြောင့် သင်တန်းကြေးနဲ့ပတ်သက်ရင်တော့ အားလုံးက တသမတ်တည်းရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့သင်ကြားရေးနည်းစနစ်တွေဟာ ကောင်းကောင်းအလုပ်ဖြစ်လိမ့်မယ်လို့ မြင့်မားစွာယုံကြည်ထားတာကြောင့် သူတို့မတတ်မြောက်ဘူးဆိုရင် ငွေကိုအပြည့်အဝပြန်အမ်းမယ့် အာမခံချက်တစ်ခုကို ပေးအပ်ထားပါတယ်။

Wall Street English ရဲ့သတ်မှတ်ချက်တွေအရ သင့်ရဲ့ကျွမ်းကျင်မှုအဆင့်အတန်းက ဘယ်လောက်ရှိသလဲ?

စမ်းသပ်မှုကို ဖြေဆိုမယ်

သူတို့ ဘယ်နေရာမှာ လေ့လာရမှာလဲ

ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတွေဟာ ရာနှုန်းပြည့် အဂၤလိပ္စကားပြောပတ်ဝန်းကျင်တွေဖြစ်ပြီး သူတို့နဲ့ ကျွမ်းကျင်မှုအဆင့်အတန်းချင်း နီးစပ်တဲ့ ကျောင်းသားတွေနဲ့အတူ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ပုံမှန်ကျင်းပတဲ့ ပေါင်းသင်းဆက်ဆံရေးပွဲလမ်းတွေနဲ့ လမ်းကြုံဝင်ပြီး လေ့လာသင်ယူလို့ရတဲ့ ဖော်ရွေလှိုက်လှဲတဲ့နေရာတွေကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ လေ့လာသင်ယူရေးပတ်ဝန်းကျင်တစ်ခုမှာ စိတ်နေစိတ်ထားချင်းတူညီတဲ့ သင်ယူသူတွေနဲ့ တွေ့ဆုံနိုင်ပါမယ်။ သွားရလာရလွယ်ကူတဲ့နေရာတွေမှာ တည်ရှိတာကြောင့် သင့်သားသမီးတွေအနေနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ မိုဘိုင်းဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့သွားလာဖို့အဆင်ပြေချောမွေ့တဲ့ သင်တန်းကျောင်းတစ်ခုခုမှာပဲဖြစ်ဖြစ် သူတို့ဆန္ဒရှိတဲ့နေရာကနေ ဆန္ဒရှိတဲ့အချိန်မှာ အဆင်ပြေပြေ လေ့လာသင်ယူနိုင်ပါတယ်။

Close Menu