ဆရာများနှင့် တွေ့ဆုံပါ
ကျွန်ုပ်တို့၏ ဆရာများနှင့် နည်းပြများ
လေ့လာသင်ယူမှုပိုင်းမှာ သင့်ကိုကူညီပေးရတာကို နှစ်သက်တဲ့၊ မိခင်ဘာသာစကားအဖြစ် အဂၤလိပ္လို ပြောဆိုသူအဆင့်ရှိတဲ့ အကောင်းဆုံးသောဆရာတွေကို ကျွန်တော်တို့ ခန့်အပ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ဆရာတွေဟာ တရားဝင်အသိအမှတ်ပြုအစီအစဉ်တွေကနေ ထောက်ခံချက်လက်မှတ် ရထားပြီးသား ပုဂ္ဂိုလ်တွေဖြစ်ပြီး သင့်ကို အဂၤလိပ္စာတတ်မြောက်အောင် ကူညီပေးဖို့ အကောင်းဆုံးနည်းဗျူဟာတွေကို သိရှိကြပါတယ်။ သူတို့က သင်တို့ကို တစ်ယောက်ချင်းသိနေမှာဖြစ်ပြီး အဆင့်မြင့်တဲ့ ပိုင်းခြားစိစစ်မှုနည်းလမ်းနဲ့အတူ သင့်ရဲ့တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပေးမှာပါ။ သင့်ကို ပံ့ပိုးကူညီပေးဖို့ လိုအပ်တဲ့နေရာတွေကို သူတို့ကကြည့်ပြီးတော့ သင်တိုးတက်စေမယ့် လုပ်ဆောင်ချက်တွေ စီစဉ်ပေးမှာဖြစ်ပါတယ်။

ထိရောက်ခြင်း
သူတို့က အရည်အချင်းပြည့်မီပြီးသား၊ ကောင်းစွာလေ့ကျင့်ပြီးသား၊ အတွေ့အကြုံရှိပြီးသားတွေပါ။ အဂၤလိပ္စကားကို မိခင်ဘာသာစကားအဖြစ်ပြောဆိုသူအဆင့်ရှိတဲ့ ဆရာတွေဖြစ်တာကြောင့် အဂၤလိပ္စာကို နေ့စဉ်သုံးအတွက် ဘယ်လိုအသုံးပြုသင်ကြားရမယ်ဆိုတာ သူတို့သိရှိကြပါတယ်။

စိတ်ဓာတ်တက်ကြွစေခြင်း
သူတို့က တက်ကြွပြီး စိတ်အားထက်သန်သူတွေပါ။ သင့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆက်လက်လေ့လာသင်ယူနိုင်အောင် သူတို့က သင့်ကို လှုံ့ဆော်ပေးမှာပါ။

ပေါ့ပါးပျော်ရွှင်စေခြင်း
သူတို့က သင်ယူလေ့လာခြင်းကို ပျော်ဖို့ကောင်းအောင် ဖန်တီးပေးနိုင်ကြတယ်။ ပျော်ရွှင်ဖွယ်ရာ သင်ယူလေ့လာမှုဖြစ်ဖို့အတွက် သေချာပြင်ဆင်ထားတဲ့ ဆန်းဆန်းပြားပြားသင်ခန်းစာတွေကို သင့်ကို ကြိုးစားသင်ကြားပေးမှာဖြစ်တယ်။

ပံ့ပိုးကူညီတတ်ခြင်း
ကျွန်တော်တို့ဆီက ဆရာတွေက ပညာရှင်တွေပါ။ သူတို့က သင့်ကို တစ်ဦးချင်းကိုယ်တိုင်သိကြတယ်။ အကြံညဏ်နဲ့ ပံ့ပိုးမှုတွေပေးတယ်။ အဂၤလိပ္စာလေ့လာရေးခရီးတစ်လျှောက်မှာ သင့်ရဲ့အဖော်တွေအဖြစ် သူတို့တွေ ရှိနေကြပါလိမ့်မယ်။
Teacher's Profile







အဂၤလိပ္ဘာသာစကားကို ကျွန်တော်တို့ ဘယ်လိုသင်ကြားပေးသလဲ
Wall Street English မှာ အဂၤလိပ္ဘာသာစကားကို လေ့လာသင်ယူရခြင်းဟာ ပညာရေးအတွက် သင်ယူမှုသက်သက်သာမကဘဲ ဘဝအတွေ့အကြုံတစ်ခု ဖြစ်နေမှာဖြစ်ပါတယ်။
- ကမ္ဘာ့တစ်ဝန်းလုံးအတွက် အဂၤလိပ္ဘာသာစကားတတ်မြောက်မှု တိုင်းတာသတ်မှတ်ချက်နဲ့ ကိုက်ညီအောင် စီမံရေးဆွဲထားတဲ့ အဆင့်အတန်းအမြင့်ဆုံးသော သင်ရိုး။
- တစ်ဦးချင်းစီ အသေအချာဂရုစိုက်ပေးခြင်း
- တစ်ဦးချင်းစီနှင့်ကိုက်ညီအောင် အချိန်ဇယားဆွဲနိုင်ခြင်း
- အဂၤလိပ္စကားကို မိခင်ဘာသာစကားအဖြစ်ပြောဆိုသူအဆင့် ဆရာများ
- စွဲမက်တွယ်ငြိစေမည့် အတွေ့အကြုံ
- ကျွမ်းကျင်မှုအဆင့်အတွက် သင်တန်းများ
- ရလဒ်များအတွက် အာမခံချက်ရှိခြင်း