အင်္ဂလိပ်စာကျွမ်းကျင်မှု တိုးတက်လာစေနိုင်မယ့် နည်းလမ်းများ

အင်္ဂလိပ်စာကျွမ်းကျင်မှု တိုးတက်လာစေနိုင်မယ့် နည်းလမ်းများ

666 views

အင်္ဂလိပ်စာကျွမ်းကျင်မှု တိုးတက်လာစေနိုင်မယ့် နည်းလမ်းများ

အင်္ဂလိပ်စာဟာ လူတိုင်းလေ့လာထားသင့်တဲ့ဘာသာစကားတစ်ခုဖြစ်ပြီး အချိန်မရွေးသင်ယူနိုင်တဲ့ Language တစ်ခုလည်းဖြစ်ပါတယ်။ သို့ပေမယ့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာဖို့အတွက်ဆိုရင်တော့ စနစ်တကျ လေ့လာဖို့လိုသလို အချိန်အတိုင်းအတာတစ်ခုအထိတော့ လေ့ကျင့်သင်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကျွမ်းကျင်မှုကို အမြန်ဆုံးတိုးတက်လာအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

– အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး တတ်နိုင်သလောက်များများဖတ်ပေးပါ

အင်္ဂလိပ်စာနဲ့ရေးသားထားတဲ့ ဝတ္ထုစာအုပ်တွေ၊ သတင်းစာတွေကစပြီး ကိုယ့် Social Media မှာတွေ့ရတဲ့ အင်္ဂလိပ်လို Post တွေအထိ အလွတ်မပေးပဲ လိုက်ဖတ်ချင်းက ဝေါဟာရအသစ်တွေ အများကြီးကို သိရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ Wall Street English ရဲ့ သင်ကြားရေးနည်းစနစ်တွေထဲမှာလည်း သတင်းဆောင်းပါးတွေ၊ Article တွေကိုဖတ်ရှုစေပြီး Vocabulary ကိုတိုးတက်စေတဲ့ လေ့ကျင့်ခန်းတွေပါဝင်ပါတယ်။

– အသစ်သိရှိလာတဲ့ Vocabulary တွေကို Notes ထုတ်ထားပါ

Vocabulary အသစ်တွေကိုသိရှိလာတဲ့အခါတိုင်း စိတ်ထဲမှာပဲမှတ်ထားတာမျိုးမလုပ်ပဲ စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် ဖုန်းထဲက Note App ထဲမှာ မှတ်ထားခြင်းကလည်း တကယ်ကိုအကျိုးရှိစေတဲ့နည်းလမ်းတစ်ခုပါပဲ။ အခုလို မှတ်ထားခြင်းက Vocabulary တွေကိုမှတ်မိရတာပိုလွယ်စေပြီး စကားလုံးတစ်ခုတွေ့တိုင်း ဒါကဘာအဓိပ္ပာယ်လဲ ဆိုတာကို Dictionary ပြန်ကြည့်နေစရာမလိုတော့ဘူးပေါ့။

– အတတ်နိုင်ဆုံး အင်္ဂလိပ်လိုစကားပြောဖို့အခွင့်အရေးရှာပါ

ဘာသာစကားတစ်ခုကိုသင်ယူတဲ့ခါ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပြောဆိုဆက်သွယ်နိုင်ဖို့ကလည်း အထူးအရေးကြီးပါတယ်။ အင်္ဂလိပ်စာသင်ယူသူတိုင်း ဖြစ်နေကြအခက်အခဲတစ်ခုက ပြောလိုက်တာကိုတော့နားလည်ပါရဲ့ ဘယ်လိုပြန်ပြောရမလဲမသိဘူး ဆိုတာပါ။ ဒီလိုမျိုးမဖြစ်အောင်လုပ်နိုင်တာတစ်ခုက အင်္ဂလိပ်လိုစကားပြောဖို့ အခွင့်အရေးရတိုင်း တုံ့ဆိုင်းမနေဘဲ ဝင်ရောက်ပြောဆိုခြင်းပါ။ Wall Street English မှာဆိုရင်တော့ ကျောင်းသားဦးရေ အများဆုံး (၄) ယောက်သာပါဝင်ပြီး Foreigner ဆရာတစ်ဦးပါဝင်တဲ့ Encounter Class တွေမှာ အင်္ဂလိပ်လို လွတ်လပ်ပေါ့ပါးစွာ ပြောဆိုလေ့ကျင့်နိုင်ပါတယ်။

– သူငယ်ချင်းတွေနဲ့ပါ အင်္ဂလိပ်လိုပြောဖို့ကြိုးစားပါ

နေ့စဉ်တွေ့ဆုံနေရတဲ့ သူငယ်ချင်း၊ မိသားစုတွေထဲမှာ အင်္ဂလိပ်လိုလေ့ကျင့်စကားပြောပေးမယ့်သူ တစ်ယောက်လောက်ရှိခြင်းကလည်း အချိန်တိုအတွင်း အင်္ဂလိပ်စာတိုးတက်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ Wall Street English မှာတော့ ကိုယ်စိတ်ဝင်စားတဲ့ Topic တွေကို သင်တန်းသားသူငယ်ချင်းတွေနဲ့ အမြဲမပြတ် အင်္ဂလိပ်လို ဆွေးနွေးနိုင်မယ့် Social Class တွေရှိတာကြောင့် အင်္ဂလိပ်လိုစကားပြောဖို့ အဖော်မရှိမှာကို စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။

– သိလိုတဲ့မေးခွန်းမှန်သမျှကိုမေးပါ

စူးစမ်းလိုစိတ် (Curiosity) ရှိခြင်းကလည်း ဘာသာစကားကျွမ်းကျင်မှုကို အမြန်ဆုံးတိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။ အင်္ဂလိပ်စာလေ့လာတဲ့အချိန် ကြာလာတာနဲ့အမျှ မေးစရာမေးခွန်းတွေ၊ သိချင်တာတွေ ပိုပြီးများလာမှာအမှန်ပါ။ အဲ့လိုအခါမျိုးတွေမှာ ကိုယ်တိုင်အဖြေရှာဖို့ ကြိုးစားနိုင်သလို တတ်ကျွမ်းနားလည်သူတွေနဲ့ မေးမြန်းဆွေးနွေးတာကလည်း ပိုမိုမြန်ဆန်ထိရောက်စေမှာပါ။ Wall Street English မှာဆိုရင်တော့ အင်္ဂလိပ်စာ လေ့လာမှုနဲ့ ပတ်သက်တဲ့ အကူအညီတွေကို Personal English Coach တွေဆီကနေ ရယူနိုင်မယ့်အပြင် Certified Foreigner Teacher တွေကိုလည်း ကိုယ်သိချင်တာတွေ မေးမြန်းလို့ရနိုင်မှာပါ။

– လက်မလျှော့ပါနဲ့

တစ်ယောက်တည်း အင်္ဂလိပ်စာသင်ယူမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ လုပ်သလောက်ပြန်မရဘူးလို့ ထင်လာတာမျိုးတွေ၊ ပျင်းလာတာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလို အချိန်မျိုးတွေမှာ ရပ်တန့်လိုက်ဖို့ စဉ်းစားတာထက် တိုးတက်ခဲ့တဲ့ Progress တွေကို ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပြီး ဆက်လက်သင်ယူဖို့ ကြိုးစားသင့်ပါတယ်။ Wall Street English မှာတက်ရောက်သင်ယူမယ်ဆိုရင်တော့ မိမိရဲ့ တတ်မြောက်မှုအခြေအနေ (Progress) ကို အချိန်မရွေး Student Dashboard မှာဝင်ရောက်ကြည့်ရှုနိုင်သလို Motivation ဖြစ်အောင် ကူညီဖေးမပေးမယ့် Personal English Coach တွေ၊ Teacher တွေကလည်း သင့်အတွက် အမြဲရှိနေမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာကို ကိုယ်တိုင်ဖြစ်စေ၊ သင်တန်းတစ်ခုခုတက်၍ဖြစ်စေ၊ ဆရာတစ်ဦးဦးနဲ့ အနီးကပ် သင်ယူ၍ဖြစ်စေ နည်းမျိုးစုံနဲ့ သင်ယူနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲ လေ့လာလေ့လာ ရင်းနှီးလိုက်ရတဲ့ အချိန်၊ ငွေကြေးနဲ့ ထိုက်တန်တဲ့ ရလဒ်ရဖို့နဲ့ မျှော်မှန်းထားတဲ့ Target ကိုရောက်ရှိဖို့က အရေးအကြီးဆုံးပါပဲ။

ဒါကြောင်မို့ အင်္ဂလိပ်စာကို စနစ်တကျလေ့လာတော့မယ်ဆိုရင်တော့ မျှော်မှန်းတဲ့ ရလဒ်တွေ ရရှိဖို့၊ ထိရောက်မှုရှိဖို့၊ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ရရှိဖို့အတွက် အာမခံချက်ပေးနိုင်တဲ့ Wall Street English ကိုသာ ရွေးချယ်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Close Menu