အဂၤလိပ္စကားပြော

အဂၤလိပ္စကားကိုပြောတတ်မယ်ဆိုရင် ကိုယ့်ဘဝမှာ တံခါးတွေပွင့်လာပြီး အပြောင်းအလဲတွေလည်း ဖြစ်လာပါလိမ့်မယ်။ အဂၤလိပ္စကားပြောကို ဘယ်လိုမျိုးလေ့လာသင်ယူပြီး ယုံကြည်မှုရှိလာအောင် လုပ်မလဲ။ ရိုးရှင်းတဲ့ အောက်ပါစည်းမျဉ်း၆ခုကို လိုက်နာခြင်းဖြင့် စတင်လေ့ကျင့်ကြည့်ပါ။

ရိုးရိုးရှင်းရှင်းဖြစ်ပါစေ

နေ့စဉ်ပုံမှန် ကြုံတွေ့ရတဲ့ အခြေအနေအများစုမှာ၊ ဥပမာ ကော်ဖီဆိုင်တစ်ဆိုင်မှာဆိုရင် ကျွန်တော်တို့စကားပြောတဲ့အခါ ရိုးရိုးရှင်းရှင်း ဝါကျတိုတွေကိုပဲ သုံးကြပါတယ်။
ကျွန်တော်တို့သင်တန်းရဲ့ပထမဆုံးအဆင့်တွေမှာဆိုရင် နေ့စဉ်ပုံမှန်ကြုံရမယ့် အနေအထားမျိုးတွေမှာ ဝါကျတိုတွေသုံးပြီးတော့ အဂၤလိပ္စကားကို ချက်ချင်းစတင်ပြောဆိုရပါတယ်၊ အဲဒီနောက်မှာ အဲဒီအဆင့်ကနေ ပိုမိုတိုးတက်လာအောင် သင်တန်းတစ်လျှောက်မှာ လေ့ကျင့်တည်ဆောက်ရပါတယ်။

သင့်ရဲ့မိခင်ဘာသာစကားကို မေ့ထားလိုက်ပါ

ဘာသာပြန်ပြီးစဉ်းစားနေရတာဟာ ခက်ခဲသလို အဂၤလိပ္လိုတိုက်ရိုက်မတွေးနိုင်အောင်လည်း သင့်ကိုဟန့်တားနေပါလိမ့်မယ်
Wall Street English ရဲ့နည်းစနစ်နဲ့ဆိုရင် သင်ဟာ စကားလုံးတွေရဲ့အဓိပ္ပာယ်ကို နောက်ခံအကြောင်းအရာနဲ့ နမူနာတွေကတဆင့် နားလည်သိရှိအောင် ဖော်ထုတ်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။

အဂၤလိပ္စကားပြော လေ့ကျင့်ခြင်း

စကားဘယ်လိုပြောရမလဲ လေ့လာသင်ယူနိုင်ဖို့အတွက် တစ်ခုတည်းသောနည်းဟာ စကားပြောဖို့ပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ကြားခံနည်းလမ်းပေါင်းစုံကို အသုံးပြုတဲ့ သင်ခန်းစာတွေဟာ စကားပြောပိုင်းကို အဓိကအလေးထားတာပါ။ ဘာသာစကားအသစ်ကို သင်အသုံးပြုနိုင်သွားပြီဆိုရင် စကားပြောတဲ့ လှုပ်ရှားမှုတွေမှာ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံနိုင်ခြင်းအားဖြင့် ယုံကြည်မှုတွေ ပိုမိုတိုးပွားလာမှာလည်းဖြစ်ပါတယ်။
ကျွန်တော်တို့မှာ ပျော်စရာကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးအတန်းတွေလည်း သင်တန်းကျောင်းတွင်းမှာရော ပြင်ပမှာပါ အများကြီးရှိပါတယ်။ သင့်အဖို့ မိတ်ဆွေသူငယ်ချင်းအသစ်တွေရရှိနိုင်ပြီး အဂၤလိပ္စကားပြောမှာ ယုံကြည်မှုတည်ဆောက်နိုင်မယ့် နေရာတွေဖြစ်ပါတယ်။

နားထောင်ခြင်း

အဂၤလိပ္စကားပြောလေ့ကျင့်ဖို့အတွက် ဒုတိယအကောင်းဆုံးနည်းကတော့ တခြားသူတွေ အဂၤလိပ္စကားပြောတာကို နားထောင်ဖို့ပါပဲ။
ကျွန်တော်တို့ရဲ့သင်ခန်းစာတိုင်းမှာပါဝင်တဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ ရုပ်သံဇာတ်လမ်းတွေမှာ သင့်အနေနဲ့ မိခင်ဘာသာစကားအဖြစ် အဂၤလိပ္လိုပြောဆိုသူတွေနဲ့ တခြားသူတွေ ပြောတာတွေကို နားထောင်နိုင်မှာဖြစ်ပြီး သူတို့ကိုနားထောင်ပြီး အတုခိုးခြင်းအားဖြင့် စကားလုံးတွေကို သင်မှန်ကန်စွာအသံထွက်လာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လမ်းအကြောင်းနဲ့ ဇာတ်ကောင်တွေအကြောင်းကို အခုဗီဒီယိုမှာထပ်မံလေ့လာလိုက်ပါ။

ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ချမှတ်ပါ

လူတိုင်းမှာ တစ်ဦးချင်းအလိုက် လိုအပ်ချက်တွေနဲ့ လေ့လာသင်ယူမှုဆိုင်ရာ ပိုမိုအလေးပေးရမယ့်အရာတွေ ရှိပါတယ်။ အဲဒါကြောင့် သင်နဲ့ကိုက်ညီအောင် ချိန်ညှိရေးဆွဲပေးထားတဲ့ သင်တန်းမျိုးကို လိုအပ်ပါတယ်။
Wall Street English မှာ ကျောင်းသားတစ်ဦးချင်းစီကို ကိုယ်နဲ့အဆင်အပြေဆုံး အရှိန်နှုန်းကို ဖော်ထုတ်သိရှိနိုင်အောင် ကူညီပေးပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်တွေဆီကို ရောက်ရှိဖို့အတွက် ဝေဖန်အကြံပြုချက်တွေနဲ့ ပံ့ပိုးမှုတွေလည်း တောက်လျှောက်ပေးနေမှာဖြစ်ပါတယ်။

စွန့်စားလိုက်ပါ

ဘယ်လိုအသစ်အဆန်းကိုမဆို လေ့လာသင်ယူနိုင်ဖို့အတွက် သင့်အနေနဲ့ အမှားတွေလုပ်မိဖို့လိုတယ်

အဂၤလိပ္စကားကို ဖော်ရွေပြီး သက်တောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာ လေ့ကျင့်နိုင်ခြင်းအားဖြင့် Wall Street English ကျောင်းသားတွေဟာ တခုခုအမှားပြောမိမှာကိုလည်း မစိုးရိမ်ကြပါဘူး။ အမှားလုပ်မိခြင်းဟာ လေ့လာသင်ယူမှုလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းပဲလေ။

ဒါဆို စိန်ခေါ်မှုကို ဘာကြောင့်ရင်မဆိုင်ဘဲနေမှာလဲ

ကျွန်တော်တို့ရှိတဲ့နေရာတွေ ကို စစ်ကြည့်ပြီးတော့ သင်နဲ့အနီးဆုံး Wall Street English သင်တန်းကျောင်းကို ရှာဖွေပြီး အဂၤလိပ္ဘာသာစကားကို စတင်ပြောဆိုလိုက်ပါ။

ယနေ့စတင်လေ့လာလိုက်ပါ

Close Menu