A Global Network, Working Together

A Global Network, Working Together

201 views

လက်ရှိမှာ ကမ္ဘာအနှံ့က သင်တန်းသားပေါင်း ၁၀၀,၀၀၀ ကျော် တက်ရောက်သင်ကြားလျက်ရှိတဲ့ WSE Online English Course

လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး ကမ္ဘာ့နေရာ အများအပြားမှာ ကိုရိုနာဗိုင်းရပ်(စ်)နဲ့ ပတ်သက်ပြီး lockdown တွေ ပြုလုပ်လာခဲ့ကြရပါတယ်။ အဲ့ဒီအချိန်တွေထဲကစလို့ ကျွန်တော်တို့ Wall Street English အင်္ဂလိပ်စာ သင်တန်းကျောင်းဟာ lock down လုပ်ဆောင်နေတဲ့ နိုင်ငံတွေက ကျွန်တော်တို့ရဲ့ သင်တန်းသားတွေအတွက် အင်္ဂလိပ်စာသင်ကြားမှု ခရီးကို အဆင်ပြေပြေရှေ့ဆက်နိုင်စေမယ့် နည်းလမ်းတွေ၊ အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။


ကျွန်တော်တို့ရဲ့ အွန်လိုင်းအင်္ဂလိပ်စာသင်ကြားမှုစနစ် Online English Course (Digital Classroom) ကို အီတလီနိုင်ငံက သင်တန်းသားအချို့နဲ့ စတင် စမ်းသပ်ခဲ့ပါတယ်။ Coronavirus epidemic ကြောင့်လည်း အွန်လိုင်းအင်္ဂလိပ်စာသင်ကြားမှုစနစ်ကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဖို့ လိုအပ်လာခဲ့ပါတယ်။ Wall Street English အဖွဲ့သားတွေရဲ့ စွဲမြဲထက်သန်တဲ့ အားထုတ်မှုကြောင့် Online English Course ကို အလျင်အမြန်ပဲ တိုးချဲ့မိတ်ဆက်လာနိုင်ခဲ့ပြီး အခုဆိုရင်တော့ နိုင်ငံပေါင်း ၂၈ နိုင်ငံက Wall Street English သင်တန်းသားတစ်ဦးချင်းစီအနေနဲ့ အွန်လိုင်းကနေ ၁၀၀ ရာခိုင်နှုန်းသင်ကြားပေးတဲ့ Online English Course ကို သင်ယူနိုင်ကြပြီပဲဖြစ်ပါတယ်။


ပိုပြီးသိသာထင်ရှားတဲ့ အနေအထားနဲ့ ညွှန်းဆိုရရင်တော့ ကျွန်တော်တို့ရဲ့ Online English Course ကို ကမ္ဘာအနှံ့က သင်တန်းသားပေါင်း ၁၀၀,၀၀၀ ကျော်က လက်ရှိအချိန်မှာ တက်ရောက်သင်ကြားနေပြီး Wall Street English နဲ့အတူ အင်္ဂလိပ်စာလေ့လာသင်ယူမှုကို ၁၀၀ ရာခိုင်နှုန်း အွန်လိုင်းပေါ်ကနေပဲ လေ့လာသင်ယူနေကြပါပြီ။


ကျွန်တော်တို့ရဲ့ Wall Street English အင်္ဂလိပ်စာ သင်တန်းကျောင်းဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ ကောင်းမွန်တဲ့ရလဒ်တွေနဲ့အတူ ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ Global Network တစ်ခုလည်းဖြစ်ပါတယ်။ ခက်ခဲတဲ့ကာလတွေမှာ အချင်းချင်းကူညီဖေးမရင်းနဲ့ ဖြတ်ကျော်ခဲ့ကြတဲ့ အစဉ်အလာကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အခုလိုကာလမှာလည်း သင်တန်းသားတွေအနေနဲ့ အွန်လိုင်းကနေပဲ အင်္ဂလိပ်စာကို ဆက်လက်လေ့လာသင်ယူနိုင်ကြဖို့အတွက် ကျွန်တော်တို့အဖွဲ့သားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ အတူတကွကြိုးစားနေကြတာကို တွေ့မြင်ရလို့လည်း အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။


လိုအပ်တဲ့အချိန်တွေအတွက် ကျွန်တော်တို့ရဲ့ အားအင်တွေက အဆင်သင့်မွေးမြူထားကြပြီးဖြစ်သလို စည်းလုံးညီညွတ်မှုကြောင့်လည်း ကျွန်တော်တို့တွေဟာ ပိုပြီးတောင့်တင်းခိုင်မာလာကြပါတယ်။


အင်္ဂလိပ်စာတိုးတက်မှုနဲ့အတူ ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အသိုက်အမြုံထဲကို ဝင်ရောက်နိုင်ဖို့အတွက် နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ သင်တန်းကျောင်းခွဲပေါင်း ၄၅၀ ကျော်ဖွင့်လှစ်ထားတဲ့ Wall Street English က အင်္ဂလိပ်စာ လေ့လာလိုသူအားလုံးကို စောင့်ကြိုလျက်ရှိနေကြောင်းပါ။


WSE International မှ Author Joe Speck ရဲ့ “Wall Street English – A Global Network, Working Together” ဆောင်းပါးကို ဘာသာပြန်ဆို မှီငြမ်းပါသည်။

Close Menu