Top 3 ways to stay motivated when Learning English.

1268 views

English စာလေ့လာဖို့ အတွက် စိတ်အားထက်သန်လာအောင် ဘယ်လိုလုပ်ကြမလဲ။

English စာ သင်ဖို့တော့ ကြိုးစားနေပြီ။ ဒါပေမယ့် စလုပ်ဖြစ်သွားဖို့ ခက်နေတာမျိုး ဒါမှမဟုတ် အတန်အသင့် တတ်သွားဖို့အထိ ဆက်သင်ဖို့ စိတ်မပါတာမျိုး ဖြစ်နေပြီလား။

English စာ စသင်တဲ့အခါ အခုလိုအခြေအနေမျိုးတွေက ဖြစ်တတ်တဲ့ အရာတွေပါ။ အင်္ဂလိပ်စာကို ဆက်သင်ဖြစ်သွားဖို့ဆိုရင် တွန်းအား အနည်းငယ်တော့ လိုအပ်ကောင်း လိုအပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ English စာ လေ့လာချင်စိတ်တွေဖြစ်လာအောင်၊ စိတ်အားထက်သန်လာအောင် လုပ်ဆောင်လို့မယ့် အသုံးဝင်ဆုံး နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ “ဘာကြောင့် သင်ယူချင်တာလဲ” ဆိုတဲ့ မေးခွန်းကို ရှာဖွေပါ

အချိန်နည်းနည်း‌လောက်ယူပြီး English စာကို ဘာကြောင့်သင်ယူချင်တာလဲဆိုတဲ့ အကြောင်းရင်းကို လေးလေးနက်နက် စဉ်းစားသုံးသပ်ကြည့်ပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်လာဖို့လား။ ဒါမှမဟုတ် လူမှုဆက်ဆံရေးပိုင်းမှာ ပိုပြီးအဆင်ပြေလာဖို့လား။ လက်ရှိထက်ပိုပြီး အရေအတွက်များတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့လား။ စသဖြင့်ပေ့ါ။

ဘယ်လိုမျိုးပဲဖြစ်ဖြစ် English စာသင်ယူရတဲ့ အကြောင်းရင်းဟာ သင့်စိတ်ထဲမှာ ရှင်းလင်းပြတ်သားနေဖို့ လိုပါတယ်။ အဲ့ဒီအ‌ကြောင်းရင်းကို စာရွက်မှာချရေးပြီး အခန်းတံခါးမှာပဲဖြစ်ဖြစ်၊ စာကြည့်စားပွဲမှာပဲဖြစ်ဖြစ် နေ့စဉ်မြင်တွေ့နိုင်တဲ့ နေရာတစ်ခုခုမှာ ကပ်ထားပါ။ ကပ်ထားတဲ့ အကြောင်းရင်းစာသားကို မြင်ရတဲ့ အခါတိုင်းမှာလည်း English စာကျွမ်းကျင်သွားလို့ အဲ့ဒီစာသားအတိုင်း အပြင်မှာ တကယ်ဖြစ်သွားတဲ့ အောင်မြင်မှု ရလဒ်အနေအထားကို မြင်ယောင်ကြည့်ပြီး ပျော်ရွှင်ကျေနပ်မှုကို စိတ်ထဲမှာ ခံစားကြည့်ပါ။ ဆက်လေ့လာလို့ ကျွမ်းကျင်တတ်မြောက်သွားတဲ့အခါ ကိုယ့်မှာ တိုးတက်လာမယ့် အခြေအနေနဲ့ အောင်မြင်မှုကို ကြိုတင်ခံစားမိသွားတာမို့ တကယ်လေ့လာရမယ့်အချိန်မှာ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေမှာပါ။

၂။ မှန်ကန်တဲ့ အစီအစဉ်တွေကို ရေးဆွဲပါ

English စာလေ့လာတယ်ဆိုတာ ကိုယ်ကာယကြံ့ခိုင်မှုအတွက် လေ့ကျင့်သလိုပါပဲ။ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ခိုင်မာတဲ့ အစီအစဉ်တစ်ခု လိုအပ်ပါတယ်။ ကိုယ်နဲ့သင့်တော်မှုရှိသလို ရေရှည်မှာ စွဲစွဲမြဲမြဲ ဆက်လေ့လာနိုင်ဖို့အတွက်လည်း အဆင်ပြေတဲ့ အစီအစဉ်တစ်ခု လိုအပ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် လေ့လာသင်ယူနိုင်တဲ့ ပုံစံတွေ မတူညီနိုင်ပေမယ့် စွဲမြဲမှုရှိဖို့ကတော့ အဓိက အရေးပါတဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ Wall Street English မှာသင်ကြားပေးတဲ့ပုံစံလိုမျိုး သင်ယူမှုနည်းစနစ် (learning technique) အမျိုးမျိုးကို ‌‌အသုံးပြုပြီး သင့်အတွက် အသင့်တော်ဆုံး အနေအထားမှာ လေ့လာသင်ယူမယ်ဆိုရင်တော့ တိုးတက်မှုကို ပိုပြီးလွယ်လွယ်ကူကူ သိရှိနိုင်သလို နေ့စဉ်လုပ်ဆောင်ရမယ့် ပန်းတိုင်အသေးလေးတွေကို ရောက်ရှိရင်းနဲ့ပဲ တဖြည်းဖြည်း စုပေါင်းပြီး ကြီးမားတဲ့ ရလဒ်တွေကိုပါ ရရှိလာမှာ အမှန်ပါပဲ။

၃။ မှန်ကန်တည့်မတ်တဲ့ တတ်ကျွမ်းသူ (professional) တွေရဲ့အကူအညီတွေအပြင် မိမိအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်ကိုပါ ရှာဖွေပါ

သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ အရာတွေထဲက အကောင်းဆုံးတစ်ခုကတော့ မိမိလိုပဲ စိတ်တူသဘောတူရှိတဲ့ အစုအဖွဲ့ထဲကို ဆက်သွယ်ဝင်ရောက်ဖြစ်သွားဖို့ပါ။ gym ကစားသလိုပဲပေါ့။ အားပေးကူညီတတ်ပြီး သင်နဲ့လည်း ရည်မှန်းချက်တူတဲ့သူတွေနဲ့ ပေါင်းစည်းမိသွားတဲ့အခါ သင့်အတွက် အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေသလို ဆက်ပြီးလည်း အပတ်တကုတ် ကြိုးစားဖြစ်သွားပါတယ်။

အစုအဖွဲ့ (community) တစ်ခုထဲကို ဝင်ရောက်ဖြစ်သွားခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ အတူရှိနေကြစဉ်အတွင်းမှာ အဖွဲ့ဝင်တွေဆီကနေ ရရှိနိုင်တဲ့ အကူအညီတွေနဲ့ အကြံဉာဏ်တွေပါပဲ။ လျင်မြန်တဲ့ တိုးတက်မှုတွေရရှိနိုင်ဖို့အတွက်ဆိုရင်တော့ ရင်းနှီးနွေးထွေးတဲ့ အကြံပြုမှုတွေနဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေကို ရနိုင်တာဟာ လုံးဝတန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အရေးကြီးတစ်ခုပါ။

သင့်အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ English စာသင်ယူမှုကနေ အကောင်းဆုံးအရာတွေကို ရရှိနိုင်စေဖို့နဲ့ နေ့စဉ်ဘဝကို ကောင်းမွန်ပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့အတွက် Wall Street English က လက်တွေ့အောင်မြင်မှုတွေရရှိနေတဲ့ သင်ကြားမှုနည်းစနစ် (proven method) နဲ့အတူ ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ English စာ လေ့လာမှု အစုအဖွဲ့ကွန်ယက် (global network) တစ်ခုလုံးကို သင့်ထံ ဆောင်ကြဉ်းပေးမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့

ကျွန်တော်တို့ရဲ့ English စာသင်ကြားမှု နည်းစနစ်ကို ဆက်လက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

—-End——-

အင်္ဂလိပ်ဘာသာစကားကို လုပ်ငန်းခွင်၊ အနာဂတ်အခွင့်အလမ်းအတွက် အသုံးချမယ်ဆိုရင်တော့ Wall Street English က ကူညီနိုင်ပါတယ်။ ခုပဲ 09 977 001588 ဆက်သွယ်လိုက်ပါ။

248 views

Close Menu