
အာမခံချက်ရှိတဲ့
အဂၤလိပ္စာသင်ကြားရေး
သင် ဘယ်လိုလေ့လာသင်ယူရမှာလဲ?
လူအမျိုးမျိုးနဲ့ကိုက်ညီတဲ့ နည်းစနစ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရလွယ်ကူတဲ့ နည်းလမ်းတွေဟာ သင့်ကိုဗဟိုပြုပြီး သင်ဘယ်လိုလေ့လာသင်ယူချင်သလဲ၊ သင်အခုလက်ရှိရောက်နေတာ ဘယ်ကျွမ်းကျင်မှုအဆင့်လဲ၊ ဘယ်အဆင့်ကို သင်ရောက်ချင်တာလဲ ဆိုတာတွေနဲ့အညီ လည်ပတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့လက်တွေ့သက်သေပြထားပြီးသား နည်းစနစ်တွေဟာ သင်လိုချင်တာကို အတိအကျပေးစွမ်းနိုင်ဖို့ သင်ကြားရေးနည်းလမ်းအမျိုးမျိုးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ကျောင်းသားတွေရဲ့စကားသံ
ကျွန်တော့်ရဲ့ဝေါဟာရကြွယ်ဝမှုနဲ့ စကားပြောပီသမှုစွမ်းရည်ကို တိုးတက်လာပြီလို့ယုံကြည်မှုရှိပါတယ်။ Wall Street English ကြောင့် နိုင်ငံခြားသားတွေနဲ့စကားပြောရမှာ ကျွန်တော် မကြောက်တော့သလို သူများတွေနဲ့ အဂၤလိပ္လိုပြောဆိုဆက်ဆံဖို့၊ တစ်ယောက်တည်း နိုင်ငံခြားသွားဖို့တွေကိုလည်း မကြောက်တော့ပါဘူး။

WSE ရဲ့သင်ကြားရေးနည်းစနစ်တွေဟာ အရွယ်ရောက်ပြီးသူတွေအတွက်ရော ကျွန်မတို့လို လူငယ်တွေအတွက်ရော သင့်တော်ပါတယ်။ ကျွန်မရဲ့ဒုတိယအိမ်လိုပါပဲ။ Wall Street English မှာ သင်ယူလေ့လာနေစဉ် ကျွန်မအနေနဲ့ နွေးထွေးမှုနဲ့ ဖော်ရွေလှိုက်လှဲမှုကို ခံစားရပါတယ်။

Wall Street English မှာ ထူးခြားကောင်းမွန်တဲ့ သင်ယူလေ့လာရေးနည်းစနစ်နဲ့အတူ အံ့သြဖွယ်ကောင်းတဲ့ ဖွဲ့စည်းပုံနဲ့ အလုပ်များသူတွေ၊အဂၤလိပ္ဘာသာစကားကို စနစ်တကျလေ့လာသင်ယူလိုတဲ့ လူငယ်တွေအတွက် အဆင်ပြေသလိုပြောင်းလဲဖို့လွယ်ကူတဲ့ အချိန်ဇယားတို့ကို ပိုင်ဆိုင်ထားပါတယ်။

ဆရာတွေ သင်တန်းနည်းပြတွေအားလုံးက ကူညီပေးဖို့ဆိုအသင့်ဖြစ်နေကြတယ်။ WSE မှာစာသင်ကြားခြင်းနဲ့ပျော်ရွှင် ခြင်းဟာထပ်တူကျပါတယ်။ သူငယ်ချင်းအသစ်၊ အတွေ့အကြုံအသစ်၊ အတန်းတွင်းလှုပ်ရှားမှုအများကြီးတွေနဲ့သင်ကြား ခဲ့ရပါတယ်။

အသွင်မတူညီတဲ့နယ်ပယ်ပေါင်းစုံကလူတွေအတွက် အသင့်တော်ဆုံးသင်ကြားမှုစနစ်ဖြစ်ပါတယ်။ အားလုံးထက်ထူးခြား တဲ့စနစ်နဲ့ ဆရာတွေ၊ သင်တန်းနည်းပြတွေ၊ ဝန်ထမ်းတွေရဲ့ကူညီမှု၊ လှိုက်လှဲပျုငှာမှုတွေက လူတိုင်းလူတိုင်းအတွက် နွေး ထွေးချစ်ခင်မှုနဲ့ပြည့်နှက်နေတဲ့ပတ်ဝန်းကျင်ကိုရောက်သွားသလိုပါပဲ။

ဆရာတွေနဲ့သင်တန်းနည်းပြတွေကစိတ်ရှည်သည်းခံပြီး အရမ်းလည်းကူညီတတ်ကြပါတယ်။
အဂၤလိပ္စာနဲ့ပတ်သက်တဲ့ အသုံးအနှုန်း၊ ကွဲပြားခြားနားထူးခြားချက်တွေကို Social class, Complementary class တွေကနေရရှိခဲ့ပါတယ်။

နိုင်ငံခြားမှာကျောင်းတက်တဲ့အခါနဲ့ အလုပ်လုပ်တဲ့အခါ အခွင့်အရေးတွေပိုမိုရရှိအောင် WSE မှာတက်ဖြစ်ခဲ့တာပါ။ WSE ရဲ့ သင်ကြားမှုစနစ်က တစ်ဆင့်ချင်းတစ်ဆင့်ချင်းတိုးတက်လာစေခဲ့ပါတယ်။

သင်တန်းကို ကိုယ်အားတဲ့အချိန်လာတက်နိုင်တဲ့သင်ကြားမှုစနစ်က ညီမအတွက်အရမ်းကိုအဆင်ပြေပါတယ်။ ညီမရဲ့
အဂၤလိပ္စာစွမ်းရည်တိုးတက်ဖို့ အထောက်အကူပြုတဲ့ Social class, Complementary class တွေမှာပါဝင်ဖြစ်ခဲ့တယ်။

ဆယ်တန်းစာမေးပွဲအောင်ပြီးနောက် Wall Street English ကိုလာတက်ဖြစ်ခဲ့ပါ့တယ်။ ကျွန်တော့်အဂၤလိပ္စာတိုးတက် ဖို့အတွက်အထောက်အကူပြုတဲ့အတန်းတွေက ဒီမှာ အများကြီးပါပဲ။ ဒီ အတွေ့အကြုံတွေက တက္ကသိုလ်အတွက်တင်မကဘဲ ကျွန်တော့်ရဲ့နေစဥ်ဘဝမှာပါကောင်းကောင်းအသုံးချနိုင်မယ်ဆိုတာအသေအချာပါပဲ။

Wall Street English က အခြားသောအဂၤလိပ္သင်တန်းကျောင်းတွေနဲ့မတူပါဘူး။ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကိုယ့် သင်ခန်းစာကိုထလုပ်နိုင်တဲ့အားသာချက်က သူ့ရဲ့ထူးခြားချက်ပါပဲ။ ပုံသေအတန်းချိန်ကိုမသတ်မှတ်ထားဘဲ အားတဲ့အချိန် လာနိုင်တဲ့အချက်က အလုပ်များတဲ့သူတွေအတွက်တော်တော်အဆင်ပြေတဲ့အချက်ဖြစ်ပါတယ်

Wall Street English ရဲ့ သင်ကြားမှုပုံစံကိုအရမ်းကြိုက်ပါတယ်။ ဆရာတွေက ကျောင်းသူကျောင်းသားတွေကိုတော် တော်လေးဂရိုစိုက်တတ်ကြပြီး လိုအပ်ချက်တွေကိုအလေးထားဖြည့်ဆည်းပေးပါတယ်။

ကျွန်တော်တို့၏ စင်တာများ
ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ သင်တန်းကျောင်း၅ကျောင်း ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့သင်တန်းကျောင်းတွေအကြောင်း ရှာဖွေစုံစမ်းလိုက်ပါ။
သင့်အတွက် စီမံရေးဆွဲထားသည့် သင်ကြားမှုစနစ်
အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု
သင့်ရဲ့လက်ရှိကျွမ်းကျင်မှုအဆင့်ကို သင်လိုချင်တဲ့ လေ့လာသင်ယူမှုပန်းတိုင်တွေနဲ့အတူ အကဲဖြတ်သုံးသပ်ခြင်းဖြင့် သင့်အတွက်သင်ရိုးကို ကျွန်တော်တို့ဖန်တီးရေးဆွဲပေးပါတယ်။ ဒါကြောင့် သင်တန်းကြေးနဲ့ပတ်သက်ရင်တော့ အားလုံးက တသမတ်တည်းရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သင်ကြားရေးနည်းစနစ်ဟာ သင့်အတွက်အောင်မြင်မှုကို အာမခံပေးနိုင်တာကြောင့် သင်သုံးလိုက်တဲ့ငွေဟာ အကျိုးရှိတဲ့သုံးစွဲခြင်း ဖြစ်မှာပါ။