Rules and Regulations
A. Rules and regulations:
က. လိုက်နာရမည့် စည်းမျည်း၊ စည်းကမ်းများ
1. WSE reserves the right to suspend the Student from using the Service and/or terminate the Contract (without refunding any amount already paid) in the event that the Student commits any act that seriously affects WSE, the center, the class or other students, including:
၁. သင်တန်းသူ/သား သည် WSE၊ စင်တာ၊ အတန်း (သို့) အခြားသင်တန်းသူ/သား အား အပြင်းအထန် ထိခိုက်စေသည့် မည်သည့် လုပ်ရပ်ကို မဆို ကျူးလွန်ခဲ့ပါက သင်တန်းသူ/သားမှ ပေးချေထားပြီးသော သင်တန်းကြေးအား ပြန်လည် ပေးအပ်မည် မဟုတ်ဘဲ အဆိုပါ သင်တန်းသူ/သားကို WSE မှ စာချုပ်အား တစ်ဖက်သတ် ရပ်ဆိုင်းရန် အခွင့်အရေးရှိသည်။
• Affecting the reputation and honor of WSE or its centers;
WSE နှင့် စင်တာများ ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း၊
• Obstructing the normal conduct of the class;
သင်တန်းချိန်တွင်း နှောက်ယှက်ခြင်း၊
• Affecting the security and order in the classroom or within the center;
စင်တာအတွင်း (သို့) သင်တန်းခန်းမတွင်း၏ လုံခြုံရေးအား ထိခိုက်စေခြင်း၊
• Using violent language and/or behavior in the classroom or within the center;
စင်တာအတွင်း (သို့) သင်တန်းခန်းမ တွင် ရိုင်းစိုင်းသော အပြုအမှုနှင့် ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခြင်း၊
• Insulting/threatening teachers, WSE employees and/or other students in the classroom or within the center;
စင်တာအတွင်း (သို့) သင်တန်းခန်းမတွင် အခြားသော သင်တန်းသား/သူ၊ WSE မှ ၀န်ထမ်းများနှင့် ဆရာ၊ဆရာမများအား စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်း၊
• Committing illegal acts in the classroom or in the center;
စင်တာအတွင်း (သို့) သင်တန်းခန်းမတွင် ဥပဒေနှင့် မညီသော တရားမ၀င်လုပ်ရပ်များကို ကျူးလွန်ခြင်း၊
• Any act mentioned in the rules and regulations resulting in Service suspension or Contract termination.
ဖော်ပြပါ လိုက်နာရမည့် စည်းမျဥ်း၊ စည်းကမ်းများကို ကျူးလွန်ပါက ၀န်ဆောင်မှုအား ဆိုင်းငံခြင်း (သို့) စာချုပ်အား ရပ်ဆိုင်းခံရနိုင်သည်။
The decision for Service suspension or Contract termination will be carefully considered by WSE, balancing the interests of the Student and the class/center.
WSE မှ ၀န်ဆောင်မှုအား ဆိုင်းငံခြင်း (သို့) စာချုပ်အား ရပ်ဆိုင်းခြင်းသည် အခြားသော သင်တန်းသူ/သား နှင့် အတန်း၊ စင်တာများ၏ အကျိုးစီးပွားကို ထည့်သွင့်စဥ်းစား၍ ဆုံးဖြတ်ချက်မည်ဖြစ်သည်။
B. General rules and regulations:
ခ. အထွေထွေ လိုက်နာရမည့် စည်းမျဥ်း၊ စည်းကမ်းများ။
• Do not leave belongings unattended. WSE will not be responsible for the loss or theft of personal property.
မိမိကိုယ်ပိုင် ပစ္စည်းများအား အတန်းတွင်း ထားခဲ့ခြင်းမပြုရ။ မိမိကိုယ်ပိုင် ပစ္စည်းများ ပျောက်ဆုံး၊ ပျက်ဆီးခြင်းအတွက် WSE တွင် တာ၀န်မရှိပါ။
• No speaking loudly in the Learning Center or while classes are in session in or near classroom areas.
သင်တန်းခန်းမအတွင်းနှင့် သင်တန်း ခန်းမ အနီး (သို့) သင်တန်း သင်နေစဥ်အတွင်းတွင် ကျယ်လောင်စွာ စကားမပြောရ။
• Show respect for all staff and students by acting and dressing appropriately.
သင့်လျော်စွာ ၀တ်စားဆင်ယင်ခြင်းဖြင့် ၀န်ထမ်းများနှင့် သင်တန်းသူ/သားများအား လေးစားရမည်။
• Must request permission from a staff member before taking professional photos, videos and/or audio recordings.
ကျွမ်းကျင်သော ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် အသံသွင်းခြင်းများကို မပြုလုပ်မီ ၀န်ထမ်း တစ်ဦးဦးထံမှ ခွင့်ပြုချက်အရင် တောင်းခံရမည်။
• Violent behavior or threatening or inappropriate language will not be permitted.
အကြမ်းဖက်သော အပြုအမူ (သို့) ခြိမ်းခြောက်မှု (သို့) မသင့်လျော်သော စကားပြောဆိုမှုများ မပြုလုပ်ရပါ။
• Inappropriate public displays of affection are prohibited.
ချစ်ခင်ကြင်နာမှု ဆိုင်ရာ မသင့်လျော်သော လူအများရှေ့ ပြုလုပ်မှုများ မပြုလုပ်ရပါ။
• Students are restricted from entering “Staff only” areas.
“၀န်ထမ်း” သီးသန့် သတ်မှတ်ထားသည့် နေရာများအား သင်တန်းသူ/သားမှ ၀င်ရောက်ခြင်း မပြုလုပ်ရပါ။
• No spitting, littering, smoking, or drinking alcohol in the center. Arriving under the influence is not tolerated.
စင်တာအတွင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်းများ မပြုလုပ်ရပါ။
• Students must not damage the facility or WSE’s property; costs incurred will be the responsibility of the involved.
သင်တန်းသူ/သားများသည် WSE ၏ ပစ္စည်းနှင့် (သို့) အဆောက်အအုံများအား ဖျက်စီးခြင်း မပြုလုပ်ရပါ။ ပြုလုပ်ပါက တန်ဖိုးအတိုင်း ပေးလျော်ရမည်။
• No full meals or smelly foods are allowed in the center unless it is provided during Center activities.
စင်တာမှ ထောက်ပံ့ထားခြင်းမှ လွဲ၍ စင်တာအတွင်းတွင် အနံပြင်းသော အစားအစားများ စားသောက်ခြင်းမပြုလုပ်ရပါ။
• No drugs, weapons, or items capable of inflicting harm are allowed in the center.
စင်တာတွင် ထိခိုက်စေနိုင်သည့် မူးယစ်ဆေး၀ါး၊ လက်နက်များ (သို့) ပစ္စည်းများ ကိုင်ဆောင် သုံးစွဲခြင်းမပြုလုပ်ရပါ။
• Using mobile phones or computers is prohibited if deemed disruptive by staff.
၀န်ထမ်းများက အနှောက်အယှက်ဖြစ်သည်ဟု ယူဆပါက ဖုန်း (သို့) ကွန်ပြူတာများအား သုံးစွဲခြင်းမပြုလုပ်ရပါ။
• Using social media or playing games in the Learning Center is not permitted.
သင်တန်းအတွင်း ဆိုရှယ်မီဒီယာ အသုံးပြုခြင်း (သို့) ဂိမ်းကစားခြင်း အား မပြုလုပ်ရပါ။
• The Student must have all the necessary electronic equipment and a stable internet connection with an appropriate speed for online learning according to the Minimum Technical Requirements specified on WSE’s website at the following wallstreetenglish.edu.mm/rules-and-regulations. WSE will not be responsible if the Student cannot receive the expected learning experience due to failure to meet these requirements.
WSE၏ ၀က်ဆိုဒ် wallstreetenglish.edu.mm/rules-and-regulations တွင် ဖော်ပြထားသော အနည်းဆုံးရှိရမည့် နည်းပညာဆိုင်ရာ လိုအပ်ချက်များအရ သင်တန်းသား/သူသည် လိုအပ်သော အီလက်ထရောနစ် ပစ္စည်း ကိရိယာများနှင့် အွန်လိုင်း သင်ယူမှုအတွက် သင့်လျော်သော အမြန်နူန်းနှင့် တည်ငြိမ်သော အင်တာနက်လိုင်းများ ရှိထားရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များကို မဖြည့်စည်းနိုင်ခြင်းကြောင့် သင်တန်းသား/သူ သည် မျော်လင့်ထားသော သင်ယူမှု အတွေ့အကြုံ မရရှိခဲ့ပါ WSE မှ တာ၀န်မရှိပါ။
• During special occasions and public holidays, WSE will remain open, except for major holidays, which will be announced by WSE. On these occasions, only online classes, as well as ML and DW, will be available for the Student.
WSE မှ ကြေငြာထားသော အဓိက အားလပ်ရက်များမှ လွဲ၍ အများပြည်သူ အားလပ်ရက်နှင့် အထူးကြေငြာထားသော ပိတ်ရက်များတွင် WSE သည် ဖွင့်ထားပါမည်။ ထူးခြားသောပိတ်ရက်များတွင် ML နှင့် DW အပါအ၀င် အွန်လိုင်းသင်တန်းများ ရရှိနိုင်ပါသည်။
• Guests are required to wait in the reception area unless they are attending Social Classes or center events. Students are required to inform staff members about inviting guests to attend Social Classes and/or Center Events.
ဧည့်သည်များသည် လူမှုရေးအတန်းများနှင့် စင်တာပွဲများ မတက်ရောက်လျှင် ဧည့်ကြိုနေရာတွင်သာ စောင့်ရပါမည်။ သင်တန်းသူ/သားသည် လူမှုရေး အတန်းများနှင့် စင်တာပွဲများတက်ရောက်ရန် ဧည့်သည်များကို ဖိတ်ခေါ်ြခင်းနှင့် ပတ်သက်၍ ၀န်တမ်းများကို ကြိုတင်အသိပေးရန် လိုအပ်ပါသည်။
In the event that the Student fails to comply with any of WSE’s rules and regulations, WSE reserves the right to take necessary measures to stop the violation and prevent it from happening again.
သင်တန်းသူ/သားသည် WSE ၏ ချမှတ်ထားသည့် စည်းမျဥ်း၊ စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက WSE သည် အဆိုပါ ပျက်ကွက်၊ ချိုးဖောက်မှုများကို ရပ်တန့်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်မည်ဖြစ်သည်။
C. Minimum Technology Requirements
ဂ. အနည်းဆုံး နည်းပညာ လိုအပ်ချက်များ
General Requirements
အထွေအထွေ လိုအပ်ချက်များ
• Internet connection which allows downloads of 1 Mbps;
1 Mbps ကူးယူနိုင်သည့် အင်တာနက်
• Email Address;
အီးမေးလ် လိပ်စာ
• Computer or Tablet should have full internet access without limited by a proxy or firewall for the WSE’s sites.
ကွန်ပျူတာ (သို့) တက်ဘလက် သည် WSE ၀က်ဆိုက်များအတွက် proxy (သို့) firewall ဖြင့် ကန့်သတ်ချက်မပါဘဲ အင်တာနက် ချိတ်ဆက်မှု အပြည့်အ၀ရှိသင့်သည်။
Core Course and Digital Classroom
အခြေခံသင်တန်းနှင့် ဒစ်ဂျစ်တယ် စာသင်ခန်း
• Video Display
ဗွီဒီယို
• 1024 x 768 or higher resolution is recommended.
၁၀၂၄x၇၆၈ (သို့) ထိုထက် ပိုမိုမြင့်မားသော ကြည်လင်ပြတ်သားမှု လိုအပ်ပါသည်။
• Browser Support
Browser ထောက်ပံ့မှု
• Highly Recommended: Google Chrome latest version.
မြင့်မားတဲ့အကြံပြုချက်။ Google Chrome နောက်ဆုံး ဗားရှင်းပါ။
Support in: Edge latest.
ထောက်ပံ့မှု – နောက်ဆုံး Edge
(Note: Users can access Core Course alone in both Firefox and Safari browsers. But if they want to join a Session in Digital Classroom, they should use Google Chrome or Edge browser. Digital Classroom won’t function in Firefox and Safari browsers).
(မှတ်ချက်။ အသုံးပြုသူများသည် Firefox နှင့် Safari browsers နှစ်ခုလုံးတွင် အခြေခံ သင်တန်းကိုသာ ၀င်ရောက် ကြည့်ရူနိုင်ပါသည်။ ဒီဂျစ်တယ် သင်တန်းတခုတခုတွင် ပါ၀င်ရန် ဆန္ဒရှိပါက Google Chrome (သို့)Edge browser ကို အသုံးပြုသင့်ပါသည်။ ဒီဂျစ်တယ် သင်တန်းများသည် Firefox နှင့် Safari browsers တို့တွင် အလုပ်လုပ်မည် မဟုတ်ပါ။)
Computer and Peripherals
ကွန်ပျူတာနှင့် စပ်ဆက် ပစ္စည်းများ
• Highly recommended to use PC/Laptop with 2GB RAM along with external speakers, inbuilt mic, or headset with integrated microphone and/or internal and external camera.
ပြင်ပ စပီကာများ၊ မိုက်ကရိုဖုန်း (သို့) အတွင်းပိုင်းနှင့် အပြင်ကင်မရာတို့ အသုံးပြုရာတွင် 2GB RAM ရှိPC/Laptop ကို အသုံးပြုသင့်ပါသည်။
Pop Ups and Permissions
Pop Ups နှင့် ခွင့်ပြုချက်များ
• Allow pop-up windows from all WSE’s sites [at Browser];
WSE ၀က်ဆိုက်များတွင် pop-up အသုံးပြုမှုကို ခွင့်ပြုသည်။
• Allow access to the microphone and camera when asked from the wallstreetenglish.com domain [at Browser].
Wallstreetenglish.com ဒိုမိန်းတွင် မိုက်ကရိုဖုန်းနှင့် ကင်မရာ အသုံးပြုလို့ရပါသည်။
Operating Systems
လည်ပတ်ရေး စနစ်များ
• Microsoft Windows 7;
Microsoft Windows 7;
• Microsoft Windows 8 or 1;
Microsoft Windows 8 (သို့) 1;
• Microsoft Windows 10 or later;
Microsoft Windows 10 (သို့) နောက်ဆုံး;
• Mac OS X 12.6 or later;
Mac OS X 12.6 (သို့) နောက်ဆုံး
• Keep Operating Systems up to date.
လည်ပတ်ရေးစနစ်များ နောက်ဆုံးစနစ်ဖြစ်ရမည်။
Learn English and Digital Classroom App
အဂႅလိပ်စာနှင့် ဒစ်ဂျစ်တယ် သင်တန်း App များ
• iOS: iOS 11 or later [iPhone/iPad];
• Android: Android 8 or later;
• General Phone and Tablet, regardless of Operating System: Allow ”User Permission” that is related to Camera and Microphone.
ကင်မရာ နှင့် မိုက်ခရိုဖုန်းတို့နှင့် ပတ်သက်သည့် “User Permission” ကို ခွင့်ပြုသည်။