ဘာကြောင့် အင်္ဂလိပ်စာ သင်သင့်တာလဲ
အင်္ဂလိပ်စာဟာ အခွင့်အလမ်းတွေပေါများတဲ့ဘာသာစကားတစ်ခုဖြစ်တယ်လို့ပြောကြပါတယ်။ ဘာကြောင့်ပါလဲ။ နိုင်ငံတိုင်းမှာ Communication အတွက်အသုံးပြုနေတဲ့ဘာသာစကားကြောင့်လို့ ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ အင်္ဂလိပ်ဘာသာကို Official language အဖြစ်အသုံးပြုနေကြပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးလူးဆက်သွယ်ကြတဲ့အခါမှာလည်း အင်္ဂလိပ်ဘာသာကို ကြားခံဘာသာစကား အဖြစ်အသုံးပြုနေကြပါတယ်။ အောက်ပါအချက်တွေကတော့ အင်္ဂလိပ်စာကို ဘာကြောင့်သင်ယူသင့် တာလဲဆိုတဲ့ အဓိကအချက်တွေဖြစ်ပါတယ်။
(၁) English in the business world
အင်္ဂလိပ်စာဟာ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အရေးပါအရာရောက်တဲ့ ဘာသာစကားဖြစ်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း ဝန်ထမ်းအချင်းချင်း နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းဆောင်ရွက်သူတွေနဲ့ ချိတ် ဆက်တဲ့အခါ အင်္ဂလိပ်စာကိုအသုံးပြုကြရပါတယ်။ လက်ရှိမှာ ကုမ္ပဏီတော်တော်များများကလည်း အလုပ်ခန့်တဲ့အခါ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုရှိတဲ့သူကို ဦးစားပေးရွေးချယ်ကြပါတယ်။ လစာ အခွင့်အလမ်းမှာလည်း အင်္ဂလိပ်စာရတဲ့သူက ပိုပါတယ်။
(၂) In the field of science
သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့သုတေသနရလာဒ်တွေကို အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေကြပါတယ်။ အ ရေးပါတဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပတဲ့အခါမှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ပဲပြုလုပ်ကြပါတယ်။ သူတို့ရဲ့ရှာဖွေတွေ့ရှိချက် Paper တွေကိုလည်း အင်္ဂလိပ်လိုပဲ တင်ပြကြပါတယ်။
(၃) In the field of technology
နည်းပညာဖွံ့ဖြိုးတိုးတက်မှုအများဆုံးနိုင်ငံကိုကြည့်ပါ။ အင်္ဂလိပ်စာကို အဓိကထားပြီး Communicate လုပ်နေကြတာတွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ Native Language မဟုတ်ရင်တောင်မှ ဝက်ဘ်ဆိုက်တို့ အွန်လိုင်းပေါ်တင်တာတို့ ပြုလုပ်တဲ့အခါ အင်္ဂလိပ်စာကိုအဓိကထားအသုံးပြုကြပါတယ်။
(၄) In the education field
ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးတက္ကသိုလ်အချို့မှာ အင်္ဂလိပ်စာက အခရာပါပဲ။ နိုင်ငံတကာထိပ်တန်း တက္ကသိုလ်မှာ အခွင့်အလမ်းကောင်းရချင်ရင်တော့ အင်္ဂလိပ်စာကောင်းဖို့လိုပါတယ်။ Harvard, Oxford, Cambridge, MIT တက္ကသိုလ်တွေ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်တွေဖြစ်ပါတယ်။ အဲဒီတက္က သိုလ်တွေမှာ အဓိကကျတဲ့ ဘာသာစကားက ဘာများပါလိမ့်။
(၅) In the world of literature
ကမ္ဘာ့နာမည်ကျော်ဂန္တဝင်စာရေးဆရာတွေရဲ့ စာအုပ်ဟာ အင်္ဂလိပ်လိုဘာသာပြန်ပြီးထုတ်ဝေခဲ့ကြတာ ချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စာဟာ အားလုံးအလွယ်တကူလေ့လာနိုင်တဲ့ဘာသာစ ကားဖြစ်တယ်လို့ သတ်မှတ်ထားကြလို့ပါပဲ။
(၆) In the world of popular culture
ကမ္ဘာထိပ်တန်းရုပ်ရှင်၊ သီချင်း၊ စာအုပ်တော်တော်များများဟာ အင်္ဂလိပ်ဘာသာနဲ့ထုတ်လုပ်ထား ကြတာချည်းပါပဲ။ ကမ္ဘာကိုဖြန့်တဲ့အာရှရုပ်ရှင်ကားတော်တော်များများမှာလည်း အင်္ဂလိပ်ဘာသာစာ တန်းထိုးတွေနဲ့ပါပဲ။
– ENDS –
အခြားအချက်တွေအများကြီးရှိပါသေးတယ်။ ဒါပေမဲ့ ဒီအချက်တွေကိုကြည့်ရုံနဲ့တင် Learning English can be fun! ဖြစ်ပါတယ်။ အင်္ဂလိပ်စာရဲ့အရေးပါအရာရောက်မှုနဲ့အတူ သင့်အနာဂတ်ဆီချီတက်ဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ Wall Street English က ကောင်းကောင်းကြီးလမ်းညွှန်ပေးနိုင်တယ်လို့ ဆိုပါရစေ။ ဖုန်း
09-969 799 999 (City Mall St John),
09-969 758 758 (Myanmar Plaza),
01-503 370 (Junction Square),
09765888800 (Mingalar Mandalay),
09894485016 (MCTA Mandalay) ကိုသာ ဆက်လိုက်နော်။
×××××