ပညာရေးနဲ့ အလုပ်အကိုင်အတွက် ၂၀၂၁ မှာ ပိုပြီး အရေးပါလာမယ့် အင်္ဂလိပ်စာကျွမ်းကျင်မှု 

ပညာရေးနဲ့ အလုပ်အကိုင်အတွက် ၂၀၂၁ မှာ ပိုပြီး အရေးပါလာမယ့် အင်္ဂလိပ်စာကျွမ်းကျင်မှု 

706 views

လာမယ့်နှစ်သစ် ၂၀၂၁ ကလည်း နီးကပ်နေပြီဆိုတော့ အားလုံးလည်း ကြိုတင်ရင်ခုန်နေကြပြီပေါ့။ အနည်းနဲ့အများ ခက်ခဲခဲ့ကြတဲ့ ၂၀၂၀ ကိုကျော်လွန်အပြီးမှာတော့ အရှိန်အဟုန်နဲ့ ပြန်လည် လည်ပတ်ကြဖို့အတွက် ကဏ္ဍအသီးသီးက အခုအချိန်မှာ စတင်အားယူနေကြပါတယ်။

 ၂၀၂၁ မှာ ပြန်လည် တိုးတက်လာမယ့် အခွင့်အလမ်းကောင်းတွေနဲ့အတူ တွဲပါလာမယ့် စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကလည်း ခါတိုင်းထက် ပိုလို့တောင် အရေးကြီးနေပါတယ်။

ပညာရေးမှာ အင်္ဂလိပ်စာကို ပိုပြီးလိုအပ်လာမယ်

လာမယ့် ၂၀၂၁ မှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ အထိုက်အလျောက် ပြန်ဖွင့်လာနိုင်ချေ ရှိသလို အွန်လိုင်းသင်ကြားမှုကလည်း အရေးပါတဲ့ နည်းလမ်းတစ်ခုအဖြစ် ဆက်ပြီးရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပညာသင်ကြားမှုမှာ အွန်လိုင်းနဲ့ အပြင်မှာတက်ရောက်တဲ့ လူဦးရေ ၂ မျိုးပေါင်းစပ်ပြီး ၂၀၂၀ ထက် ပိုမိုများပြားလာနိုင်ပါတယ်။ 

ပညာသင်ကြားသူများပြားလာမှုနဲ့အတူ သက်ဆိုင်ရာ ကျွမ်းကျင်မှု Certificate တွေ၊ Qualification တွေ ရရှိသူတွေလည်း ပိုတိုးပွားလာမှာဖြစ်လို့ အများထက် ရှေ့ရောက်နေဖို့နဲ့ ပညာရေးနောက်ပိုင်းမှာ ဆက်သွားမယ့် အလုပ်အကိုင် ရှာဖွေမှုအတွက်ပါ ထပ်ဆောင်း အားသာချက်တစ်ခုအဖြစ် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို အရေးတကြီး လိုအပ်လာပါတယ်။ ဒါကြောင့် ပညာရေးပိုင်းမှာ အင်္ဂလိပ်စာကို တွဲဖက်လေ့လာထားနိုင်မှ အဆင်ပိုပြေမယ့် အလားအလာ ရှိနေပါတယ်။

အသက်မွေးဝမ်းကြောင်းပညာရပ်တွေ လေ့လာတဲ့အခါမှာ အင်္ဂလိပ်စာက ပိုပြီး အရေးပါလာမယ်

အထက်ကပြောသလိုပဲ ပညာရေး (Academic) ပိုင်းမှာရော အသက်မွေးဝမ်းကြောင်း (Vocational) ပိုင်းမှာပါ အွန်လိုင်းလေ့လာမှုက ရွေးချယ်စရာတစ်ခုအဖြစ် ဆက်ရှိနေမှာဖြစ်လို့ နိုင်ငံတကာက edx.org ၊ udemy.com ၊ skillshare.com ၊ coursea.org တို့လို Online Learning Platform တွေက သင်ကြားပေးတဲ့ ဆရာတွေရဲ့ Strength နဲ့ Course တွေရဲ့ထိရောက်မှုတွေကြောင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို လေ့လာလိုသူတွေအတွက်ရော၊ လက်ရှိ ပညာရပ် ကျွမ်းကျင်မှုတွေ အဆင့်မြှင့်တင်လိုသူ Career Development သမားတွေအတွက်ပါ နံပါတ် (၁) ရွေးချယ်စရာ ဖြစ်လာနေဦးမှာပါ။ 

၎င်း Online Learning Platform တွေအားလုံးလိုလိုက အင်္ဂလိပ်လိုသာ သင်ကြားပေးကြတာ ဖြစ်လို့ အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့ Vocational ပိုင်းနဲ့ Career Development အပိုင်းမှာ သာမန်ထက်ပိုပြီး တိုးတက်မှုတွေ ရရှိနိုင်မှာ အသေအချာပါပဲ။

အလုပ်အကိုင်ရရှိရေး၊ ရာထူးလစာ တိုးမြင့်ရေးမှာ အင်္ဂလိပ်စာက အဆုံးအဖြတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

စီးပွားရေးအရ အခက်အခဲတွေ တွေ့ကြုံခဲ့ရတဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ လုပ်ငန်းတွေ အတော်များများ အနေနဲ့ မလွှဲမရှောင်သာပဲ ဝန်ထမ်းအတော်များများကို လျှော့ချတာတွေ အနားပေးတာတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။ အခုလာမယ့် ၂၀၂၁ မှာတော့ လုပ်ငန်းအများစုဟာ လက်လွတ်ခဲ့ရတဲ့ ဈေးကွက်တွေ၊ Customer တွေကို ပြန်လည်ရရှိဖို့နဲ့ အများထက် ရှေ့ကနေ အမြန်ဆုံး ပြန်လည် ထူထောင်လည်ပတ်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားကြမှာဖြစ်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ အများအပြား ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒီလိုပဲ ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်တွေနဲ့အတူ တွဲပါလာမယ့် အချက်တစ်ခုက အင်္ဂလိပ်စာ ကျွမ်းကျင်မှု လိုအပ်ချက်ပါ။ 

Employees တွေအနေနဲ့လည်း အလုပ်အကိုင် ရရှိရေးမှာ ယခင်အချိန်တွေထက် ပိုများတဲ့ ပြိုင်ဆိုင်မှုတွေ ကြုံတွေ့လာရနိုင်သလို Employers တွေကလည်း ရွေးချယ်ခွင့်တွေ ပိုရရှိလာတဲ့အတွက် မိမိတို့ လုပ်ငန်းလိုအပ်ချက်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးလို့ ယူဆရသူတွေကိုသာ ပိုမို ဦးစားပေးလာဖွယ်ရှိပါတယ်။ ဒါကြောင့်မို့ အလုပ်ရှာဖွေသူ Candidates တွေမှာ လုပ်ငန်းကျွမ်းကျင်မှု၊ ဘွဲ့ ၊ လက်မှတ်၊ Qualification တွေ ရရှိထားမှု၊ လုင်ငန်းအတွေ့အကြုံ စတာတွေ တူညီနေတဲ့အခါ ရွေးချယ်စရာ အဆုံးအဖြတ်တစ်ခုအဖြစ် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ပိုပြီးအာရုံစိုက်လာဖို့ ရှိနေပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ ၂၀၂၁ မှာ အလုပ်အကိုင်ရှာဖွေသူတွေ၊ ပိုကောင်းတဲ့ အလုပ်ကို ပြောင်းလိုသူတွေအတွက်လည်း ပိုပြီး အရေးကြီးလာနေပါတယ်။

လာမယ့် ၂၀၂၁ ကို ခြုံငုံသုံးသပ်ကြည့်ရင်တော့ ၂၀၂၀ ထက်အများကြီး အခွင့်အလမ်းကောင်းတွေ ရရှိလာဖို့ ရှိတာကြောင့် မိမိအတွက် အကောင်းဆုံး Chance တွေ လက်လွတ်မသွားဖို့အတွက် အင်္ဂလိပ်စာကို အမြန်ဆုံး လေ့လာထားသင့်ပါတယ်။ အနှစ်ချုပ်ပြောရရင်တော့ ၂၀၂၁ ဟာ အင်္ဂလိပ်စာ ကျွမ်းကျင်သူတွေအတွက် တံခါးဖွင့်ထားတဲ့ နှစ်သစ်တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ 

ဒါကြောင့်မို့ အင်္ဂလိပ်စာကို Qualification ပိုင်းအရ နိုင်ငံတကာအသိအမှတ်ပြု Wall Street English Diploma ကို ရရှိနိုင်မှာဖြစ်သလို ကျွမ်းကျင်မှုပိုင်းမှာလည်း အရည်အချင်းပြည့်ဝတဲ့ လက်မှတ်ရ Native Teacher တွေနဲ့ လေ့လာသင်ယူနိုင်မှာဖြစ်ပြီး တစ်ဦးချင်းစီ အသေးစိတ် ဂရုစိုက်ပေးမယ့် Personal Coach တွေပါ စီစဉ်ပေးထားတာကြောင့် အင်္ဂလိပ်စာ လိုအပ်ချက်အတွက် အကောင်းဆုံးလေ့ကျင့် အားဖြည့်ပေးနိုင်မယ့် Wall Street English ကိုသာ ပညာရေး၊ အလုပ်အကိုင်နဲ့ ဘဝတိုးတက်မှုအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။

WSE Hotline: 09 977 001 588

Close Menu