အဂၤလိပ္စာသင်ခန်းစာများ

ဒီနေ့ခေတ်မှာ အသက်အရွယ်အမျိုးမျိုးနဲ့လူတွေဟာ အဂၤလိပ္စာကိုလေ့လာသင်ယူချင်ကြပြီး သူတို့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ခန်းစာအမျိုးအစားတွေကို ရှာဖွေကြပါတယ်။ ကိုယ့်အတွက် အကောင်းဆုံးနည်းကို ရှာဖွေရာမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လိုက်လျောညီထွေမှုရှိခြင်း

အရွယ်ရောက်ပြီးသား ဘာသာစကားလေ့လာသင်ယူနေသူတွေအဖို့ သူတို့အတွက် မှန်ကန်သင့်တော်တဲ့ သင်ခန်းစာအမျိုးအစားတွေကို ရှာဖွေရာမှာ ကြီးမားတဲ့အခက်အခဲတစ်ခုက အပတ်စဉ် မှန်မှန်လေ့လာသင်ယူနိုင်မယ့် အချိန်တစ်ချိန်ကို ရွေးချယ်သတ်မှတ်ရခြင်းပါ။ Wall Street English မှာဆိုရင် အပတ်တိုင်းမှာ သင်ခန်းစာတွေကို မတူညီတဲ့အချိန်တွေမှာ တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့အကြိမ်ရေတွေနဲ့လေ့လာသင်ယူနိုင်တဲ့ အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ပါတယ်။ အလုပ်မှာ သို့မဟုတ် တက္ကသိုလ်မှာ သင်အလုပ်များနေတဲ့ ရက်သတ္တပတ်ဆိုရင် အဲဒီအပတ်အတွက်သင်ယူရမယ့် သင်ခန်းစာကို ရွှေ့လိုက်ပြီးတော့ အချိန်ပိုရလာမယ့် နောက်အပတ်ကျတော့မှ ပြန်ဖြည့်ပြီးသင်ယူနိုင်ပါလိမ့်မယ်။

ရည်မှန်းချက်ပန်းတိုင် ချမှတ်ပါ

အဂၤလိပ္စာကို စတင်လေ့လာသင်ယူတဲ့အခါမှာ သင့်အနေနဲ့ စိတ်ထဲမှာ ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်တစ်ခုကို ချမှတ်ထားရပါမယ်၊ အဲဒီလိုမဟုတ်ရင် ဦးတည်ချက်မရှိဘဲ ရှေ့ကိုလျှောက်လှမ်းနေမိသလို ဖြစ်သွားပါလိမ့်မယ်။ Wall Street English ဟာ သင့်ရဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး တိကျတဲ့ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပေးပြီးတော့ လက်တွေ့ကျတဲ့ အချိန်ကာလတစ်ခုချင်းအလိုက် ပစ်မှတ်တွေကိုလည်း သတ်မှတ်နိုင်စေမှာဖြစ်ပါတယ်။

ပျော်ရွှင်မှုရှိပါစေ

အဂၤလိပ္သင်ခန်းစာတွေ လုပ်ရခြင်းဟာ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ပျင်းစရာကောင်းတဲ့အနေအထားမျိုး မဖြစ်သင့်ပါဘူး။ အဲဒါနဲ့ဆန့်ကျင်ဘက် အများကြီးပျော်စရာကောင်းသင့်ပါတယ်။ ကိုယ်ပိုင်လေ့လာမှုလုပ်ရတဲ့ သင်တန်းတွေဟာ ရေတိုတော့အလုပ်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်အားထက်သန်မှု ခဏလေးနဲ့ပျောက်ဆုံးသွားနိုင်ပါတယ်။ Wall Street English မှာ လူပေါင်းစုံနဲ့အတူ လေ့လာသင်ယူရမယ်၊ စကားတွေပြောရမယ်၊ ဂိမ်းတွေကစားရမယ်၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရမယ်ဆိုရင် ပျော်စရာတွေကိုခံစားရင်း သင် လေ့လာသင်ယူနိုင်မှာပါ။

လက်တွေ့အသုံးဝင်ခြင်း

သင့်ရဲ့အဂၤလိပ္စာသင်ခန်းစာတွေဟာ သင့်ကို အလုပ်လုပ်စဉ်နဲ့ ခရီးသွားစဉ်မှာ အဂၤလိပ္စကားကိုအသုံးပြုနိုင်အောင် ပြင်ဆင်ပေးနိုင်ဖို့ အဓိကထားသင့်ပါတယ်။ သင့်အနေနဲ့လည်း အပြောနဲ့ အကြားကို အဓိကအာရုံစိုက်သင့်ပါတယ်၊ အဲဒီစွမ်းရည်နှစ်ခုက မတတ်မဖြစ်အရေးပါလို့ပါ။ ဒီတော့ လေ့လာဖို့ အဂၤလိပ္စာသင်ခန်းစာအမျိုးအစားတွေ ရွေးချယ်မယ်ဆိုရင် အဂၤလိပ္ဘာသာစကားရဲ့အဲဒီအဓိကကဏ္ဍနှစ်ရပ်အပေါ် အလေးထားတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ Wall Street English ရဲ့သင်တန်းတွေမှာတော့ ပထမဆုံးသင်ခန်းစာကနေစပြီး အပြောနဲ့အကြားတို့အပေါ် အခြေခံထားတာဖြစ်လို့ သင့်ရဲ့နေ့စဉ်ဘဝမှာ ပုံမှန်အသုံးပြုနိုင်မယ့် အခြေခံအသုံးအနှုန်းတွေကို သင် လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်မှာဖြစ်ပါတယ်။

အဂၤလိပ္စာသင်ခန်းစာတွေက အမျိုးအစားများစွာရှိပေမယ့်လည်း တူညီတဲ့ရလဒ်တွေကိုတော့ တပြေးညီမပေးစွမ်းနိုင်ပါဘူး။ Wall Street English ကတော့ သင်ရွေးချယ်ထားတဲ့ အဆင့်အတန်းနဲ့အညီ အဂၤလိပ္ဘာသာစကားကို သင်ယူရာမှာ ပြောင်းလဲရလွယ်ကူခြင်း၊ လက်တွေ့အသုံးဝင်ခြင်းနဲ့ ပျော်စရာကောင်းခြင်းတွေ ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ရှိတဲ့နေရာတွေကို ကြည့်ပြီးတော့ သင်နဲ့အနီးဆုံး Wall Street English သင်တန်းကျောင်းကို ရှာဖွေခြင်းအားဖြင့် အခုချက်ချင်းပဲစတင်လိုက်ပါ။

ယနေ့စတင်လေ့လာလိုက်ပါ

Close Menu