အင်္ဂလိပ်စာကျွမ်းကျင်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

အင်္ဂလိပ်စာကျွမ်းကျင်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

593 views

အင်္ဂလိပ်စာက ယနေ့ခေတ်နဲ့ နောင်နှစ်ပေါင်းများစွာအထိ ကမ္ဘာသုံးဘာသာစကားတစ်ခုအဖြစ် ဆက်ပြီးရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပညာရေး၊ အလုပ်အကိုင်၊ စီးပွားရေး၊ ဆက်သွယ်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို နံပါတ် (၁) လိုအပ်ချက်တစ်ခုအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒီတော့ ဗဟုသုတအဖြစ်ရော အင်္ဂလိပ်စာ လေ့လာမှုအတွက် Motivation ပါရရှိသွားအောင် အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပညာရေးခရီးကို အများကြီးပိုပြီးချောမွေ့စေတယ်

         အခြေခံပညာ အထက်တန်းမှာကတည်းက ဘာသာရပ်အတော်များများကို အင်္ဂလိပ်ဘာသာနဲ့ သင်ယူရတာမို့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုက ပညာရေးအတွက် အထူးအရေးပါတယ်ဆိုတာ အထင်အရှားပါပဲ။ တက္ကသိုလ်တက်တဲ့အခါမှာလည်း အင်္ဂလိပ်ဘာသာကိုပဲ အဓိကထားပြီး သက်ဆိုင်ရာ ပညာရပ်တွေကို သင်ယူကြရတာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာ ကျွမ်းကျင်ထားတဲ့အခါ ပညာရေးခရီးက အများထက်ပိုပြီး တွင်ကျယ်ပြီး အောင်မြင်မှုလည်းပိုပြီးရရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် အများအားဖြင့် အင်္ဂလိပ်လို ရေးသားထားတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေ၊ အကိုးအကား Reference စာအုပ်တွေကို လေ့လာဖတ်ရှုတဲ့နေရာတွေမှာ အင်္ဂလိပ်စာ ကျွမ်းကျင်ထားသူတစ်ဦးအနေနဲ့ အဓိပ္ပာယ်ဆိုလိုရင်းကို နားလည်သဘောပေါက်ဖို့ အများကြီး ပိုလွယ်သလို လေ့လာပြီးစီးနိုင်တဲ့ နှုန်းကလည်း မြင့်မားပါတယ်။ ဒါတင်မကသေးပါဘူး နိုင်ငံရပ်ခြားမှာ ကျောင်းသားတက်တာပဲဖြစ်ဖြစ် ပညာသင်ဆုတွေ လျှောက်ဖို့ပဲဖြစ်ဖြစ် အင်္ဂလိပ်စာကျွမ်းကျင်မှုက မရှိမဖြစ်လိုအပ်ချက်တစ်ခုပါပဲ။

(၂) အတတ်ပညာတစ်ခုကို အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံး လေ့လာသင်ယူနိုင်တယ်

         လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊ ကိုယ်ပိုင်အရည်အချင်းကို မြှင့်တင်ချင်လို့ပဲဖြစ်စေ၊ စိတ်ဝင်စားပြီး လေ့လာချင်လို့ပဲဖြစ်စေ အတတ်ပညာ အများစုကို အချိန်မဆိုင်းဘဲ အလွယ်တကူသင်ယူနိုင်ပါတယ်။ အတတ်ပညာဆိုင်ရာ စာအုပ်စာတမ်းတွေ၊ ဗီဒီယိုတွေ၊ သင်တန်းတွေ အားလုံးနီးပါးကလည်း အင်္ဂလိပ်လိုပဲ သင်ကြားပို့ချကြတာဖြစ်လို့ Self-Study ပဲလုပ်လုပ်၊ သင်တန်းပဲတက်တက် အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ယောက်အဖို့ အကုန်အဆင်ပြေပါတယ်။ အခုဆိုရင် အင်တာနက်လိုင်းတွေလည်း ပိုကောင်းလာပြီဆိုတော့ အင်္ဂလိပ်စာ ကျွမ်းကျင်သူတွေအနေနဲ့ professional skill တွေကို www.edx.org www.udemy.com www.coursera.org နဲ့ အခြားအလားတူ website တွေမှာ အခမဲ့ရော၊ အခကြေးငွေ အနည်းငယ်နဲ့ပါ အလွယ်တကူသင်ယူနိုင်သလို အလုပ်အကိုင်အတွက် အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေအထိပါ ရယူနိုင်ပါတယ်။

(၃) အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းမှာ ပိုပြီးအောင်မြင်နိုင်ပါတယ်

         မြန်မာနိုင်ငံအနေနဲ့ အရှိန်အဟုန်နဲ့ စတင်ဖွံ့ဖြိုးနေပြီဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီး တိုးတက်လာပါတယ်။ အဲ့ဒီလို ပိုမိုများပြားလာတဲ့ အလုပ်အကိုင်တွေမှာ အင်္ဂလိပ်စာကျွမ်းကျင်မှုက ပထမ ဦးစားပေး လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ လုပ်ငန်းခွင်မှာ နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ကိုင်ရတာဖြစ်သလို နိုင်ငံခြားသား လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ ပြောဆိုဆက်ဆံရတာကြောင့် Proficiency in English ဆိုတဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုလိုအပ်ချက်ကို အလုပ်ခေါ်စာတိုင်းလိုလိုမှာ မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပင်ကိုယ်လုပ်ငန်းကျွမ်းကျင်မှုမှာ အင်္ဂလိပ်စာကျွမ်းကျင်မှုပါ ပေါင်းထည့်နိုင်ပြီဆိုရင်တော့ ပိုကောင်းတဲ့ အခွင့်အလမ်းတွေက သင်နဲ့ လက်တစ်ကမ်းမှာပါပဲ။

(၄) ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာလည်း ဈေးကွက်ပိုရသလို ပိုပြီးလည်းအောင်မြင်နိုင်ပါတယ်

         အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့အခါ နိုင်ငံရပ်ခြားက ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နိုင်တာကြောင့် ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပြည်တွင်း​တင်မကဘဲ နိုင်ငံတကာ ဈေးကွက်အထိပါ ထိိုးဖောက်ဝင်ရောက်ပြီး ရောင်းချနိုင်ပါတယ်။ လုပ်ငန်းအရည်အသွေးကိုလည်း နိုင်ငံတကာက အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး မြှင့်တင်နိုင်ပါသေးတယ်။ ပြိုင်ဘက်တွေကြားမှာရော လုပ်ငန်းနယ်ပယ်မှာပါ ဦးဆောင်သူတစ်ဦး ဖြစ်နေစေမှာပါ။

(၅) ကိုယ့်အားကိုယ်ကိုးပြီး ကမ္ဘာပတ် ခရီးထွက်လို့ရပါတယ်

         ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကျွမ်းကျင်ထားရင်တော့ ခရီးသွားလာမှုက အများကြီးပိုလွယ်ပြီး လွတ်လပ်မှုလည်းပိုရှိပါတယ်။ ဟိုတယ်ဘိုကင်လုပ်တာ၊ လေယာဉ်လက်မှတ်ဝယ်တာ စတဲ့ ခရီးသွားဖို့ စီစဉ်တာတွေကိုလည်း ကိုယ်ကိုယ်တိုင်ပဲ အဆင်ပြေပြေလုပ်နိုင်သလို ကိုယ်သွားတဲ့ နိုင်ငံမှာလည်း ကိုယ့်စိတ်ကြိုက် နှစ်သက်ရာ နေရာဒေသတွေကို လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်။ ဒေသခံတွေနဲ့လည်း ကောင်းစွာ မိတ်ဖွဲ့နိုင်ပါသေးတယ်။ ခရီးသွားခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်မယ်ပေါ့။

အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့ အထက်က အကျိုးကျေးဇူးတွေအပြင် အခြားအကျိုးရလဒ်တွေလည်း အများကြီး ရနိုင်ပါသေးတယ်။ လမ်းလျှောက်တာနဲ့ ကားစီးတာမှာ ခရီးရောက်တာနဲ့ သက်သောင့်သက်သာဖြစ်တာ ကွာခြားသလိုပါပဲ။ ဘဝရဲ့ ရည်မှန်းချက်တွေဆီကို အမြန်ဆုံး အရောက်သွားနိုင်မယ့် လက်နက်ကိရိယာကောင်းတစ်ခုအဖြစ် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ထိထိရောက်ရောက်အသုံးချနိုင်ကြောင်းပါ။

အခုလိုမျိုး ဘဝအတွက် အထူးအရေးကြီး အင်္ဂလိပ်စာကို ထိထိရောက်ရောက် သင်ယူတော့မယ်လို့ ရည်ရွယ်ထားရင်တော့ Wall Street English က သင့်ကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ အရည်အချင်း ပြည့်ဝတဲ့ Native Speaker တွေ၊ Personal Coach တွေနဲ့ အနီးကပ်သင်ယူရမယ့်အပြင် နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်စာ ဒီပလိုမာ Wall Street English Diploma ကိုပါ ရရှိနိုင်မှာမို့ အင်္ဂလိပ်စာလေ့လာမှုမှာ တတ်ကျွမ်းမှုအတွက်ရော အသုံးဝင်မှုအတွက်ပါ အထူးအာမခံချက်ရှိစေမယ့် ဆုံးဖြတ်ချက်တစ်ခုအဖြစ် Wall Street English ကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။

WSE Hotline: 09 977 001 588

Close Menu