အိမ်ထဲကနေပဲ ကမ္ဘာအနှံ့ခရီးထွက်နိုင်မယ့် နည်းလမ်းတစ်ခု

အိမ်ထဲကနေပဲ ကမ္ဘာအနှံ့ခရီးထွက်နိုင်မယ့် နည်းလမ်းတစ်ခု

303 views

တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ခရီးတွေသွားပြီး မတူညီတဲ့ ရေမြေတောတောင်တွေ၊ ယဉ်ကျေးမှုတွေကို ထိတွေ့မြည်းစမ်းရတဲ့ ခရီးသွားခြင်းရဲ့ အရသာကို လွမ်းနေရပြီလား?

လူအများအနေနဲ့ အင်္ဂလိပ်စာလေ့လာကြတဲ့ အကြောင်းရင်းတွေထဲမှာ ကမ္ဘာ့ နိုင်ငံအနှံ့အပြားကို အဆင်ပြေပြေ ခရီးသွားလာနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ထိပ်ဆုံးကပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့အခါ နိုင်ငံအတော်များများကို ကိုယ့်အားကိုယ်ကိုးပြီး တစ်ကိုယ်ထဲပဲဖြစ်စေ၊ မိသားစုနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ရှေ့ကနေ ဦးဆောင်ပြီးတော့ပဲဖြစ်စေ ယုံကြည်မှုအပြည့်နဲ့ သွားလာနိုင်ပါတယ်။ 

လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ခရီးသွားဖို့ အဆင်မပြေသေးပေမယ့် ခရီးသွားဝါသနာအိုးတွေအတွက် အင်္ဂလိပ်စာလေ့လာရင်း ကမ္ဘာအနှံ့က လူတွေရဲ့ ဓလေ့ထုံးစံတွေ၊ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ၊ ယဉ်ကျေးမှုတွေကို ထိတွေ့ခွင့်ရမယ့် နည်းလမ်းလေးတစ်ခုတော့ ကျန်ပါသေးတယ်။ 

ဒါကတော့ ကျွန်တော်တို့ Wall Street English က ဖန်တီးပေးထားတဲ့ Say Hello ဆိုတဲ့ free app လေးကို အသုံးပြုခြင်းပါပဲ။ Wall Street English အနေနဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံ၊ စင်တာပေါင်း ၄၅၀ ကျော်အထိ ဖွင့်လှစ်ပြီး အင်္ဂလိပ်စာကို ကမ္ဘာအနှံ့ ဖြန့်ကျက်သင်ကြားပေးလျက် ရှိတာမို့ ကျွန်တော်တို့ရဲ့ Say Hello app လေးထဲမှာ သင့်အနေနဲ့ တစ်ကမ္ဘာလုံးက အင်္ဂလိပ်စာလေ့လာသူတွေ၊ ဆရာတွေနဲ့ တွေ့ဆုံ စကားပြောနိုင်သလို Grammar နဲ့ Vocabulary ဆိုင်ရာ အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေကိုလည်း အခမဲ့ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ 

လေ့ကျင့်ခန်းတွေကလည်း ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ရိုးရာ အစားအစာ စသဖြင့် နေ့စဉ်ဘဝနဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို အခြေခံထားတာမို့ app လေးကို ဝင်ရောက်သုံးစွဲသူတွေရဲ့ ဒေသအသီးသီးက ဓလေ့၊ ရိုးရာတွေ၊ လည်ပတ်စရာနေရာတွေကို လေ့လာသိရှိနိုင်ပြီး app လေးထဲကနေ ကမ္ဘာအနှံ့ကို ခရီးထွက်ရသလို ခံစားရစေမှာ အသေအချာပါပဲ။

ဥပမာအနေနဲ့ ပြောရရင်တော့ 

app လေးထဲကို အခမဲ့ အကောင့်တစ်ခုလုပ်ပြီး ဝင်ရောက်သုံးစွဲတဲ့အခါ လေ့ကျင့်ခန်းတွေထဲက “Around the World” ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးလိုက်တယ်ဆိုပါစို့။

Around the world ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ 

“What do people in your country celebrate?” 

“What’s a famous place or thing in your country?” 

စတဲ့ မေးခွန်းမျိုးတွေကို တွေ့ရမှာဖြစ်ပါတယ်။ လေ့ကျင့်ရမယ့် အင်္ဂလိပ်အသုံးအနှုန်းကို နမူဖြေဆိုပေးထားပြီး အောက်မှာတော့ သင့်ရဲ့ နိုင်ငံ၊ လူမျိုး၊ ဒေသနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဓာတ်ပုံ၊ အသံဖိုင်၊ စာသားတွေနဲ့ ဝင်ရောက်ဖြေဆိုသွားနိုင်ပါတယ်။ Facebook တို့ Instagram တို့လို ဆိုရှယ်မီဒီယာတွေကို သုံးရသလိုပါပဲ။ အင်္ဂလိပ်လေ့လာရင်း တစ်နေရာထဲမှာ ဒေသမျိုးစုံ လူမျိုးပေါင်းစုံရဲ့ ဒေသန္တရ ဗဟုသုတတွေကို တစ်စုတစ်စည်းထဲ ထိတွေ့ခံစားနိုင်ပါတယ်။ အခုလို အချိန်အများစုကို အိမ်ထဲမှာပဲ ကုန်ဆုံးနေရတဲ့ အခြေအနေမှာ ကမ္ဘာအနှံ့က လူအများနဲ့ ထိတွေ့ဆက်ဆံခွင့်ရရှိနေတာက တကယ်ကို နွေးထွေးစရာပါပဲ။

ဒါကြောင့်မို့ အင်္ဂလိပ်စာလေ့လာရင်း အိမ်ထဲကနေပဲ ကမ္ဘာတစ်ပတ် ခရီးထွက်ချင်ရင်တော့ WSE ရဲ့ free app လေးဖြစ်တဲ့ Say Hello ကိုသာ အခုပဲ download ရယူပြီး သုံးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Say Hello app ကို Google Play Store နဲ့ Apple Store တို့မှာ အခမဲ့ download ရယူနိုင်ပါတယ်။

Google Play Store Link:

https://play.google.com/store/apps/details?id=com.wallstreetenglish.sayhello&hl=en

Apple Store Link:

https://apps.apple.com/us/app/say-hello-learn-english/id1235041911

(WSE International  ရဲ့ Say Hello to Travelling the World from Home ကို ဘာသာပြန်ဆို မှီငြမ်းပါသည်။)

Close Menu