Wall Street English အတွေ့အကြုံ

Wall Street English တွင် အဂၤလိပ္စာ လေ့လာသင့်သည့်အကြောင်းပြချက်များ

ကိုယ်ပိုင်အဂၤလိပ္စာလေ့လာမှုအတွေ့အကြုံကို ကျွန်တော်တို့ ပေးထားတာဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ခုကို လေ့လာသင်ယူရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့နားလည်ထားတာကြောင့် သင်တို့ကို အတန်းတွေမှာ ကျောင်းသားနည်းနည်းစီနဲ့သာ သင်ယူလေ့လာစေပြီး သင့်ရဲ့ကိုယ်ပိုင်အချိန်ဇယားအတိုင်း စနစ်တကျလေ့လာဖြစ်ဖို့ အကြံပေးကူညီပေးနိုင်မယ့် ဝန်ထမ်းတစ်ယောက်စီ ထားရှိပေးသွားမှာဖြစ်ပါတယ်။

ဒါကတော့ သင့်ကို အောင်မြင်မှုဆီ ဦးတည်ခေါ်ဆောင်ပေးသွားမယ့် Wall Street English မှာ ရရှိမယ့်အတွေ့အကြုံပဲဖြစ်ပါတယ်။

Wall Street English ရဲ့ကျောင်းသားဖြစ်ရတာ ဘာနဲ့တူသလဲ?

What is it like to be a Wall Street English student?

You can see from our testimonials that our students love learning with us. 96% of students would recommend us to their friends because our course offers the best experience and the best success! Wall Street English is about creating opportunities for you by teaching you English. The centers, Social Clubs and other activities combine to make your experience the best it can be.

ကျွန်တော်တို့ကျောင်းသားတွေရဲ့စကားသံ

2019-10-152-Agency

ကျွန်တော်တို့က သင့်ကို ပြုစုပျိုးထောင်ပေးပါမယ်၊ စိတ်ဓာတ်မြှင့်တင်ပေးပါမယ်၊ အဂၤလိပ္ဘာသာစကား လေ့လာသင်ယူရေးမှာ သင့်ကို အောင်မြင်မှုရရှိစေမှာဖြစ်ပါတယ်။

ကျွန်တော်တို့၏သင်တန်းကျောင်းများ

ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတွေဟာ ကျောင်းသားတွေကို လာရောက်လေ့လာသင်ယူဖို့ နွေးထွေးစွာ လက်ကမ်းကြိုဆိုနေတဲ့ နေရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတွေမှာ အဂၤလိပ္ဘာသာစကားကိုသာ အသုံးပြုပြောဆိုပြီး သင့်အတွက် အကောင်းဆုံး အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။ ဖော်ရွေလှိုက်လှဲတဲ့ ပတ်ဝန်းကျင်မှာ အဂၤလိပ္စာကို အလွယ်တကူလေ့ကျင့်နိုင်မှာလည်း ဖြစ်ပါတယ်။ ကျောင်းထဲကို သင်ရောက်တာနဲ့တပြိုင်နက် ကျွန်တော်တို့ရဲ့ဝန်ထမ်းအဖွဲ့တွေက သင့်ကို သင်ယူလေ့လာရေးအတွက် အကူအညီပေးဖို့ ရှိနေမှာပါ။ ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတွေဟာ ခွန်အားအပြည့်နဲ့ သက်ဝင်လှုပ်ရှားနေတဲ့ နေရာတွေဖြစ်ပြီး အဂၤလိပ္စာလေ့လာသင်ယူတတ်မြောက်ရေးဆိုတဲ့ တစ်ခုတည်းသောတူညီတဲ့ ရည်မှန်းချက်ကို ထားရှိကြတဲ့ တခြားကျောင်းသားတွေကိုလည်း သင်တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ သွားလာရလွယ်ကူတဲ့နေရာတွေမှာ တည်ရှိပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးနည်းလမ်းတွေနဲ့ သင်လာရောက်နိုင်မှာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ သင်ယူလေ့လာဖို့၊ ဆရာတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံဖို့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့အတွက် ကျွန်တော်တို့ရဲ့သင်တန်းကျောင်းကို လာရောက်နိုင်ပါတယ်။

ဆိုရှယ်ကလပ်

ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတိုင်းမှာ ကျောင်းသားရေးရာအသိုက်အဝန်းရဲ့ဗဟိုချက်ဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးအသင်းအဖွဲ့တွေ ရှိပါတယ်။ သင်တန်းကျောင်းတွင်းမှာ သို့မဟုတ် ပြင်ပမှာ ပျော်စရာလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်မယ့် ပေါင်းသင်းဆက်ဆံရေးအသင်းအဖွဲ့တွေ အမျိုးအစားပေါင်းစုံရှိပါတယ်။ သင့်အနေနဲ့ လူသစ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးရမှာဖြစ်သလို တခြား အဂၤလိပ္ဘာသာစကားသင်ယူနေသူတွေနဲ့လည်း အတူလေ့ကျင့်နိုင်ပါမယ်။ ညဘက် ရုပ်ရှင်အတူတူသွားကြည့်ခြင်း၊ ဟင်းချက်သင်ခန်းစာပို့ချခြင်း၊ ညဘက်အပြင်ထွက်လည်ခြင်း စတဲ့ လှုပ်ရှားမှုတွေဟာ သင့်အတွက် အဂၤလိပ္စကားကို သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးနဲ့ လေ့ကျင့်နိုင်မယ့် အခွင့်အရေးတွေဖြစ်ပါတယ်။

ဒီနေ့ပဲ စတင်လေ့လာချင်ပါသလား

ပံ့ပိုးကူညီမှုရှိတဲ့ ပတ်ဝန်းကျင်မှာ အဂၤလိပ္စာလေ့လာဖို့ အကောင်းဆုံးအခွင့်အလမ်းကို ကျွန်တော်တို့သင်တန်းက ပေးစွမ်းနိုင်ပါတယ်။ ပျော်စရာကောင်းပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ လေ့လာမှုတွေအပေါ် အခြေခံထားတဲ့ ကျွန်တော်တို့ရဲ့သင်ရိုးညွှန်းတမ်းကို အကောင်းဆုံးအသုံးချလိုက်ပါ။