အောင်မြင်မှုဖြစ်စဉ်များ

Wall Street English ဟာ ကမ္ဘာတစ်ဝန်းမှာ လူတစ်ဦးချင်းစီနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို အရည်အသွေးမြင့်တဲ့ အဂၤလိပ္ဘာသာစကားသင်ကြားလမ်းညွှန်မှုတွေ ပေးအပ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဆန်းသစ်တဲ့ MULTIMETHOD® ဟာ လက်တွေ့သက်သေပြထားပြီးသား လေ့လာသင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးတွေကို ပေါင်းစပ်ထားတာပါ။ အရွယ်ရောက်ပြီးသူတွေအတွက် အထိရောက်ဆုံးသော အဂၤလိပ္ဘာသာစကားသင်ကြားလမ်းညွှန်မှုတွေကို ပေးအပ်လျက်ရှိပါတယ်။​​

အောင်မြင်ခဲ့တဲ့ဖြစ်စဉ်တွေက နှစ်ပေါင်း၄၅နှစ်ကျော်ကြာပြီ

ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြုမှုရရှိထားတယ်

Wall Street English ဟာ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံချက်တွေနဲ့ လက်မှတ်တွေအများအပြားကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းမှာ ဦးဆောင်နေတဲ့ ပြိုင်ဘက်မရှိ အဂၤလိပ္စာလေ့ကျင့်သင်ကြားရေးကျောင်းတစ်ကျောင်းဖြစ်ကြောင်း ညွှန်းဆိုနေပါတယ်။

CEFR နှင့် ကိုက်ညီခြင်း

The University of Cambridge ESOL စာမေးပွဲတွေရဲ့ပံ့ပိုးမှုနဲ့ မကြာသေးခင်ကဆောင်ရွက်ခဲ့တဲ့ သုတေသနတွေက ကျွန်တော်တို့ရဲ့ထူးခြားတဲ့ သင်တန်းအဆင့်အတန်းတွေဟာ CEFR (ဥရောပ ဘုံရည်ညွှန်းချက် မူဘောင်) ရဲ့ အဂၤလိပ္စာအဆင့်အတန်းတွေနဲ့ အတိအကျကိုက်ညီနေကြောင်း ပြသနေပါတယ်။

ISO 9001:2000 နှင့် ISO 9001:2008

၂၀၀၄ခုနှစ်မှာ Wall Street English ဟာ အဲဒီဂုဏ်သိက္ခာရှိတဲ့ အသိအမှတ်ပြုမှုကို ပထမဆုံးရရှိခဲ့တဲ့ ကမ္ဘာတစ်ဝန်း အဂၤလိပ္ဘာသာစကားသင်ကြားရေး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၀မှာတော့ Wall Street English ဟာ ISO 9001:2008 အသိအမှတ်ပြုလက်မှတ်ကို ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါတွေဟာ Wall Street English အနေနဲ့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုနဲ့ အကောင်းဆုံးသောထုတ်ကုန်တွေကြောင့် ကမ္ဘာတစ်ဝန်းလုံးအသိအမှတ်ပြုခံရတဲ့ အဂၤလိပ္စာသင်ကြားရေးကျောင်းတစ်ကျောင်းဖြစ်ကြောင်း ထောက်ခံနေတာပဲဖြစ်ပါတယ်။

အရည်အသွေးအမြင့်ဆုံးသော သင်ကြားရေးနှင့် အလုပ်ခန့်အပ်ရေး

လက်ရှိအချိန်မှာ Wall Street International ဟာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါတယ်။ ISO အသိအမှတ်ပြုလက်မှတ်ဟာ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံးသောအရည်အသွေးကို ပေးစွမ်းနိုင်ရေး ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုကို သီးခြားလွတ်လပ်စွာ အားဖြည့်ပေးနေတာဖြစ်ပါတယ်။

အကြီးဆုံးသော ပညာရေးကုမ္ပဏီတစ်ခုနှင့်အတူ ကမ္ဘာတစ်ဝန်းဖြန့်ကျက်ထားသော လုပ်ငန်း

ကျွန်တော်တို့မှာ အာဖရိက၊ အာရှ၊ ဥရောပ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက နေရာပေါင်း၃၀မှာ ဖွင့်လှစ်ထားတဲ့ သင်ကြားရေးဌာနပေါင်း ၄၅၀ကျော် ရှိပါတယ်။ ကုမ္ပဏီက တိုက်ရိုက်ပိုင်ဆိုင်တဲ့ သင်တန်းကျောင်းတွေနဲ့ တဆင့်ခံဖွင့်ခွင့်ပေးထားတဲ့ ကျောင်းတွေကနေ Wall Street English ဟာ လူပေါင်း၃သန်းကျော်ကို သင်ကြားလမ်းညွှန်ပေးခဲ့ပြီးပါပြီ။ လက်ရှိမှာတော့ ကျောင်းသားပေါင်း ၁၈၀,၀၀၀ ကျော် စာရင်းသွင်းထားကြပါတယ်။

Wall Street English ဆိုတာ ဆုတွေရထားတဲ့ လုပ်ငန်းတစ်ခုပါ

၂၀၁၇

WSE ကိုရီးယား
  • အဂၤလိပ္ဘာသာစကားဖြင့်ပြောဆိုဆွေးနွေးခြင်း ကဏ္ဍမှာ ကိုရီးယား စားသုံးသူများ၏အကဲဖြတ်ညွှန်းကိန်း ပထမဆု
WSE ပေါ်တူဂီ
  • ကြယ်ငါးပွင့်ဆု (Prémo Cinco Estrelas) ဟာ ပေါ်တူဂီ စားသုံးသူဆိုင်ရာသုတေသနအေဂျင်စီတစ်ခုဖြစ်တဲ့ Cinco Estrelas ကနေ ပေးအပ်တဲ့ အမှီအခိုကင်းတဲ့ဆုတစ်ဆု ဖြစ်။
  • WSE တရုတ်
  •  Greater China ဒေသမှာ လူ့စွမ်းအားအရင်းအမြစ်ဝန်ဆောင်မှုပေးအပ်သူတွေအတွက် အလားအလာအကောင်းဆုံးဆု
  • NetEase Education ရဲ့“၂၀၁၇ခုနှစ် နှစ်ပတ်လည် လွှမ်းမိုးနိုင်စွမ်းရှိသော နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးအမှတ်တံဆိပ်” ဆု
  • တရုတ် စားသုံးသူအခွင့်အရေးဂျာနယ်ရဲ့၂၀၁၇ခုနှစ် စားသုံးသူအခွင့်အရေးကာကွယ်ရေး ညီလာခံ၊ ဘေဂျင်းမှာ အနိုင်ရဗိုလ်စွဲ

၂၀၁၈

WSE တရုတ်

  • တရုတ်နိုင်ငံတွင် လုပ်ငန်းအဖွဲ့အစည်းများအတွက် ဘာသာစကားလေ့ကျင့်သင်ကြားရေး ဆောင်ရွက်ပေးနေသည့် ထိပ်တန်းလုပ်ငန်း၁၀ခု “လေ့လာသင်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများ ဖန်တီးပေးအပ်နေသူ ဆု” “အကောင်းဆုံးသော လူ့စွမ်းအားအရင်းအမြစ်ဌာန” (HREC)
  • “နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးအတွက် လွှမ်းမိုးနိုင်စွမ်းရှိသော အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်” ဆု၊ Phoenix TV ၏ လက်အောက်ခံ Ifeng.com 
  • • Sina.com မှ နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးအတွက် ယုံကြည်စိတ်ချရသော အမှတ်တံဆိပ်
  •  Tencent မှ နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးအတွက် ယုံကြည်ကိုးစားထိုက်သော အမှတ်တံဆိပ် 
  • Xinhuanet.com မှ ထိပ်တန်း နိုင်ငံခြားဘာသာစကားလေ့ကျင့်သင်ကြားရေး အမှတ်တံဆိပ်
  • China.com.cn မှ နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးတွင် လွှမ်းမိုးနိုင်စွမ်းရှိသော အမှတ်တံဆိပ်
  • Netease မှ နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးအတွက် အသိအမှတ်အပြုခံရဆုံး အမှတ်တံဆိပ်

WSE Portugal

  • Five Star Award (Prémo Cinco Estrelas)• Sina.com မှ နိုင်ငံခြားဘာသာစကား လေ့ကျင့်သင်ကြားရေးအတွက် ယုံကြည်စိတ်ချရသော အမှတ်တံဆိပ်

ကျွန်တော်တို့၏နည်းလမ်း

ကျောင်းသားများ၏ တွေ့ကြုံခံစားမှု

အဂၤလိပ္စာကို စတင်လေ့လာသင်ယူမယ်

Close Menu