Say Hello Mobile App

ကမ္ဘာတစ်ဝှမ်းက သင်တန်းသားများ၊ ဆရာများနဲ့အတူ အဂၤလိပ္စာကို အွန်လိုင်းကနေ အခမဲ့သင်ယူလိုက်ပါ

Say Hello app ဖြင့် နေ့စဉ်ဘဝမှာ အဂၤလိပ္စာကို စတင်အသုံးပြုလိုက်ပါ။ Say Hello app ဆိုတာ Wall Street English ရဲ့ အဂၤလိပ္စာ အခမဲ့သင်ယူနိုင်တဲ့ mobile app တစ်ခုဖြစ်ပါတယ်။ အဂၤလိပ္စာ လေ့လာတဲ့နေရာမှာ အရေးကြီးတဲ့အပိုင်းတွေဖြစ်တဲ့ English Grammar နဲ့ Vocabulary စွမ်းရည်တွေကို အသုံးပြုပြီး ကမ္ဘာတစ်ဝှမ်းက သင်တန်းသားများ၊ ဆရာများနဲ့အတူ အပြန်အလှန်ပြောဆိုလေ့ကျင့်ရင်းနဲ့ မိမိကိုယ်ကို ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။ Say Hello သည် အဂၤလိပ္လို ပိုမိုပြောဆိုလိုပြီး English Grammar ၊ Vocabulary ၊ Writing နှင့် Speaking စွမ်းရည်တို့ကို ပျော်ရွှင်ဖွယ်ကောင်းပြီး ထိရောက်သောနည်းလမ်းများဖြင့် မိမိတို့၏ မိုဘိုင်းဖုန်းများပေါ်မှပင် မည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို အခမဲ့လေ့ကျင့်သင်ယူလိုသည့် အဂၤလိပ္စာ စတင်လေ့လာသူ (beginner) များနှင့် အတန်အသင့် တတ်ကျွမ်းပြီးသူ (intermediate learners) များအတွက် အထူးကောင်းမွန်သည့် app တစ်ခုဖြစ်ပါသည်။

Say Hello app အား အသုံးပြုပုံနည်းလမ်း

Beginner ၊ intermediate သို့မဟုတ် advanced စသည်ဖြင့် သင်၏ အဂၤလိပ္စာ ကျွမ်းကျင်မှုအဆင့် (English Level) ကို ရွေးချယ်ပါ။ ထို့အပြင် လေ့ကျင့်ရန်အတွက် Grammar နှင့် Vocabulary အကြောင်းအရာ သို့မဟုတ် အပြန်အလှန်ပြောဆိုဆွေးနွေးရန်အတွက် သင်နှစ်သက်သော အကြောင်းအရာ (conversation topic) များကိုလည်း ရွေးချယ်ပါ။ ပြီးနောက်တွင် အသံဖိုင် (audio) ၊ စာသား (text) ၊ ဓာတ်ပုံများနှင့် GIF တို့ကို အသုံးပြုကာ သင်၏ နေ့စဉ်ဘဝအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးပြောဆိုပြီး အခြားနိုင်ငံများမှ နေ့စဉ်ဘဝ ဖြတ်သန်းမှုများ အကြောင်းကိုလည်း လေ့လာလိုက်ပါ။ ထို့သို့ အပြန်အလှန်ပြောဆိုမှုများနှင့် လေ့လာမှုများအားလုံးကို အဂၤလိပ္လိုပင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ Say Hello app တွင် သင်၏ အဂၤလိပ္စာစာနှင့် ထိတွေ့ လေ့ကျင့်ထားသမျှကို မှတ်သားထားမည်ဖြစ်ပြီး practice လုပ်ရန် သတိပေးမှုများ ပြုလုပ်ပေးမည်ဖြစ်သလို နောင်တွင်လေ့လာနိုင်ရန်အတွက် မိမိအတွက် အသုံးဝင်သော၊ စိတ်ဝင်စားဖွယ်အကောင်းဆုံးသော အကြောင်းအရာများကိုလည်း သင့်အနေဖြင့် သိမ်းဆည်းထားနိုင်မည်ဖြစ်ပါသည်။ ထိုသို့ သိမ်းဆည်းထားနိုင်ခြင်းဖြင့် အဂၤလိပ္စာကို အချိန်နှင့်အမျှ ထပ်ခါထပ်ခါ သင်ယူသွားနိုင်မည်ဖြစ်ပါသည်။
Say Hello App
Say Hello App
Say Hello App
Say Hello App

Wall Street English နှင့် အဂၤလိပ္စာသင်ယူရသည့် အတွေ့အကြုံ

ကမ္ဘာအနှံ့ရှိ Wall Street English Center များသည် စိတ်ဝင်စားဖွယ်ကောင်းပြီး လက်တွေ့ဘဝနှင့် ယှဉ်တွဲလေ့လာရသည့် အဂၤလိပ္စာသင်ယူမှု အတွေ့အကြုံကို သင်တန်းသားများအတွက် အမြဲတစေ စီစဉ်ဖန်တီးပေးလျက်ရှိပြီး သင်တန်းသားများအနေဖြင့် အမှားအယွင်းများပြုလုပ်မိမည်ကို ကြောက်ရွံ့သည့်စိတ်များ ကင်းဝေးကာ မိမိကိုယ်ကိုယ်ယုံကြည်မှုများ တည်ဆောက်နိုင်ကြပြီး ပျော်ရွင်စွာ လေ့လာသင်ယူရင်း လက်တွေ့ တိုးတက်မှုများကို မြင်တွေ့စေနိုင်သော သင်ကြားရေး ပတ်ဝန်းကျင်ကောင်းများအဖြစ် ရပ်တည်နေပါသည်။ ကျွန်တော်တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သင်တန်းသား သန်းပေါင်းများစွာကို အဂၤလိပ္စာတိုးတက်မှုနှင့်အတူ ၎င်းတို့၏ ရည်မှန်းချက်များကို ရရှိအောင်မြင်စေရန် အားပေးကူညီခဲ့ပြီး ဖြစ်ပါသည်။ ယခုဆိုလျှင် အဂၤလိပ္စာလေ့လာသင်ယူနိုင်သည့် Say Hello mobile app နှင့်အတူ မည်သည့် အဂၤလိပ္စာ လေ့လာသင်ယူသူမဆိုသည် ကျွန်တော်တို့၏ ထူးခြားကောင်းမွန်သော သင်ကြားမှုနည်းစနစ်ကို တစ်စိတ်တစ်ဒေသအားဖြင့် ရယူနိုင်မည်ဖြစ်ပြီး ကျွန်တော်တို့၏ ကမ္ဘာအနှံ့ချိတ်ဆက်ထားသည့် သင်တန်းသားများနှင့် ဆရာများ၏ Global Community မှလည်း အဂၤလိပ္စာ သင်ယူမှုနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများကို အခမဲ့အနေဖြင့် ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။