အဂၤလိပ္စာကို Online မှ လေ့လာသင်ယူခြင်း

အလုပ်များတဲ့သူတွေ၊ ခရီးသွားများတဲ့သူတွေအတွက် Online ကနေ လေ့လာသင်ယူခြင်းဟာ နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် Online ကနေ သင်ယူရာမှာ အမှန်တကယ်ထိရောက်ဖို့အတွက်တော့ အဓိကအရေးကြီးတဲ့အချက်အနည်းငယ်ကို မှတ်သားထားဖို့လိုပါတယ်။

မှန်ကန်တဲ့စွမ်းရည်အမျိုးအစားကို ရွေးချယ်အာရုံစိုက်ပါ

သင် အဂၤလိပ္စာကို online ကနေ သင်ယူမယ်ဆိုရင် သဒ္ဒါနဲ့ဝေါဟာရကြွယ်ဝမှုကို ပိုပြီးအရေးစိုက်မိနိုင်ဖို့ အလားအလာပိုများပါတယ်။ ဒါပေမယ့် ဘာသာစကားတစ်ခုရဲ့အဓိကကဏ္ဍတွေက အပြောနဲ့ အကြားပါပဲ။ Wall Street English ရဲ့Online သင်ခန်းစာတွေကို လိုက်နာဆောင်ရွက်ခြင်းနဲ့ ကိုယ်အသစ်လေ့လာနေတဲ့ ဘာသာစကားကို ပြန်လည်သုံးသပ်ဖို့ ပျော်စရာလေ့ကျင့်ခန်းတချို့ကို လုပ်ပေးခြင်းအားဖြင့် အပြောနဲ့အကြားပိုင်းတွေကို အဓိကအာရုံစိုက်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။

Onlineမှလေ့လာသင်ယူမှုကိုမျက်နှာချင်းဆိုင်သင်ယူမှုနှင့် ပေါင်းစပ်ပါ

Online ကနေ လေ့လာသင်ယူရတာဟာ အဆင်ပြေတယ်ဆိုပေမယ့်လည်း တခြားဆရာတွေ၊ ကျောင်းသားတွေနဲ့ အချိတ်အဆက်ရှိနေခြင်းကလည်း ဝေဖန်အကြံပြုချက်ရရှိဖို့နဲ့ စိတ်ဓာတ်ခွန်အားရရှိဖို့အတွက် အခြေခံကျပါတယ်။ Wall Street English ရဲ့အကောင်းဆုံးတွေပေါင်းစပ်ထားတဲ့ နည်းစနစ်ဟာ Online ကနေ လေ့လာသင်ယူမှုကို ဆရာတွေ၊ ကျောင်းသားတွေပါတဲ့ အဖွဲ့ငယ်တွေနဲ့ အဆင်ပြေတဲ့အချိန်တွေမှာ ပုံမှန်တွေ့ဆုံမှုနဲ့ ပေါင်းစပ်ပေးထားပါတယ်။ ဒါဟာ ပျော်စရာကောင်းရုံသာမက သင့်ကို တိုးတက်စေဖို့အတွက် အများကြီးအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

ပုံမှန်လေ့လာသင်ယူဖို့အချိန် သတ်မှတ်ပါ

Online ကနေ လေ့လာသင်ယူရခြင်းရဲ့အခက်အခဲဆုံးအပိုင်းက တသမတ်တည်းကြိုးစားဖို့နဲ့ စစချင်းဖြစ်ပေါ်နေတဲ့ စိတ်အားထက်သန်မှု ကုန်ဆုံးသွားချိန်မှာ မရပ်လိုက်မိဖို့ပါပဲ။ ဒါက တော်တော်လေးခက်ခဲနိုင်ပေမယ့် Wall Street English မှာလို ရောနှောပေါင်းစပ်ထားတဲ့ လေ့လာသင်ယူမှုနည်းလမ်းကို ရွေးချယ်မယ်ဆိုရင် သင့်ကိုသီးသန့်သင်ကြားပြသပေးမယ့် နည်းပြတစ်ဦး ရှိနေမှာဖြစ်ပြီး သူက သင်အောင်မြင်မှုသေချာပေါက်ရစေဖို့ ပုံမှန်လေ့လာသင်ယူမှုအရှိန်နှုန်းတစ်ခုအတိုင်း သွားနိုင်အောင် ထိန်းကျောင်းပေးမှာဖြစ်ပါတယ်။

ရည်မှန်းချက်တစ်ခု ချမှတ်ပါ

သင့်ရဲ့အဂၤလိပ္စာသင်ခန်းစာတွေဟာ သင့်ကို အလုပ်လုပ်စဉ်နဲ့ ခရီးသွားစဉ်မှာ အဂၤလိပ္စကားကိုအသုံးပြုနိုင်အောင် ပြင်ဆင်ပေးနိုင်ဖို့ အဓိကထားသင့်ပါတယ်။ သင့်အနေနဲ့လည်း အပြောနဲ့ အကြားကို အဓိကအာရုံစိုက်သင့်ပါတယ်၊ အဲဒီစွမ်းရည်နှစ်ခုက မတတ်မဖြစ်အရေးပါလို့ပါ။ ဒီတော့ လေ့လာဖို့ အဂၤလိပ္စာသင်ခန်းစာအမျိုးအစားတွေ ရွေးချယ်မယ်ဆိုရင် အဂၤလိပ္ဘာသာစကားရဲ့အဲဒီအဓိကကဏ္ဍနှစ်ရပ်အပေါ် အလေးထားတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ Wall Street English ရဲ့သင်တန်းတွေမှာတော့ ပထမဆုံးသင်ခန်းစာကနေစပြီး အပြောနဲ့အကြားတို့အပေါ် အခြေခံထားတာဖြစ်လို့ သင့်ရဲ့နေ့စဉ်ဘဝမှာ ပုံမှန်အသုံးပြုနိုင်မယ့် အခြေခံအသုံးအနှုန်းတွေကို သင် လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်မှာဖြစ်ပါတယ်။

ထိရောက်ပါစေ

Online ကနေ အခမဲ့လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေက ပေါ့ပေါ့ပါးပါးတော့ရှိပါတယ်၊ ဒါပေမယ့် အရည်အသွေးအမျိုးမျိုး၊ စိတ်ဝင်စားစရာအမျိုးမျိုး ပေါင်းစပ်ပါဝင်နေတဲ့ အကြောင်းအရာကဏ္ဍတွေက များပြားလွန်းတာကြောင့် ကိုယ့်အတွက် ဘယ်ဟာသင့်တော်မလဲဆိုတာ ရွေးချယ်ရတာ အင်မတန်ခက်ခဲနိုင်ပါတယ်။ သင့်အနေနဲ့ အဂၤလိပ္ဘာသာစကားကို တကယ်လေ့လာသင်ယူချင်တယ်ဆိုရင် အချိန်ကို ဂရုတစိုက်ရင်းနှီးမြှုပ်နှံပြီး အရည်အသွေးရှိတဲ့ Online မှ လေ့လာစရာတွေ၊ တည်ဆောက်ပုံခိုင်မာပြီး ပျော်စရာကောင်းမယ့် လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်တဲ့ သင်တန်းတစ်ခုကို ရှာဖွေပါ။

သင့်ရဲ့အဂၤလိပ္စကားပြောစွမ်းရည်ကို ကျွန်တော်တို့ရဲ့နည်းစနစ်နဲ့ ဘယ်လိုမြှင့်တင်မလဲဆိုတာ ရှာဖွေပါ

အဂၤလိပ္စာကို စတင်လေ့လာသင်ယူမယ်

Close Menu