အင်္ဂလိပ်စာကို အွန်လိုင်းကနေ လေ့လာနေပါသလား။ ဒါဆိုရင်တော့ အောက်က အချက်လေးတွေက သင့်အတွက် အကျိုးကျေးဇူးအများကြီး ဖြစ်ထွန်းစေမှာဖြစ်သလို အောင်မြင်မှုတွေလည်း ရရှိစေမှာပါ။
(၁) အစီအစဉ် (Plan) တစ်ခုကို လိုက်နာကျင့်သုံးပါ
(၂) လေ့ကျင့်ပါ
(၃) တခြားသူတွေရဲ့ သဘောထားမှတ်ချက် (feedback) ကိုရယူပါ
(၄) ယုံကြည်စိတ်ချရတဲ့ သင်ကြားမှုစနစ်နဲ့ သင်ယူပါ
(၅) စိတ်ဓာတ်တက်ကြွအောင်နေပါ
(၁) အစီအစဉ် (Plan) တစ်ခုကို လိုက်နာကျင့်သုံးပါ
အင်္ဂလိပ်စာလေ့လာတဲ့အခါမှာ အရေးအကြီးဆုံးအရာတစ်ခုက ဘာတွေကိုလေ့လာရမယ်နဲ့ ဘယ်လိုမျိုးလေ့လာသင့်တယ်ဆိုတဲ့ what နဲ့ how ကို သတ်သတ်မှတ်မှတ် တိတိကျကျ ဖော်ပြမယ့် အစီအစဉ်တစ်ခု ရှိဖို့ပါ။ ကောင်းမွန်တဲ့ Plan မရှိတဲ့အခါ Google Map မသုံးဘဲ Delivery လိုက်ပို့သလိုပဲ ပန်းတိုင်ရောက်ဖို့ လမ်းမှန်ပေါ်မှာ ရှိလား မရှိလားဆိုတာ မသိဘဲ မှန်းဆပြီး သွားနေရတာမျိုးလိုဖြစ်နေနိုင်ပါတယ်။ ပန်းတိုင်ရောက်သွားတယ်ဆိုရင်တောင် ပိုရှည်တဲ့ လမ်းကသွားမိနေတာ၊ အချိန်တွေ မလိုအပ်ဘဲ ပိုကုန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာလည်း Plan ကောင်းကောင်းရှိမယ်ဆိုရင်တော့ မိမိလိုချင်တဲ့ အင်္ဂလိပ်ကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိနိုင်ဖို့ အချိန်၊ ငွေကြေးနဲ့ အင်အားတွေကို အကောင်းဆုံး အသုံးချနိုင်သွားမှာပါ။
(၂) လေ့ကျင့်ပါ
အင်္ဂလိပ်စာသင်ယူလေ့လာတဲ့အခါမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုက လက်တွေ့လေ့ကျင့်မှုတွေ အများကြီး ပြုလုပ်သွားဖို့ပါပဲ။ လေ့ကျင့်မှုလုပ်တဲ့အခါမှာလည်း အမှန်တကယ်ထိရောက်ဖို့ လိုအပ်ပါသေးတယ်။ ကိုယ့်မှာရှိတဲ့ resource တွေက အကန့်အသတ်နဲ့ပဲမို့ “အင်း လေ့ကျင့်ရမယ်ဆိုလို့ လေ့ကျင့်လိုက်တာပဲ။ အကျိုးရှိမယ်ထင်ပါတယ်” ဆိုတာမျိုးလောက်နဲ့ ပြီးမသွားဘဲ “ဒီလိုလေ့ကျင့်လိုက်တာ ဒီလိုအကျိုးကျေးဇူးတွေ လက်တွေ့ရလာတယ်”ဆိုတဲ့ ခိုင်မာတဲ့ ရလဒ်တွေကို မြင်ရဖို့လိုပါတယ်။
ထိရောက်တဲ့ လေ့ကျင့်မှုဖြစ်အောင် မိမိရဲ့ ပန်းတိုင်ကို ဦးတည်ပြီး သွားနေဖို့ လိုပါတယ်။ ဆိုလိုတာကတော့ ချမှတ်ထားတဲ့ Plan အတိုင်းစွဲစွဲမြဲမြဲလုပ်ဆောင်ဖို့နဲ့ မိမိအနေနဲ့ ပိုင်နိုင်တဲ့ နေရာတွေမှာရော ပိုကျွမ်းကျင်လာအောင်လုပ်ဖို့ လိုအပ်နေသေးတဲ့ နေရာတွေမှာပါ တက်တက်ကြွကြွ လေ့လာလိုက်စားပြီး လေ့ကျင့်နေဖို့ပါ။
အင်္ဂလိပ်စာ လေ့လာဖို့အတွက် ကုန်ဆုံးရတဲ့ အချိန်တွေကို အကျိုးရှိစေချင်ရင်တော့ စာအုပ်တွေထဲကနေ လေ့လာနေရုံသာမကပဲ လက်တွေ့ လေ့ကျင့်မှုတွေကနေပါ သင်ယူနေနိုင်ဖို့ လိုအပ်ပါတယ်။
(၃) တခြားသူတွေရဲ့ သဘောထားမှတ်ချက်ကို ရယူပါ
သင့်ရဲ့တိုးတက်မှုကို အကဲဖြတ်ပေးမယ့် မှတ်ချက်တွေကို အမြဲတစေ ရှာဖွေနေသင့်ပါတယ်။ အကူအညီလိုအပ်တဲ့အခါ တောင်းခံဖို့ကိုလည်း ရှက်နေ ကြောက်နေတာမျိုး မဖြစ်သင့်ပါဘူး။ လက်ရှိမှာ အင်္ဂလိပ်စာ ကျွမ်းကျင်နေသူတွေဆိုတာဟာလည်း တစ်ချိန်တုန်းကတော့ သင့်လိုပဲ စတင်လေ့လာသူ အဆင့်ကို ဖြတ်သန်းလာခဲ့ကြတာပဲမို့ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ သဘောမှတ်ချက် feedback တွေ ပေးဖို့ ဝန်မလေးတတ်ကြပါဘူး။
ထိရောက်တဲ့ သဘောထားမှတ်ချက်တွေ၊ အကြံပြုချက်တွေက သင့်ရဲ့ လက်ရှိ ကျွမ်းကျင်မှုအဆင့်နဲ့ အားဖြည့်ဖို့ လိုအပ်နေသေးတဲ့ နေရာတွေကိုပါ အလျင်အမြန် သိရှိနားလည်သွားစေမှာပါ။
အဲ့ဒီလိုမျိုး ရှင်းရှင်းလင်းလင်းသိရတာ အလွန်ကို အကျိုးကျေးဇူးများပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ဘာတွေကို ထပ်ပြီးလေ့လာရဦးမလဲဆိုတာ သေသေချာချာ သိသွားတာပေါ့။
(၄) ယုံကြည်စိတ်ချရတဲ့ သင်ကြားမှုစနစ်နဲ့ သင်ယူပါ
အင်္ဂလိပ်စာ လေ့လာတဲ့ နည်းလမ်းတွေက အများအပြားရှိနေပြီး တကယ်တမ်း လက်တွေ့ ထိထိရောက်ရောက်သင်ယူဖို့ကြပြန်တော့လည်း အဲ့ဒီလိုပဲ များပြားလှတဲ့ နည်းလမ်းတွေက ခေါင်းရှုပ်စရာ ဖြစ်လာတတ်ပါတယ်။
သင့်အနေနဲ့ အလုပ်သင့်ဆုံးကတော့ အင်္ဂလိပ်စာကို စနစ်တကျသင်ယူနိုင်စေမယ့် အထောက်အကူတွေ အပြည့်အစုံတွေပါဝင်တဲ့ သင်ရိုးတစ်ခု၊ သင်ကြားမှုစနစ် (fully integrated course) တစ်ခုကို ရွေးချယ်လိုက်ဖို့ပါ။
သေသေချာချာ စီစဉ်ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှုစနစ်က အင်္ဂလိပ်စာလေ့လာတဲ့ နေရာမှာ တကယ်လိုအပ်တဲ့ အရာတွေကို သင့်တော်တဲ့ အချိန်မှာ သင်ယူနိုင်စေမှာပါ။ လက်တွေ့အခြေအနေ (real-world situations) တွေနဲ့ ယှဉ်တွဲပြီး လေ့လာနိုင်၊ လေ့ကျင့်နိုင်သလို သင့်ရဲ့ တိုးတက်မှု (progress) ကိုလည်း အမြဲမပြတ် သိရှိနေစေပါတယ်။
(၅) စိတ်ဓာတ်တက်ကြွအောင်နေပါ
အင်္ဂလိပ်စာသင်ယူရတဲ့ အကြောင်းရင်းနဲ့ ရည်မှန်းချက်က ရင်ထဲမှာ စွဲစွဲမြဲမြဲရှိနေသလို စိတ်ဓာတ်လည်း တက်ကြွနေမယ်ဆိုရင်တော့ သင့်ရဲ့ ခရီးက တစ်ဝက်လောက် အောင်မြင်နေပြီလို့ ယူဆနိုင်ပါတယ်။
စိတ်ဓာတ်တက်ကြွနေတဲ့အခါမှာ အင်္ဂလိပ်စာလေ့လာတဲ့အခါ သွက်သွက်လက်လက်နဲ့ စိတ်အားထက်သန်နေမှာပါ။
သာမန်ထက်ပိုပြီးတော့လည်း အချိန်တွေ အားအင်တွေစိုက်ထုတ်ပြီး လေ့လာဖြစ်သွားပါတယ်။
စိတ်ဓာတ်တက်ကြွနေစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အင်္ဂလိပ်စာကျွမ်းကျင်သွားတဲ့အခါ ပိုပြီးတိုးတက်သွားမယ့် မိမိရဲ့အခြေအနေနဲ့ ဖြစ်ပေါ်လာမယ့် အောင်မြင်မှုခံစားချက်ကို ကြိုတင်မြင်ယောင်ကြည့်ဖို့ပါပဲ။ အတွေးနဲ့တင် အတော်လေးပျော်ရွှင်ကြည်နူးနေရပြီဆိုတော့ လက်တွေ့ကြိုးစားဖို့ လုံးဝကို တက်ကြွနေပြီပေါ့။
အထက်ပါအချက် (၅) ချက်နဲ့ပတ်သက်ပြီး တစ်နေရာထဲမှာ အားလုံးအဆင်ပြေသွားချင်ရင်တော့ Wall Street English မှာ အင်္ဂလိပ်စာ သင်ယူကြဖို့ အကြံပြုလိုပါတယ်။
သင်တန်းကို စပြီးတက်ရောက်မယ်ဆိုတာနဲ့ မိမိရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့် English Level ကို အခမဲ့ စစ်ဆေးပေးပြီး ကိုယ်နဲ့သင့်တော်မယ့် Level ကနေစတက်ရတာဖြစ်သလို သတ်မှတ်ထားတဲ့ အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ ကိုယ်ရည်မှန်းထားတဲ့ English Level ကို ရောက်ရှိသွားဖို့ အာမခံချက်ပေးနိုင်တဲ့ Study Plan ကိုလည်း တစ်ဦးချင်းစီအတွက် အသေးစိတ်ရေးဆွဲပေးမှာပါ။
လေ့ကျင့်ဖို့အတွက်နဲ့ feedback တွေရယူဖို့ကလည်း Native Speaker ဆရာတွေနဲ့ရော အရည်အချင်းပြည့်ဝတဲ့ personal coach တွေနဲ့ပါ လေ့ကျင့်သင်ကြားရတာမို့ သင့်အတွက် အသင့်တော်ဆုံး practice နဲ့ feedback တွေကို ရရှိနိုင်ပါတယ်။
သင်ကြားမှုစနစ်အနေနဲ့ကတော့ Wall Street English ရဲ့ ကိုယ်ပိုင်တီထွင်ထားတဲ့ အင်္ဂလိပ်စာသင်ကြားမှု စနစ်ဖြစ်တဲ့ “Multimethod” နဲ့ သင်ကြားပေးပါတယ်။ “Multimethod” အကြောင်းကို အရိုးရှင်းဆုံး ပြောပြရရင်တော့ တခြားမည်သည့် သင်တန်းကျောင်းမှာမှ မရရှိနိုင်တဲ့ ထူးခြားကောင်းမွန်တဲ့ သင်ကြားမှုစနစ်လို့ ဆိုရမှာပါ။
အင်္ဂလိပ်စာလေ့လာသူတွေအတွက် အဓိက အတားအဆီးကြီးတစ်ခုဖြစ်တဲ့ “စာတွေသင်နေတယ်” ၊ “သင်တန်းတက်နေရတယ်” ၊ “စာလုပ်ရဦးမယ်” စတဲ့ ငြီးငွေ့မှုတွေ မဖြစ်စေမယ့် စိတ်ဝင်စားပြီး ပျော်ရွှင်ဖွယ် သင်ကြားမှုစနစ်တစ်ခုပါ။ Multimethod စနစ်နဲ့ဆိုရင်တော့ အင်္ဂလိပ်စာသင်ယူတယ်ဆိုတာ လက်တွေ့ဘဝကနေ ထွက်ပြီး တမင်လုပ်ယူရတဲ့၊ တွန်းအားတစ်ခုနဲ့မှ လုပ်ဆောင်ရတဲ့ အရာမဟုတ်တော့ပါဘူး။ မိခင်ဘာသာစကားကို ကလေးဘဝတုန်းက မပင်မပန်းဘဲ တတ်မြောက်လာခဲ့သလိုပဲ သဘာဝကျကျ တတ်မြောက်သွားမှာဖြစ်တဲ့အတွက် တသက်လုံးစွဲမြဲသွားမယ့် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အင်္ဂလိပ်စာသင်ယူဖို့ စိတ်ဓာတ်တက်ကြွနေဖို့အတွက်ဆိုရင်လည်း မသိတာမရှင်းတာတွေကို စေတနာပါပါ သင်ကြားပြသပေးမယ့် ကူညီပေးမယ့် Native Speaker ဆရာတွေရှိနေသလို၊ တစ်ဦးချင်းစီ အနီးကပ် encourage လုပ်ပေးမယ့် Personal Coach တွေကလည်း အဆင်သင့်ပါပဲ။ Wall Street English မှာ စတက်ကတည်းက သင်တန်းသားတစ်ယောက်ကို Personal Coach တစ်ယောက်နဲ့ တစ်ခါတည်းတွဲပြီး အပ်ပေးလိုက်တာ (assign လုပ်ပေးလိုက်တာ) မို့ အဲ့ဒီသင်တန်းသားအနေနဲ့ အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာ အခက်အခဲတွေရှိနေလား၊ ဘယ်အရာတွေကိုတော့ လိုအပ်နေတယ်၊ ရေးဆွဲပေးထားတဲ့ Study Plan အတိုင်း လေ့လာဖြစ်နေရဲ့လား စတဲ့ အသေးစိတ်တွေကို Personal Coach တွေက တစ်ဦးချင်း အနီးကပ် ဂရုစိုက်ပေးမှာပါ။
အင်္ဂလိပ်စာကျွမ်းကျင်မှုဟာ ယနေ့ခေတ်မှာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ဘဝကို ပြောင်းလဲပေးနိုင်မယ့် အရာဆိုရင်လည်း မမှားပါဘူး။ ဒါ့ကြောင့်မို့ စာဖတ်သူအားလုံး အင်္ဂလိပ်စာကို ထိထိရောက်ရောက် သင်ယူပြီး ဘဝရဲ့ ရည်မှန်းချက်တွေကို ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(WSE International ရဲ့ Top Five Tips for English Learners Online ကို ဘာသာပြန်ဆို မှီငြမ်းပါသည်။)