အင်္ဂလိပ်စကားပြော ကျွမ်းကျင်အောင် ဘယ်လိုလုပ်မလဲ
အင်္ဂလိပ်စာ လေ့လာနေကြတဲ့သူတော်တော်များများဟာ အင်္ဂလိပ်စကားပြော တဲ့အခါ တုံ့ဆိုင်းနေ တတ်တာမျိုး၊ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ရာနှုန်းပြည့်မပြောနိုင်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုးဖြစ်တတ်ပါတယ်။ ဒီနည်းလမ်းလေးတွေကတော့ အင်္ဂလိပ်စကားပြောကျွမ်းကျင်ဖို့ အတွက်အသုံးတည့်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။
(၁) Listen
ဘယ်လိုပြောမလဲသိချင်ရင် အရင်ဆုံးနားထောင်ဖို့လိုအပ်ပါတယ်။ နားရည်ဝလာလေလေ အသံနေ အသံထားမှန်ကန်အောင်ပြောတတ်လာလေလေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နားထောင်ဖူးတဲ့စကား သံအတိုင်း လိုက်ပြောမိနေစေဖို့ များများနားထောင်ပေးပါ။
(၂) Take every chance to speak
စကားပြောလေ့ကျင့်ခြင်းဟာ အကောင်းဆုံးသောစကားပြောတတ်ခြင်းဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် အင်္ဂလိပ်စကားပြောရမယ်ဆိုတဲ့အခွင့်အရေးမျိုးကြုံလာရင် လက်လွှတ်မခံပါနဲ့။ အင်္ဂလိပ်လိုပြောစရာကြုံလာရင် မဖြစ်ဖြစ်အောင်ပြောပါ။ တစ်ယောက်တည်းရှိနေတဲ့အချိန်မှာလည်း စကားပြောလေ့ကျင့်ဖြစ်အောင်ကြိုးစားကြည့်ပါ။
(၃) Try to connect words
Native speaker လိုမျိုး အင်္ဂလိပ်စကားကိုသဘာဝကျကျပြောတတ်ဖို့ စကားလုံးတွေကိုချိတ်ဆက် ပြောတတ်အောင်လေ့ကျင့်ပါ။ ဥပမာ Do you speak English? ဆိုတဲ့ မေးခွန်းမှာ Do ဟာ ဒူး ဆိုတဲ့အသံမထွက်ပါဘူး။ D အသံကိုပဲယူပြီး ဒယူ လို့ပဲ ထွက်ပါတယ်။ Want to ကိုလည်း Wanna ဆိုပြီးတော့ အတိုကောက်ပြောတတ်ကြပါတယ်။ ဒါကြောင့် စကားလုံးအချိတ်အ ဆက်တွေကို ဂရုတစိုက်နားထောင်လေ့လာဖို့လိုအပ်ပါတယ်။ ဒါဆို စကားပြောတဲ့အခါ အတောင့်လိုက် ကြီးဖြစ်မနေတော့ဘူးပေါ့။
(၄) Think in English
အင်္ဂလိပ်စကားပြောကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေထဲမှာ အင်္ဂလိပ်လိုတွေးတောနေခြင်းက လည်း တစ်ချက်အပါအဝင်ပါ။ အကြောင်းအရာတိုင်းကို အင်္ဂလိပ်လိုပြောတတ်အောင်တွေးနေဖို့က စတင်လေ့ လာတဲ့သူအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပေမယ့် ကျွမ်းကျွမ်းကျင်ကျင်ပြော တတ်ဖို့မှာ တော်တော်အသုံးတည့်တဲ့ကိစ္စဖြစ်ပါတယ်။
– ENDS –
ဖော်ပြခဲ့တဲ့ နည်းလမ်းကို တစ်လအနည်းဆုံး တစ်စိုက်မတ်မတ်လုပ်ကြည့်ပါ။ သင့်ရဲ့အင်္ဂလိပ်စကား ပြော သိသိသာသာတိုးတက်လာတာတွေ့ရပါလိမ့်မယ်။ Wall Street English မှာတော့ Total English Environment ဖြစ်လို့ သင်တန်းအဆောက်အဦထဲကိုဝင်တာနဲ့ အင်္ဂလိပ်လို ပဲပြောရတာဖြစ်ပါတယ်။ သင်လည်း Wall Street English သင်တန်းသားဖြစ်လို့ရတာပေါ့။
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay)
×××××