စာမေးပွဲဖြေမယ့်သားသမီးအတွက် မိဘတွေက ဘာတွေပြင်ဆင်ပေးသင့်လဲ
မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံး၊ အမြင့်ဆုံး အမှတ်ရရှိစေချင်တာပါ။ ဒီနည်းလမ်း တွေကတော့ စာမေးပွဲဖြေဆိုရမယ့် သား၊ သမီးတွေအတွက် မိဘတွေက ပြင်ဆင်ပေးသင့်တဲ့အချက် တွေမို့ မျှဝေဖော်ပြလိုက်ပါတယ်။ စာမေးပွဲမတိုင်ခင်နဲ့ စာမေးပွဲဖြေဆိုရမယ့် နေ့တွေမှာ ဒီအချက်တွေပြင်ဆင်ပေးခြင်းအားဖြင့် အမြင့်ဆုံးပန်းတိုင်ဆီတက် လှမ်းနိုင်ကြပါစေကြောင်း Wall Street English မိသားစုက ဆုမွန်ခြွေလိုက်ပါတယ်။
(၁) ဦးစားပေးအချက်များကို စာရင်းပြုစုပေးပါ
ဘယ်အရာက မဖြစ်မနေဆောင်ရွက်ရမလဲ၊ ဦးစားပေးလုပ်သင့်သလဲဆိုတဲ့အချက်တွေကို စဉ်းစား ပြီး စာရင်းပြုစုလိုက်လံလုပ်ဆောင်ပေးပါ။ ဥပမာအားဖြင့် စာမေးပွဲခန်းမှာ ကျောင်းသားကတ်ယူသွားဖို့၊ စာမေးပွဲမတိုင်ခင်မှာ ဘယ်ရက်မှာ ဘယ်ဘာသာကိုလေ့လာသင့်တယ်ဆိုတာမျိုးကို ၀ိုင်းဝန်းလုပ် ဆောင်ပေးသင့်ပါတယ်။
(၂) ဆရာ၊ ဆရာမ တွေနဲ့ အဆက်အသွယ်လုပ်ထားပါ
စာလေ့လာတဲ့အခါ နားမလည်တာတွေကို ရှင်းပြနိုင်ဖို့ ဆရာ၊ ဆရာမ ဒါမှမဟုတ် Guide တို့နဲ့ အဆက်အသွယ်မပြတ်အောင်လုပ်ထားပေးသင့်ပါတယ်။ သူတို့နဲ့အလွယ်တကူအဆက်အသွယ်ရှိခြင်း အားဖြင့် ကိုယ့်သားသမီးတွေရဲ့ သင်ခန်းစာလေ့လာရေးအခက်အခဲကိုဖြေရှင်းနိုင်မှာပါ။
(၃) စာမေးပွဲအကြောင်းကို ဆွေးနွေးပေးပါ
စာတွေဘယ်လောက်လေ့လာထားသလဲ၊ ဘယ်အခြေအနေရှိသလဲ ဆိုတာမျိုးကို မျက်ခြေမပြတ်သိ အောင်လုပ်ထားသင့်ပါတယ်။ စာမေးပွဲဆိုတဲ့အရာအတွက် ရင်ဆိုင်ဖြေရှင်းနည်းတွေကို မိဘတွေဆီက သားသမီးတွေက အကြံကောင်းရနိုင်ပါတယ်။ ဒါကြောင်း စာမေးပွဲအတွက် ဘာလုပ်နေသလဲဆိုတာကို မကြာခဏ ဆွေးနွေးပေးပါ။
(၄) အကောင်းမြင်စိတ်တွေများအောင် လေ့ကျင့်ပေးပါ
အကောင်းမြင်စိတ်တွေများမှ စိတ်ပျော်ရွှင်ကြည်လင်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အရာပဲတွေး တွေး Positive ဘက်ကနေတွေးနိုင်အောင်ကူညီပေးလိုက်ပါ။ ဒါဟာ စာမေးပွဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် စာမေးပွဲမဖြေဆိုခင် အချိန်နီးကပ်နေတဲ့ကာလတွေမှာ စိတ်မကြည်စရာ၊ စိတ်အခန့်မသင့်စရာတွေ မရှိအောင်နေစေပြီး ရှိ လာခဲ့ရင်လည်း Positive ဘက်ကနေတွေးတတ်အောင်ဆောင်ရွက်ပေးသင့်ပါတယ်။
(၅) ကျန်းမာရေးကို ဂရုစိုက်ပေးပါ
အိပ်ရေးဝဝအိပ်ခိုင်းတာမျိုး၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ဆီများတဲ့အစားအစာတွေရှောင်ခိုင်းတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့စာမေးပွဲမဖြေဆိုခင်ညမှာ စာအကြာကြီး လေ့လာခိုင်းတာမျိုးမလုပ်မိစေဘဲ အိပ်ရေးဝဝအိပ်ခိုင်းဖို့ပါပဲ။ ဒါ့အပြင် ရေဝဝသောက်ခိုင်းပြီး သင့် တော်တဲ့ကိုယ်လက်လှုပ်ရှားမှုများလုပ်ခိုင်းပေးပါ။
(၆) စာကျက်မယ့်နေရာ သီးသန့်ထားပေးပါ
စာကျက်ခန်းမရှိခဲ့ရင်တောင် စာမေးပွဲမဖြေဆိုခင် တစ်ပတ်နှစ်ပတ်အလိုကတည်းက စာကျက်မယ့်နေရာ သီးသန့်ထားပေးစေချင်ပါတယ်။ အဲဒီနေရာမှာ စာကောင်းကောင်းလုပ်နိုင်ဖို့ အလင်းရောင်ကောင်း ကောင်း၊ စာလုပ်မယ့်နေရာအလုံအလောက်တွေ ရှိသင့်ပါတယ်။
(၇) မေးခွန်းဟောင်းတွေ ဖြေဆိုခိုင်းပါ
အရင်မေးခွန်းဟောင်းတွေဖြေဆိုခိုင်းစေတဲ့အပြင် ဘယ်လိုပုံစံမေးနိုင်သလဲ ရှုတောင့်ပေါင်းစုံကနေ ဖြေဆိုတတ်အောင်ဆောင်ရွက်ခိုင်းသင့်ပါတယ်။ မိဘတွေကိုယ်တိုင်မလုပ်နိုင် ရင်တောင် အချိတ်အဆက် လုပ်ထားတဲ့ ဆရာ၊ ဆရာမ၊ Guide တွေရဲ့အကူအညီနဲ့ပြုလုပ်နိုင်ပါတယ်။
(၈) စာမေးပွဲနေ့အကြောင်း ပြန်ပြောခိုင်းပါ
စာမေးပွဲဖြေဆိုပြီးပြန်လာတဲ့အခါ ဖြေနိုင်လားဆိုတဲ့မေးခွန်းနဲ့ ရပ်တန့်မနေစေချင်ပါဘူး။ ဘယ်လိုဖြေခဲ့ လဲ၊ ဘာတွေဖြေခဲ့သလဲဆိုတာကို ဆွေးနွေးကြည့်ပါ။ ဒါမှ သူ့ရဲ့အားသာချက်၊ အားနည်းချက်နဲ့ နောက် စာမေးပွဲရက်တွေမှာ ဘယ်လိုတွေပြင်ဆင်ပေးရမယ်ဆိုတာကို အလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။
– ENDS –
Wall Street English Center ဖုန်း
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay)