Wall Street English မှာ IELTS သင်ယူပါ

IELTS စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ပေးမယ့်သင်တန်းတွေ အများကြီးရှိတဲ့အထဲ Wall Street English ကသာလျှင် သင့်ကို ထူးထူးချွန်ချွန်အောင်မြင်စေမယ့် ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အဂၤလိပ္ဘာသာစကားစစ်ဆေးမှုစနစ်ဆိုတဲ့ IELTS ဟာ သင့်ရဲ့အဂၤလိပ္ဘာသာစကား အမှန်တကယ်ကျွမ်းကျင်မှုကို စစ်ဆေးပေးတာကြောင့် ကုမ္ပဏီတွေနဲ့ တက္ကသိုလ်တွေရဲ့ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြုမှုအခံရဆုံး စာမေးပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ Wall Street English ကို ရွေးချယ်ခြင်းအားဖြင့် သင့်ကိုအောင်မြင်မှုရဖို့ အာမခံပေးနိုင်မယ့် ထူးခြားကောင်းမွန်လှတဲ့ အားသာချက်တွေအားလုံးကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ 

အရည်အသွေးမြင့်သင်ရိုးများ

Wall Street English မှာ သင်ယူသူတွေဟာ ပညာရေးဆိုင်ရာစစ်ဆေးမှုအတွက် အရည်အသွေးမြင့်တဲ့ သင်ရိုးတစ်ခုကို သင်ယူနိုင်မှာဖြစ်ပါတယ်။ နာရီ၆၀ သို့မဟုတ် ၉၀စာသင်ရိုးကို Wall Street English နိုင်ငံတကာစာရေးဆရာတွေက ရေးဆွဲထားတာဖြစ်ပါတယ်။

နာရီ၉၀စာသင်ရိုးကို ဘာသာရပ်ခွဲ၁၅ခု ပိုင်းခြားထားပါတယ်။ ၁၂ခုက စစ်ဆေးမှုမှာဖြေဆိုဖို့အတွက် နည်းဗျူဟာတွေနဲ့ ပညာရေးဆိုင်ရာအဂၤလိပ္ဘာသာစကားတို့ကို တတ်မြောက်ကျွမ်းကျင်ဖို့ဖြစ်ပြီး ကျန်၃ခုကတော့ အစမ်းစစ်ဆေးတဲ့ဘာသာရပ်ခွဲတွေဖြစ်ပါတယ်။

ဘာသာရပ်ခွဲတစ်ခုစီက ၆နာရီကြာမြင့်မှာဖြစ်ပြီး တစ်နာရီကြာတဲ့ အရေး သို့မဟုတ် အပြောပိုင်းဆွေးနွေးပွဲတွေ အပတ်စဉ်ရှိမှာဖြစ်ပါတယ်။

အတန်းတစ်တန်းကို ကျောင်းသားအများဆုံး ၁၀-၁၂ယောက်သာ ရှိပါမယ်။

နောက်ထပ်ဘာတွေပါဝင်ဦးမလဲ

Wall Street English မှာ IELTS သင်တန်းကိုတက်ရောက်တဲ့အခါ သင်ယူသူတွေအနေနဲ့ သူတို့ရဲ့နားလည်မှုစွမ်းရည်နဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် အခွင့်အရေးအများအပြား ရရှိမှာဖြစ်တာကြောင့် အလွန်ထူးခြားကောင်းမွန်နေမှာဖြစ်ပါတယ်။

• ဘယ် Wall Street English သင်တန်းကျောင်းမှာမဆို လူမှုပေါင်းသင်းဆက်ဆံရေးအတန်းတွေနဲ့ အထူးပွဲအခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲနိုင်ခြင်း

• တက်ကြွစွာအပြန်အလှန်ဆွေးနွေးသင်ယူရတဲ့ အတန်းကို အပတ်စဉ် ၆နာရီကြာ တက်ရောက်နိုင်ခြင်း

•  အပတ်စဉ်ပြုလုပ်တဲ့ အပြောနဲ့အရေး ဆွေးနွေးပွဲမှာ ထပ်မံတိုးတက်အောင်စွမ်းဆောင်နိုင်ခြင်း

•  တစ်ဦးချင်းစီ ညှိနှိုင်းပြုလုပ်ပေးမယ့် စာစီစာကုံးရေးသားခြင်းဝန်ဆောင်မှုကနေ အကျိုးခံစားရနိုင်ခြင်း

• ကျွန်တော်တို့ရဲ့Online စနစ်ဖြစ်တဲ့ “MY English Lab” ကနေ အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်ခြင်း

•  စာသင်ခန်းတွင်း အစမ်းစစ်ဆေးမှုကို ဖြေဆိုခြင်းအားဖြင့် ကိုယ့်ရဲ့တိုးတက်မှုအခြေအနေကို မျက်မြင်သိရှိနိုင်ခြင်း

 

IELTS အတွက် ကြိုတင်ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့အချက်အလက်အားလုံးဟာ ဟောဒီ e-book ထဲမှာ ပါဝင်ပါတယ်။ အခုပဲရယူလိုက်ပါ။

e-book ကို download ရယူဖို့အတွက် ပုံစံကိုဖြည့်ပေးပါ။

Close Menu