အွန်လိုင်းကနေ အင်္ဂလိပ်စာလေ့လာတဲ့အခါ အာရုံစူးစိုက်မှုရအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းများ

အွန်လိုင်းကနေ အင်္ဂလိပ်စာလေ့လာတဲ့အခါ အာရုံစူးစိုက်မှုရအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းများ

797 views

အင်္ဂလိပ်စာ လေ့လာတဲ့အခါမှာ စိတ်မပျံ့လွင့်ဖို့နဲ့ အာရုံစူးစိုက်မှုရရှိနေဖို့က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိရှိပြီးသားပါ။ စိတ်ကလေး လွတ်သွားမျိုး၊ တခြားတစ်ခုခုကို တွေးနေမိတာမျိုး ဖြစ်ပြီဆိုတာနဲ့ လေ့လာတဲ့ အရှိန်က ပြတ်တောက်သွားပါတော့တယ်။ အွန်လိုင်းကနေ လေ့လာတဲ့အခါမှာတော့ screen ကို ကြည့်နေရတာဖြစ်လို့ အာရုံပျံ့လွင့်ဖို့ ပိုပြီး လွယ်ကူနေသလိုပါပဲ။ ဒါကြောင့်မို့ အင်္ဂလိပ်စာကို အွန်လိုင်းကနေ သင်ယူတဲ့အခါ အာရုံစူးစိုက်မှုရအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင်ခန်းစာထဲက အကြောင်းအရာတွေအပေါ် စိတ်ဝင်တစားနဲ့ ကိုယ်တိုင်ပါဝင်ခံစားကြည့်ပါ။ 

၂။ မိမိရဲ့ တိုးတက်မှုကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် စီစဉ်ထားပါ။ တိုးတက်မှုကို အလွယ်တကူ မတွေ့ရတဲ့အခါမှာ ပန်းတိုင်နဲ့ တဖြည်းဖြည်း နီးလာပြီဆိုတဲ့ ခံစားမှုကို မရနိုင်သလို စိတ်အားထက်သန်မှုလည်း လျော့ကျလာနိုင်ပါတယ်။

၃။ ကိုယ်ရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့် (English Level) နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေကို လေ့လာပါ။ သိပ်ခက်လွန်းတဲ့အခါ မကြာခင်မှာ လက်လျှော့သွားတတ်ပြီး သိပ်လွယ်လွန်းနေရင်တော့ ပျင်းသွားတတ်ပါတယ်။

၄။ စာသား၊ အသံ၊ အမူအယာ တစ်ခုခုကိုသုံးပြီး အပြန်အလှန်ဆက်သွယ်ပါ။ Screen ကိုပဲ ထိုင်ကြည့်နေတာထက်စာရင် ကိုယ်တိုင်လိုက်ပြီး ပြောကြည့်၊ အသံထွက်ကြည့်တာမျိုးကို ဆိုလိုတာပါ။

၅။ အွန်လိုင်းကဖြစ်ပေမယ့် သင်ပေးတဲ့ ဆရာနဲ့ရော အခြား အတန်းဖော်တွေနဲ့ပါ အပြန်အလှန် စကားပြောကြည့်ပါ။ ဒီလိုမှသာ အပြင် စာသင်ခန်းမှာ သင်တဲ့ ခံစားချက်ကို ပြန်လည်ရရှိပြီး အာရုံပိုပြီး ဝင်စားနိုင်မှာ ဖြစ်ပါတယ်။

၆။ ဝေဖန် အကြံပြုချက်တွေ၊ feedback တွေကို ရယူပါ။ feedback နဲ့ interaction မရှိတဲ့အခါ  တိုးတက်မှုလည်း မတွေ့ရ၊ လိုအပ်ချက်တွေကို အကြံပြုပေးသူလည်း မရှိတာမို့ တစ်ဦးထဲ သင်နေရသလိုဖြစ်ပြီး လမ်းတွေ ပျောက်နေတတ်ပါတယ်။

၇။ အားပေးမှုတွေ၊ တိုက်တွန်းမှုတွေကိုပါ ရယူပါ။ မိမိရဲ့ လေ့လာမှုအခြေအနေ၊ တတ်မြောက်မှု စတာတွေကို အသေးစိတ် ဂရုစိုက်ပေးမယ့်သူတွေ ရှိနေပါစေ။

၈။  မသိတာ မရှင်းတာတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးမယ့်သူတွေ၊ ကူညီဖေးမပေးမယ့်သူတွေက မိမိ လက်တစ်ကမ်းမှာ ရှိနေပါစေ။ အနားမှာ မရှိလည်း အွန်လိုင်းကဖြစ်စေ၊ ဖုန်းနဲ့ပဲ ဖြစ်စေ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မိမိလိုအပ်တဲ့အခါ ကူညီပေးနိုင်မယ့် သူတွေကို ဆိုလိုပါတယ်။

အခုလို အာရုံစူးစိုက်နိုင်မှုအတွက် အရေးပါတဲ့ အချက် (၈) ချက်ကို ဖြည့်ဆည်းပေးဖို့ Wall Street English ရဲ့ အွန်လိုင်းသင်ကြားမှုစနစ် (Online Learning System) မှာ အောက်ပါ အားသာချက်တွေကို ထည့်သွင်းပေးထားပါတယ်။

၁။ စိတ်ဝင်စားဖို့ကောင်းသလို နေ့စဉ်ဘဝလှုပ်ရှားမှုပုံစံတွေ၊ ပြင်ပဗဟုသုတတွေလည်း အများကြီးပါဝင်တဲ့ ဟာသအခြေခံ ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ပြီး သင်ခန်းစာတွေကို လေ့လာရတာဖြစ်လို့ ဇာတ်လမ်းလေးထဲမှာ အလိုက်သင့် စီးမျောရင်း အင်္ဂလိပ်စာပါ ကျွမ်းကျင်သွားမှာ အသေအချာပါ။ 

၂။ မိမိလိုချင်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုပန်းတိုင် (လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့အထိ ကျွမ်းကျင်ဖို့၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စသဖြင့်) ကို ပညာရေးအတိုင်ပင်ခံတွေနဲ့ အရင်ဆွေးနွေးပြီးမှ အွန်လိုင်းသင်ကြားမှုကို စတင်ပေးတာဖြစ်ပါတယ်။ ဒီတော့ ကိုယ်ရောက်ရမယ့် English Level ကို သတ်မှတ်ပေးပြီးသား ဖြစ်သလို သင်ခန်းစာတွေ ပြီးဆုံးမှုအလိုက် ကိုယ့်ရဲ့ ပန်းတိုင်နဲ့ ဘယ်လောက်အထိ နီးလာနေပြီဆိုတာကို စိတ်အားတက်ဖွယ် တွေ့မြင်နေရမှာပါ။

၃။ လက်ရှိ English Level ကို သိရအောင် အရင်ဆုံး Level Test စစ်ပြီးမှ ကိုယ်ရောက်နေတဲ့ English Level ကနေ စပြီးသင်ယူရတာဖြစ်ပါတယ်။ ကိုယ့် Level နဲ့ ကွက်တိကျတဲ့ သင်ခန်းစာတွေဆိုတော့ လွယ်လို့ ပျင်းသွားတာ၊ ခက်လို့ လက်လျှော့သွားတာတွေ မရှိနိုင်တော့ပါဘူး။

၄။ အွန်လိုင်းသင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေဆိုပေမယ့် ပျင်းစရာကောင်းတဲ့ သမားရိုးကျ ကွက်လပ်တွေ၊ Matching တွေ၊ Multiple Choice တွေချည်းပဲ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကူးအတိုင်း လွတ်လွတ်လပ်လပ် ပါဝင်ရေးသားရတဲ့ လေ့ကျင့်ခန်းတွေ၊ microphone ကနေ ကိုယ်တိုင် စကားလိုက်ပြောရတဲ့ သင်ခန်းစာတွေပါ ပါဝင်ပြီး အသံထွက် မှန် မမှန်ကိုတောင် စစ်ဆေးပေးပါသေးတယ်။ တကယ်ကိုပဲ ကိုယ်တိုင်လိုက်လုပ်ရတဲ့ Interative Lesson တွေပါ။

၅။ တကယ့် Native Speaker ဆရာတွေ၊ အခြား အတန်းဖော်တွေနဲ့ (face-to-face) အနေနဲ့ မျက်နှာချင်းဆိုင် Live သင်ယူရတဲ့ အတန်းတွေလည်း ပါဝင်ပါသေးတယ်။ အပြင် စာသင်ခန်းထဲမှာ ဝိုင်းဖွဲ့ပြီး စာသင်ရတဲ့ အရသာမျိုးကိုလည်း ရရှိနိုင်မှာပါ။

၆။ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေရဲ့ ပြီးမြောက်မှု Progress နဲ့ ဖြေထားတဲ့အဖြေတွေ မှန် မမှန် ဆိုတဲ့ feedback တွေကို အမြဲမပြတ် မိမိကိုယ်တိုင်ပဲ ဝင်ကြည့်နိုင်ပါတယ်။ 

၇။ Wall Street English ရဲ့ အရည်အချင်းမြင့်မားတဲ့ Native Speaker ဆရာတွေ၊ နည်းပြ (coach) တွေက သင့်ကို အချိန်နဲ့အမျှ ဂရုစိုက်ပြီး အားပေးကူညီနေမှာ ဖြစ်ပါတယ်။ Wall Street English ဆိုတာ နွေးထွေးတဲ့ မိသားစု အဝန်းအဝိုင်းလေး တစ်ခုလို့ ခံစားရမှာပါ။

၈။ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကိုလည်း Native Speaker ဆရာတွေ၊ တစ်ဦးချင်းဂရုစိုက်ပေးမယ့် Personal Coach တွေက အချိန်နဲ့တပြေးညီ ကူညီဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အလုပ်တွေများလို့ပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲ အချိန်ကြာကြာ ပိုရှိနေဖြစ်လို့ပဲ ဖြစ်ဖြစ် အင်္ဂလိပ်စာကို အွန်လိုင်းကနေလေ့လာသင်ယူတော့မယ် ဆိုရင်တော့ Wall Street English ကို ရွေးချယ်ခြင်းက 100% မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ အာမခံချက်ပေးလိုက်ပါရစေ။

(WSE International မှ  How to Stay Focused When Learning English Online ဆောင်းပါးကို ဘာသာပြန်ဆို မှီငြမ်းပါသည်)

Close Menu