အင်္ဂလိပ်စာ လေ့လာဖို့အတွက် Wall Street English ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?

အင်္ဂလိပ်စာ လေ့လာဖို့အတွက် Wall Street English ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?

1676 views

အင်္ဂလိပ်စာ လေ့လာဖို့အတွက် Wall Street English ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?

အချိန်နဲ့ ငွေကြေးကို နေရာတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါတိုင်း မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာလေ့လာဖို့ အကောင်းဆုံးနည်းလမ်းတွေကို ရွေးချယ်တဲ့အခါ ကိုယ့်အတွက်အသင့်တော်ဆုံးကို စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ဒီနေ့မှာတော့ Wall Street English က ဘာကြောင့် အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။

✅ သင်တန်းသား တစ်ဦးချင်းစီအတွက် အဆင်ပြေအောင် စီစဉ်ပေးထားခြင်း

အင်္ဂလိပ်စာကို ဘယ်အချိန်မှာလေ့လာနိုင်မယ်နဲ့ လေ့လာဖို့အတွက် အချိန်ဘယ်လောက်ပေးနိုင်သလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ်ချိန်မတူနိုင်သလို မိသားစုဘဝတွေကလည်း ကွဲပြားနေမှာပါ။

Wall Street English မှာတော့ ဒီလိုအပ်ချက်တွေကိုနားလည်ပေးပြီး တစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး Course တွေကို စီစဉ်ပေးသွားမှာပါ။ အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နည်းလမ်းနဲ့ သင်ယူနိုင်အောင် အကောင်းဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်။

✅အကောင်းဆုံး ကူညီပံ့ပိုးပေးခြင်း

ဘာသာစကားတစ်ခုကို တစ်ယောက်တည်း လေ့လာတဲ့အခါ ဘယ်လောက်သင်ယူတတ်မြောက်သွားကြောင်းကို ပြောပြပေးနေမယ့်သူ မရှိတာကြောင့် ခဏလေးနဲ့ သင်ယူချင်စိတ်ကုန်ဆုံးသွားတတ်ပါတယ်။

Wall Street English သင်တန်းသားဖြစ်ပြီဆိုရင်တော့ ပညာရေးအတိုင်ပင်ခံတွေ၊ နိုင်ငံတကာအဆင့်မီ ဆရာ၊ ဆရာမတွေနဲ့ Personal Coach တွေက အစကနေအဆုံးထိ တောက်လျှောက် ကူညီပေးသွားမှာပဲဖြစ်ပါတယ်။ ပညာရေးအတိုင်ပင်ခံတွေက အင်္ဂလိပ်စာကိုဘာကြောင့်သင်ယူတယ်၊ လိုအပ်ချက်အပေါ်မူတည်ပြီး ဘယ် Level အထိသင်ယူသင့်တယ်နဲ့ အချိန်ဘယ်လောက်အတွင်းမှာ သင်ယူသင့်တယ် စတာတွေကို ကူညီပြောပြပေးသွားမှာပါ။ Personal Coach တွေကတော့ သင်တန်းတက်နေစဉ်အတွင်းမှာ သင်ခန်းစာတွေနဲ့ပတ်သက်ပြီး လိုအပ်တာတွေအကုန်လုံးကို ကူညီပေးသွားမှာပါ။ အင်္ဂလိပ်စာ သင်ကြားရေးလက်မှတ်ရ Certified Foreigner Teacher တွေကလည်း ဘာသာစကားအသစ်တစ်ခုကို အကျွမ်းကျင်ဆုံး နားလည်တတ်မြောက်နိုင်အောင် သင်ကြားပေးသွားကြမှာပါ။

✅ မှတ်ကျောက်တင်ထားပြီးသော သင်တန်းဖြစ်ခြင်း

ပထမဆုံး Wall Street English Center ကို 1972 မှာစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ Wall Street English ကျောင်းခွဲတွေမှာ အသုံးပြုနေတဲ့ သင်ကြားရေးနည်းလမ်းနဲ့ သင်ကြားရေးပုံစံတွေကိုပဲ အခြေခံခဲ့ပါတယ်။

ခေတ်အလိုက် တိုးတက်လာတဲ့ နည်းပညာနဲ့အတူ Wall Street English ရဲ့ သင်ကြားရေးနည်းစနစ်ကိုလည်း အဆင့်ဆင့် တိုးတက်အောင်မြင်အောင် ကြံဆောင်လာခဲ့ပါတယ်။ 1972 ကတည်းကစတင်ပြီး ကမ္ဘာတဝန်းက သင်တန်းသားပေါင်း (၃) သန်းအထိကို အောင်မြင်စွာ သင်ကြားနိုင်ခဲ့ခြင်းက Wall Street English ရဲ့ သင်ကြားမှုနည်းစနစ် တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးပါပြီ။

✅ စိတ်ဝင်စားဖို့ကောင်းတဲ့သင်ခန်းစာများဖြစ်ခြင်း

Wall Street English ရဲ့ အဓိကသင်ရိုးဟာ New York မှာနေထိုင်တဲ့ နိုင်ငံစုံက ဇာတ်ဆောင်တွေရဲ့ Personal နဲ့ Professional ဘဝတို့ကိုရိုက်ပြထားတဲ့ English TV Series ဖြစ်တာကြောင့် သူတို့ရဲ့ နေ့စဉ်အသုံးအနှုန်းနဲ့ အလုပ်ခွင်မှာသုံးတဲ့ အသုံးအနှုန်း၊ ဝေါဟာရ၊ လေယူလေသိမ်းမျိုးစုံကို လေ့လာသင်ယူနိုင်မှာပါ။

Video တွေကိုကြည့်ပြီးတဲ့အခါမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမယ့် Online Interactive Lesson တွေနဲ့ အင်္ဂလိပ်စာ လေ့လာရမှာပါ။ ပြီးတဲ့အခါ Digital Workbook ထဲမှာရှိတဲ့ လေ့ကျင့်ခန်းတွေကို ပြီးအောင်လုပ်ဆောင်ပြီး ဆက်လေ့ကျင့်လို့ရနိုင်ပါတယ်။ အပတ်စဉ် ပြုလုပ်ပေးနေတဲ့ Social Class တွေမှာပါဝင်ပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်နိုင်တဲ့ အခွင့်အရေးလည်းရှိပါသေးတယ်။ အင်္ဂလိပ်စာကို ပေါ့ပေါ့ပါးပါး လေ့လာသင်ယူရတဲ့ အတွေ့အကြုံကိုရရှိနိုင်အောင် Wall Street English က ဖန်တီးပေးသွားမှာပဲဖြစ်ပါတယ်။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ဒါကြောင့် ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးပါဆုံးဖြစ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို အာမခံချက်ပေးနိုင်တဲ့အပြင် အကောင်းဆုံး သင်ယူမှုအတွေ့အကြုံတွေကို ပေးနိုင်မယ့် Wall Street English ဟာ လူကြီးလူငယ်မရွေး သင့်တော်တဲ့ ကမ္ဘာ့အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုပါ။

အောက်တိုဘာလအတွင်း Wall Street English မှာအပ်နှံသွားတဲ့သူတိုင်းအတွက် Scholarship Discount အနေနဲ့ (၇) သိန်းအထိ သင်တန်းကြေးသက်သာခွင့် ပေးအပ်သွားမှာ ဖြစ်တာကြောင့် အခွင့်အရေးကောင်းလေး လက်မလွတ်ရအောင် အခုပဲလာရောက်အပ်နှံလိုက်တော့နော်။

Wall Street English Hotline: 09 977 001 588

Close Menu